Gtalk မှ သီချင်းလေးတွေ ဖွင့်ပြကြမယ် ..
(For Windows'7)
ကိုယ်သုံးနေတဲ့ Gtalk ကို ချက်တင်အတွက်သာမကပဲ သီချင်းလေးတွေပါ မဖွင့်ပြချင်ကြဘူးလား .. ။ စကားလုံးတွေထက် သီချင်းလေးတွေက ရင်ထဲအထိကို ထိရောက်စေတယ်နော် .. ။ ကဲ ပြောပြမယ်လေ .. နော် ။
For Windows'7
Windows ရဲ့ ညာဘက်အောက်က (Notification area) မှာ Speaker ပုံလေးနဲ့ အသံအတိုးအကျယ် လုပ်တဲ့နေရာလေးမှာ Right Click နှိပ်၊ Recording Devices ကို သွားပါ .. ။ ပေါ်လာတဲ့ box ထဲက လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး Show Disabled Devices ဘေးနားမှာ Enable အမှန်ခြစ်လေး ပေးလိုက်ပါ .. ။ ပြီးတာနဲ့ Disabled လုပ်ထားတဲ့ Devices လေးတွေ ပေါ်လာပါလိမ့်မယ် .. ။ ပေါ်လာတဲ့ Devices တွေထဲကနေမှ Stereo Mix ကို Right Click နှိပ်ပြီး Enable ပေးလိုက်မယ်ဆိုရင် မှိန်နေရာကနေ လင်းလာပါလိမ့်မယ် .. ။ သူ့ဘေးနားမှာ အစိမ်းရောင်အမှန်ခြစ်ကလေး ပေါ်လာပါလိမ့်မယ် .. ။ ဒါဆို ပြင်ဆင်တာ ပြီးပါပြီ .. ။
Gtalk ကို ၀င်ပြီး ဖွင့်ပြချင်တဲ့ သူကို သီချင်းဖွင့်ပြမယ် .. ။ ဖုန်းခေါ်လိုက်မယ် answer လုပ်လိုက်ပေါ့ .. လို့ ပြောပါ .. ။ သူ့ဘက်က answer လုပ်လိုက်လို့ လိုင်းမိပြီဆိုတာနဲ့ (အတုံးပြည့်ရင် ပိုကောင်းပါလိမ့်မယ် .. ) ကိုယ့်ဘက်က ဖွင့်ချင်တဲ့ သီချင်းဖွင့်ပြလိုက်ပေတော့ .. ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် .. ။
မရတာကတော့ Motherboard မှာပါတဲ့ sound နဲ့ ဆိုင်မယ်လို့ ထင်ပါတယ် .. ။
Windows'7 မှာတော့ ဒီ Feature က ပါပြီးသားပါ .. ။
အဆင်ပြေကြပါစေရှင် .. ။
မူရင်း..http://simplelife.wall.fm/forum/17
ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>