မိခင်မေတ္တာ ...

မိခင်မေတ္တာ ...

  
ဒီကျားမကြီးကတော့ သူ့သားလေးတွေ အကုန်သေပြီးတဲ့နောက်မှာ မိခင်အနေနဲ့ သားသမီး စိတ်နဲ့ မစားနိုင်၊ မသောက်နိုင် ဖြစ်နေတဲ့အချိန်မှာ ဝက်သားပေါက်ကလေးတွေကို ကျားရေခြုံပြီးထားမှပဲ ကျားမကြီးရဲ့ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာသွားတယ်လို့ သတင်းကြားရပါတယ် .. ။

မိခင်ရဲ့ စေတနာကြီးမားလိုက်ပုံကတော့ အံ့သြမဆုံးနိုင်အောင်ပါပဲ ...

ခင်မင်စွာဖြင့် ပြန်လည်မျှဝေပါတယ် ..
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလိုအပ်ဆုံး ...

အလိုအပ်ဆုံး ...
 အမေရိကား တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပါ .. ။

တစ်ခါက တက္ကသိုလ်တစ်ခုတွင် ကျောင်းဆင်းခါနီး ဆရာက ...
“ကစားနည်းတစ်ခု ကစားရအောင် .. ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ ..” 
ကျောင်းသူတစ်ဦးထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက “သင်ပုန်းပေါ်မှာ ကိုယ့်ရဲ့ အရင်းနှီးဆုံး လူ (၂ဝ)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ ..”
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု၊ နာမည်များကို 
ရေးချလိုက်သည်။

ထို့နောက် ဆရာက “အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်။ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို 
ဖျက်လိုက်ပါ” 
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
“နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး”
သူငယ်ချင်း တစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်တယ် .. ။

ဆရာပြောတိုင်း သူမက တစ်ယောက်ပြီး တစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး
သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် 
သားသမီး ဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။
စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး၊ ကစားနည်းတစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။
ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သော ဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။

“နောက်တစ်ယောက် ထပ်ဖျက်လိုက်” ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။
ဒီတစ်ခေါက် သူမဖျက်ချဖိုပ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်းနေဟန် တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တပြိုင်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး ..

“ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။
မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ် .. ။
သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေ ဖြစ်တယ် .. ။
သူတို့က အစားပြန်မရနိုင်တဲ့ လူတွေဖြစ်တယ် .. ။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျက်နဲ့ ဘာဖြစ်လို့ မဖျက်ဘဲ ချန်ထားခဲ့ရသလဲ” ဟု မေးလေသည်။

ကျောင်းသားများကလည်း သူမ၏အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
သူမက “အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် 
ထွက်သွားကြလိမ့်မယ် .. ။ သား၊ သမီးတွေကလည်း ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ် .. ။
အဲဒီအချိန်မှာ ကျွန်မဘေးမှာ တစ်သက်လုံး ကူညီဖေးမမဲ့သူက ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ် .. ။
ဒါကြောင့် သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ် ..” ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဘဝမှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ .. ???

တကယ်တော့ ပုံပြင်လေးကို ကြိုက်လို့ပါ ..
ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘယ်သူစားမလဲ ..

ဘယ်သူစားမလဲ .. 










ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မေ့နိုင်စွမ်းစေ ...

မေ့နိုင်စွမ်းစေ


မနက်တွေ နေ့တွေ ညတွေ ရက်တွေ နှစ်တွေ လတွေ
အိပ်ရာထပြီး အိပ်ရာဝင်တယ် ..
မိုးလင်းတာနဲ့ အသစ်တွေ ဖြစ်ချင်မိတယ် .. ။
မိုးချုပ်ပြီဆို အဟောင်းတွေ သွန်ပစ်ရင်းပေါ့ .. ။

တံခါးတွေ ဖွင့်စကလို တံခါးတွေ ပြန်ပိတ်တော့လည်း
မသိမသာ ဖြစ်စေချင်သည် .. ။
တံခါးဘောင်တွေ ပွန်းပဲ့တာ 
မိုးတွင်းမို့ တံခါးတွေ ကြပ်တာ
လေတိုးလို့ တံခါးမှန်ကွဲတာ
အရာအားလုံးကို မသိချင် .. ။

နှင်းတွေပဲရွှဲလို့ မိုးတွေပဲစိုစို
နေတွေပဲပူပူ နေ့ရက်တိုင်း အသစ်ဖြစ်လို့
အတိတ်ကိုလည်း မသိ
အနာဂတ်ကို မတွေး ..
လက်ရှိကိုလည်း မေ့နိုင်စွမ်းပါရစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Little Angel

Little Angel 











ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မမြင်ဝံ့သော ဆင်နှာမောင်း ...

မမြင်ဝံ့သော ဆင်နှာမောင်း ...


လူတစ်ဦးသည် ရုပ်ရှင်ကုမ္ပဏီသို့ အလုပ်လာလျှောက်သည်။

“ကျွန်တော် မင်းသားလုပ်ချင်လို့ပါ ဗျာ”

ကုမ္ပဏီပိုင်ရှင်က ၄င်းလူ၏ စုတ်ပြတ်နေသော ရုပ်ရည်ကို ကြည့်ပြီး 
“မဖြစ်နိုင်ပါဘူးကွာ မကြိုးစားစမ်းပါနဲ့ ..”

“ရုပ်နဲ့ မဆုံးဖြတ်ပါနဲ့ ဆရာရယ်၊ တစ်ခုခု သရုပ်ဆောင်ခိုင်းကြည့်ပါ၊ အချစ်လား အကြမ်းအရမ်းလား၊ 
အလွမ်းလား၊ ကျွန်တော်လုပ်နိုင်ပါတယ် ခိုင်းကြည့်ပါ ...”

ကုမ္ပဏီပိုင်ရှင်က စိတ်ပျက်သွားပြီး ဒီအတိုင်း နားချ၍ရမည် မဟုတ်ကြောင်း သဘောပေါက်သွားသည်။
မဖြစ်နိုင်တာ တစ်ခုခု ခိုင်းပြီး စိတ်ပျက်အောင် လုပ်မှ ဖြစ်တော့မည် .. ။
“ကဲ ဒါလောက်ရှိလှ ငါ့ကို ဆင်အဖြစ် သရုပ်ဆောင်ပြကွာ ..”

ကုမ္ပဏီပိုင်ရှင်က မိန့်မိန့်ကြီး ပြုံးပြီး ကြည့်နေသည်။ အလုပ်လာလျှောက်သူက ထိုင်ရာမှ ထပြီး
ဘောင်းဘီ ဘေးအိတ်အတွင်းမှ  အိတ်နဖားစနှစ်ခုကို ဆွဲထုတ်လိုက်သည် .. ။

“ဒါကတော့ ဆင်နားရွက်နှစ်ဖက်ပေါ့ ဆရာ ... ” ပြီးမှ ခါးပတ်ဖြုတ်ရင်း ...
“ဆရာ အခု နှာမောင်းမြင်ရတော့မယ် ..”
တိန်!!!

တစ်ချက်ပြုံးရင်၊ တစ်ရက် အသက်ပိုရှည်စေ ...
ခင်မင်စွာဖြင့်
ကျူရိုး

ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘုန်းကြီး ကြက်တူရွေး ...

ဘုန်းကြီး ကြက်တူရွေး ...

 
ဟစ်တလာခေတ်က ဖြစ်သည်။ 
တောရွာမှ ဂျူးအဘွားအိုသည် အာဏာရှင် ဟစ်တလာ၏ လုပ်ရပ်များကို အလွန်မုန်းသည်။
ထို့ကြောင့် သူ တစ်ခုခုအဆင်မပြေဖြစ်တိုင်း “ဟစ်တလာသေပါစေ”  ဟု ရေရွတ်တတ်သည်။
ထိုရေရွတ်သံကြားပြီး သူမွေးထားသော ကြက်တူရွေးက သံယောင်လိုက်ကာ “ဟစ်တလာသေပါစေ” “ဟစ်တလာသေပါစေ” ဟု အားတိုင်း ရေရွတ်နေတတ်သည်။


တစ်ရက်တော့ ဟစ်တလာ၏ နာဇီတပ်ကြီး ၄င်းရွာသို့ ချီတက်လာ၏။ စစ်တပ်ကြီး မြင်သည်နှင့် ကြက်တူရွေးက “ဟစ်တလာသေပါစေ” “ဟစ်တလာသေပါစေ” ဟု ထအော်သည်။ စစ်တပ်ကြီးရပ် သွားပြီး၊ ဗိုလ်တစ်ဦး အိမ်ထဲ ဝင်လာကာ ...
“အဘွားကြီး ဒါ ခင်ဗျား ကြက်တူရွေးလား ???”
“ဟုတ်ပါတယ် .. ဗိုလ်ကြီးရယ်၊ နောင်မဖြစ်စေရပါဘူး .. အမေ တောင်းပန်ပါတယ် ..”
“အေး .. မနက်ဖြန် လာစစ်မယ်၊ မနက်ဖြန်မှာ အဲဒီ ကြက်တူရွေး အဲဒီစကားပြောရင် 
ခင်ဗျားကြီးရော .. အဲဒီ ကြက်တူရွေးရော နုတ်နုတ်ဆင်းပစ်မယ် ..”


စစ်တပ်သည် ပြောပြီး ဆက်လက်ချီတက်သွားသည်။ ကြံရာမရသည့် သနားစရာ အဘွားအိုက 
ရွာဘုန်းကြီးထံ ပြေးပြီး အကူအညီတောင်းသည်။ ရွာဘုန်းကြီးက သူမွေးထားသော ကြက်တူရွေးနှင့် လဲထားရန် အကြံပေးသည်။
အဘွားအိုက ကြက်တူရွေးချင်းလဲထားမှ စိတ်ချ လက်ချ နေနိုင်တော့သည်။


နာဇီတပ် နောက်တစ်နေ့တွင် ပြန်ရောက်လာသည်။ စစ်သားများက အဘွားအို၏ အိမ်သို့ ဝင်ပြီး ကြက်တူရွေး အခြေအနေကို ကြည့်သည်။ ယနေ့ ကြက်တူရွေးက တဆိတ် အိနြေ္ဒရလွန်းနေသည်။
စစ်သားများက ဆွပေးကြသည်။ 
“ဟေ့ကောင်ကြီး ပြောဦးလေကွာ၊ ဟစ်တလာ ဘာဖြစ်တယ်ဆိုလား ..”


ကြက်တူရွေးက ငဲ့စောင်းတောင် မကြည့်ဘူး .. ။


“ဟေ့ ကြက်တူရွေး ပြောဦးလေ၊ ဟစ်တလာ သေပါစေလို့ ..”


ထိုသို့မှ ကြက်တူရွေးက အိနြေ္ဒနှင့် ထပြောသည် .. ။


“တောင်းတဲ့ဆုနဲ့ ပြည့်စေ ချစ်သား .. ”

တစ်ချက်ပြုံးရင်၊ တစ်ရက် အသက်ပိုရှည်စေ .. ။
 ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မျက်ကပ်မှန်တပ်သူတိုင်းအတွက် ...

မျက်ကပ်မှန်တပ်သူတိုင်းအတွက် ...

  
မျက်ကပ်မှန်တပ်တဲ့ သူငယ်ချင်းများအတွက် မျက်ကပ်မှန်ကို အဆင်ပြေပြေတပ်နိုင်အောင် မျက်ကပ်မှန်ကြောင့် မျက်စိမထိခိုက်ရအောင် ဆောင်ရန်၊ ရှောင်ရန်လေးတွေကို ပြောပြမယ်နော် .. ။

Always
• မျက်ကပ်မှန်တွေကို ပူလွန်း၊ အေးလွန်းတဲ့နေရာမှာ မထားပါနဲ့ .. ။
• မျက်ကပ်မှန်တွေကို မကိုင်ခင် လက်ကို ဆပ်ပြာအပျော့စားလေးနဲပ သေချာဆေးပေးပါ .. ။
• အမွှေးမပါတဲ့ ပုဝါနဲ့ လက်ကို ခြောက်အောင် သုတ်ပေးပါ .. ။
• ညာဘက် မျက်ကပ်မှန်ကို အရင်ချွတ်ရင် အမြဲညာဘက်ကိုပဲ အရင်ချွတ်ပါ .. ။ ဒါမှ ဘယ်နဲ့ညာ မမှားနိုင်မှာပေါ့ .. ။
• မျက်ကပ်မှန်ဆေးရည်ကို သုံးပြီးတဲ့အခါတိုင်း အဖုံးကို သေချာလုံအောင် ပိတ်ပါ .. ။
• မျက်ကပ်မှန်ထည့်တဲ့ဘူးလေးကို နေ့တိုင်း သေချာစင်ကြယ်အောင် ဆေးပါ .. ။
• မျက်ကပ်မှန် ဆေးရည်က ရက်လွန်နေရင် မသုံးပါနဲ့တော့ .. ။
• ရေမကူးခင်မှာ မျက်ကပ်မှန်ကို ချွတ်ထားပါ .. ။
• မျက်ကပ်မှန်ကို မိတ်ကပ်မလိမ်းခင် တပ်ဆင်ပါ .. ။ မိတ်ကပ်မဖျက်ခင် ချွတ်ပါ .. ။
• မျက်စဉ်း အမြဲဆောင်ထားပါ .. ။ အထူးသဖြင့် ကွန်ပျူတာ အကြည့်များတဲ့ သူတွေမှာပေါ့ .. ။ မျက်လုံးအိမ်က ခြောက်သွေ့နေရင် သက်တောင့်သက်သာလည်း မရှိဘူး .. ။ မျက်ကပ်မှန်လည်း ပြန်ချွတ်ရ ခက်တယ် .. ။ မျက်လုံးကိုလည်း ဒဏ်ဖြစ်စေနိုင်တယ်လေ .. ။
• မျက်ကပ်မှန်ကို မတပ်ခင်မှာ မျက်ကပ်မှန်က ခြောက်သွေးနေတယ်လို့ ထင်ရင် မျက်ကပ်မှန် ဆေးရည်နဲ့ ဆေးလိုက်ပါ .. ။
 • မျက်ကပ်မှန် မတပ်ခင်မှာ မျက်စိအထူးကုဆရာဝန်နဲ့ ပြသပါ .. ။ မျက်လုံးမှာ ပြဿနာ တစ်ခုခုရှိနေရင် မျက်ကပ်မှန် တပ်လို့မရဘူးလေ .. ။
• တကယ်လို့ မျက်ကပ်မှန်တပ်ပြီးတော့မှ မျက်လုံးက နာလာမယ် .. ။ နီရဲလာမယ်၊ ကြည့်ရလည်း လုံးဝ အဆင်မပြေဘူးဆိုရင် မျက်ကပ်မှန်ကို ချက်ချင်း ပြန်ချွတ်ပါ .. ။
• မျက်ကပ်မှန်ကို သန့်ရှင်းရေး လုပ်မယ်ဆိုရင် မျက်ကပ်မှန်ထည့်တဲ့ဘူးထဲကို မျက်ကပ်မှန်ဆေးရည် ထည့်ပါ .. ။ ပြီးတော့ မျက်ကပ်မှန်ကိုထည့်၊ အဖုံးကို လုံအောင်ပိတ်ပြီး ဖြည်းဖြည်းလေး လှုပ်ပေးပါ .. ။ မျက်ကပ်မှန် မတပ်ခင်နဲ့ တပ်ပြီးတိုင်း လုပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ .. ။

Never 
•  မျက်ခမ်းစပ်၊ မျက်စိစွံတွေ ဖြစ်နေရင် ဓါတ်မတည့်မှုကြောင့် မျက်လုံး နီရဲပြီး ရောင်နေရင်တော့ မျက်ကပ်မှန်ကို မတပ်ပါနဲ့ .. ။
• ဆပ်ပြာတွေ အလှကုန်တွေနဲ့ တခြားအရာတွေနဲ့ မျက်ကပ်မှန်ကို မထိစေနဲ့ .. ။
• မျက်ကပ်မှန်ဆေးရည်ဘူးရဲ့ ထိပ်အပေါက်ကို ဘာနဲ့မှ မထိပါစေနဲ့ .. ။ လက်၊ မျက်ကပ်မှန်တို့နဲ့တောင် မထိပါစေနဲ့ .. ။ မျက်ကပ်မှန်ကို ဘာနဲ့မှ မသုတ်ပါနဲ့ .. ။
• သုံးပြီးသား မျက်ကပ်မှန်ဆေးရည်ကိုလည်း လုံးဝ ပြန်မသုံးသင့်ပါဘူး .. ။
• မျက်ကပ်မှန်ကို ဆေးကြောဖို့အတွက် မျက်ကပ်မှန်ဆေးရည်ကလွဲပြီး ဘာမှ မသုံးပါနဲ့ .. ။
• ရေနွေးငွေ့တို့ တခြားမျက်စိကို ထိခိုက်နိုင်တဲ့ အငွေ့တို့ ရှိနေရင်လည်း မျက်ကပ်မှန် မတပ်ပါနဲ့ .. ။
• မျက်ကပ်မှန်ကို ၈ နာရီ ထက်ပိုမတပ်မိပါစေနဲ့ .. ။
• မျက်ကပ်မှန်တပ်ပြီးတော့ ဆံပင်ဖျန်းဆေး မသုံးပါနဲ့ .. ။
• မျက်ကပ်မှန်ကို နှစ်နဲ့ ချီပြီးတော့လည်း မတပ်သင့်ပါဘူး .. ။
• မျက်နှာပြင် ကြမ်းမာနေတဲ့ အနားတွေ ထက်နေတဲ့ မျက်ကပ်မှန်ကိုလည်း နှမြောပြီး မတပ်ပါနဲ့ .. ။


မျက်ကပ်မှန် တပ်ဆင်နည်း 
• မျက်ကပ်မှန် မတပ်ခင် လက်ကို ဆပ်ပြာနဲ့ သေချာစွာ စင်ကြယ်အောင် ဆေးပါ .. ။
• ပြီးတော့ မှန်ရှေ့မှာ နေပါ .. ။
• ညာဘက်လက်ခလယ်နဲ့ အောက်မျက်ခမ်းကို ဆွဲပါ .. ။
• ဘယ်ဘက်လက်နဲပ အပေါ်မျက်ခွံကို ဆွဲမပါ .. ။
• တည့်တည်းကြည့်ပြီး မျက်ကပ်မှန်ကို မျက်လုံး အလယ်တည့်တည့်မှာ တပ်ဆင်ပါ .. ။
• မျက်ကပ်မှန်တပ်ပြီး မျက်တောင်မခပ်ခင်မှာပဲ ဘယ်ညာအရင်ကြည့်ပါ .. ။ အဲလိုကြည့်လိုက်ရင် မျက်ကပ်မှန်က မျက်လုံးအလယ်တည့်တည့်မှာ သေချာနေရာတကျဖြစ်သွားတယ်လေ .. ။
• ပြီးတော့ မျက်ကပ်မှန်က နေရာတကျရှိရဲ့လားဆိုတာ မှန်ထဲမှာ သေချာကြည့်ပါ .. ။
• မျက်ကပ်မှန်ဟာ မျက်ဆံပေါ်မှာ နေရာတကျရှိနေပြီး မျက်လုံးက လှုပ်ရှားလည်း ဒီတိုင်းပဲဆိုရင် OK သွားပြီးပေါ့ .. ။

မျက်ကပ်မှန်ချွတ်နည်း 
• မျက်ကပ်မှန်ချွတ်တော့မယ်ဆိုရင် မျက်ခွံတွေကို ပိတ်မသွားအောင် လက်တစ်ဖက်နဲ့ ဆွဲဖွင့်ထားပြီး လက်မရယ်၊ လက်ညှိုးရယ် အသာအယာလေးဆွဲယူလိုက်ရုံပါပဲ .. ။
• ပြီးတော့ မျက်ကပ်မှန်ထည့်တဲ့ဘူးကို ဆေးရည်ဖြည့်၊ မျက်ကပ်မှန်ထည့်ပြီး လုံအောင်ပိတ်ထားလိုက်ပါ .. ။

မျက်ကပ်မှန် တပ်နေကြလူတွေ အတွက်တော့ လွယ်ကူမှာပါ .. ။
ခုမှ မျက်ကပ်မှန် စတပ်မယ်ဆိုတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ် .. ။ 
ပြီးတော့ မျက်ကပ်မှန် အခုမှ စတပ်မယ့်သူတွေအတွက်ရော၊ တပ်နေကြသူငယ်ချင်းတွေရော ဆောင်ရန် ရှောင်ရန်လေးတွေကို သိနိုင်အောင်ပါ .. ။

သူငယ်ချင်းများ အားလုံး မျက်လုံး ထိခိုက်မှု ကင်းဝေးပြီး အမြဲ လှနိုင်ကြပါစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး

ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုံလေးတွေ လှတယ်နော် ...

ပုံလေးတွေ လှတယ်နော် ...














ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Laptop, Notebook, Netbook ဘာတွေလဲ၊ ဘယ်လိုခွဲခြားပြီးတော့ ခေါ်တာလဲ ...

Laptop, Notebook, Netbook ဘာတွေလဲ၊ ဘယ်လိုခွဲခြားပြီးတော့ ခေါ်တာလဲ ...


Laptop:
Laptop ဆိုတာက Notebook နဲ့တူတယ်လို့ ပြောကြပေမယ့် အမှန်ကတော့ တော်တော်ကြီးကို ကွဲပြားပါတယ် ..။ ထုထည် အရွယ်အစားက အစပေါ့ .. ။ Portable Computer လို့ ပြောကြတဲ့ (Laptop, Notebook, Netbook, Tablet PC) အစရှိသည်တို့မှာ - Laptop က ထုထည်ကြီးမားမှုရှိပြီး .. Performace အရည်အသွေး အားဖြင့် အမြင့်ဆုံးလို့ ဆိုရမယ် ဖြစ်ပါတယ် .. ။ ဒီခေတ်ထဲမှာတော့ (Laptop နဲ့ Notebook) ကွန်ပျူတာတွေကို အတူတူနီးပါးလောက် ခေါ်ဆို သမုတ်လာခဲ့ကြပါတယ် .. ။ Laptop ထက် Notebook တွေ ပိုမိုခေတ်စားလာတယ်လို့လဲ ပြောလို့ရပါတယ်။ Laptop တွေ တဖြေးဖြေး တိန်ကောလာခဲ့ တာတော့ အမှန်ပါပဲ .. ။

Laptop ရဲ့အရည်အချင်းအချို့ကို ဖော်ပြရလိုလျှင် ...
(၁) ထုထည်ကြီးမားခြင်း (လေးလံခြင်း)
(၂) Performance ပိုမိုကောင်းမွန်ခြင်း
(၃) Upgrade လုပ်နိုင်ခြင်း (လုပ်ရန် နေရာရှိခြင်း) Upgradeable Space.
(၄) Performance ကောင်းတဲ့အတွက် (ဘက်ထရီ ပိုစားခြင်း)
(၅) External Device အသုံးပြုစရာ မလိုလောက်အောင် ပြည့်စုံခြင်း
(၆) ဈေးနှုန်းမြင့်မားခြင်း ... အစရှိသည်တို့ ဖြစ်ပါတယ် .. ။
ဥပမာ - PS2 Ports, Serial Ports, VGA Ports ... အပေါက်အစုံပါရှိခြင်း .. ။

Notebook:
အခုခေတ် အသုံးများနေတာတွေက (Notebook) များပဲ ဖြစ်ပါတယ် .. ။ Laptop လို Device တွေ ပြည့်ပြည့်စုံစုံ မပါရှိပေမယ့် လိုအပ်လျှင် External Devices များကို အားကိုးရပါတယ် .. ။
ဥပမာဆိုရရင် (Docking Station) လို့ခေါ်တဲ့ လိုအပ်တဲ့အခါမှာ USB, Serial, VGA, PS2 Ports အစရှိတဲ့ အပေါက်တွေ လိုအပ်လာခဲ့လျှင် ဝယ်ယူသုံးရပါတယ် .. ။ Performace အနေနဲ့ Laptop လောက် Heavy မဖြစ်ပေမယ့် Personal သုံးအနေနဲ့က အဆင်ပြေမှုရှိပါတယ် .. ။ (CD/DVD Drive) တွေ ပါဝင်ပါတယ် .. ။
Floopy Drive ကတော့ ပါမှာမဟုတ်တော့ပါဘူး .. လိုလည်း မလိုတော့ပါဘူး .. ။ Laptop ကို ဝိတ်လျော့ခြင်းဖြင့် Notebook ဘဝသို့ ရောက်ရှိခြင်း ဖြစ်ပါတယ် .. ။ Notebook ဆိုတဲ့အတိုင်း ပေါ့ပေါ့ပါးပါး လိုရာ သယ်ယူသွားနိုင်ရင် (မှတ်စုစာအုပ်) လို့ တင်စားထားကြတာပါပဲ .. ။

အရည်အချင်း အချို့ကို အကျဉ်းပြန်ချုပ်ရလိုလျှင်
(၁) Laptop ထက်ပေါ့ပါးမှုရှိခြင်း (Portable)
(၂) ဒီခေတ်ကြီးထဲမှာ ပိုမိုခေတ်စားလာခြင်း
(၃) Battery အား ရည်ရှည်ခံနိုင်မှုရှိခြင်း (ဥပမာ- ၄ နာရီ)
(၄) Ports များ အစုံမပါရှိပေမယ့် လိုအပ်လျှင် (Docking Station) များ ဝယ်ယူ သုံးစွဲနိုင်ခြင်း
(၅) ဈေးနှုန်းသက်သာလာခြင်း အစရှိသည်တို့ပဲ ဖြစ်ပါတယ် .. ။
ဒီထက် ပိုမိုကျယ်ပြန့်နိုင်ပါတယ် .. ။

Netbook:
=>1st Generation (Laptop) => 2nd Generation (Notebook) => 3rd Generation (Netbook) လို့ ပြောလို့ရပါတယ် .. ။ ဘာဖြစ်လို့လဲဆိုတော့ လူတွေရဲ့လိုအပ်ချက်အရ Portable ကွန်ပျူတာ သယ်ရ ပြုရလွယ်သော ကွန်ပျူတာဆိုတဲ့အတွက် လူတွေဟာ တီထွင်ကြံဆလာခဲ့ကြတယ် .. ။ ကွန်ပျူတာ တွေကို ပိုမိုပြီး သေးသည်ထက် သေးအောင်ပေါ့ .. ။ အခု နောက်ဆုံး Netbook အထိ ရောက်လာခဲ့တာပဲ ရှုမြင်နိုင်ပါတယ် .. ။ Netbook လို့ တင်စားလိုက်ရတဲ့ အကြောင်းအရင်းက (ကွန်ရက်) လို့ ခေါ်တဲ့ (Internet) ကို အမှီပြုပြီးတော့ ခေါ်ဆိုလာခဲ့ကြပါတယ် .. ။ အဓိက အင်တာနက်နဲ့ Office Application လောက်လေး ကောင်းကောင်းသုံးနိုင်ပြီး လိုရာသို့ လွယ်ကူပေါ့ပါးစွာ သယ်ယူနိုင်ပါတယ်။ Netbook မှာ CD/DVD Drive ပါဝင်မှုမရှိပါဘူး .. ။ သေးငယ်တယ် .. ပေါ့ပါးတယ် .. ဆိုတဲ့အတွက် Function အစုံရချင်မှ ရမှာ ဖြစ်သလို .. အင်တာနက်ကတော့ ကောင်းကောင်းသုံးနိုင်ပါ တယ် .. ။ Wireless Device တွေ အဆင်သင့် ပါရှိပါတယ် .. ။ နီးရာ Hotspot Zone, Wireless Zone တွေမှာ အလွယ်တကူ အင်တာနက် Surf လုပ်နိုင်ပါတယ် .. ။

အရည်အချင်း အကျဉ်းချုပ် -
(၁) ပေါ့ပါး သေးငယ်ခြင်း
(၂) Performance အားဖြင့် (Laptop, Notebook တို့လောက် မကောင်းခြင်း)
(၃) Function အစုံမပါရှိသည့်အတွက် Battery သက်တမ်း ကြာရှည်ခြင်း (၄-နာရီ မှ ၅-နာရီ)
(၄) Internet, Office Application လောက်သာ အသုံးပြုနိုင်ခြင်း
(၅) ဈေးနှုန်းအားဖြင့် (Portable Notebook) လောကမှာ အပေါဆုံး အစရှိသည်ဖြင့် .. ။

Tablet PC:
Table PC ဆိုတဲ့အတိုင်း စားပွဲတင်ခုံ တစ်ကိုယ်ရေသုံး ကွန်ပျူတာလို့ အမည်ပေးထားပါတယ် .. ။
သူရဲ့အဓိက အားသာချက်ကတော့ .. (Monitor) Screen ကို ခေါက်ပြီးတော့ စာအုပ်တစ်အုပ်အသွင် မှတ်စုများကို (Monitor Screen) ပေါ်တွင် Electronic Pen ဖြင့် ရေးသားနိုင်ပါတယ်။ ဆိုလိုတာက Screen တစ်ခုလုံးကို တစ်ပတ်လှည့်နိုင်လောက်တဲ့အထိ လှည့်နိုင်ပြီး ခေါက်ချလိုက်နိုင်ပါတယ် .. ။ ကျန်တဲ့အပိုင်း ကတော့ (Notebook တို့ Laptop) တို့နဲ့ Function တွေ နီးပါးလောက် တူညီမှု ရှိပါတယ် .. ။ ဈေးနှုန်းအရကတော့ အပေါ်မှာ ပြောထားတဲ့ Notebook ထက် ဈေးပိုကြီးမားပါတယ် .. ။

အဲဒီလောက်ပါပဲ .. ။ ဒါပေမယ့် Portable Computer လို့ ပြောတော့မယ်ဆိုရင် (Pocket PC) လို့ ခေါ်ကြတဲ့ PDA တွေ၊ OS ပါရှိတဲ့ Mobile phone တွေက အစ ပါရှိလာပါတယ် .. ။ ဒီခေတ်ထဲမှာတော့ .. နည်းပညာ တွေ တဖြေးဖြေးနဲ့ သေးသည်ထက် သေးအောင် ဖန်တီးလာနိုင်ကြပါပြီ .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ထိုင်လိုက်၊ ထလိုက်၊ ပြုရာတွင် မူးဝေတတ်သော ရောဂါအတွက် ...

ထိုင်လိုက်၊ ထလိုက်၊ ပြုရာတွင် မူးဝေတတ်သော ရောဂါအတွက် ...


ဆားနှင့် သကြား အနည်းငယ်စီ သင့်သလောက်ထည့်ထားသော၊ သံပုရာဖျော်ရည်ကို နေ့စဉ် သောက်စေခြင်းဖြင့် သက်သာ ပျောက်ကင်းနိုင်ပါသည်။

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဆေးဖက်ဝင်သော ရေခဲ ...

ဆေးဖက်ဝင်သော ရေခဲ ...


• ရေခဲသည် ပိုးကောင်၊ ခူကောင်များ ကိုက်ခြင်း၊ ထိမိခြင်းများကြောင့် အရေပြား နာကျင်ခြင်း၊ ယားခြင်းများကို များစွာ သက်သာစေပါသည် .. ။


• ပျားတုတ်ခြင်း၊ ခူယားကောင်နှင့် ထိမိခြင်းတို့အတွက် ယားသောနေရာ၊ နာသောနေရာကို ရေခဲတုံးနှင့်  ပွတ်ပေးရပါသည် .. ။ 

• နှာပိတ်ပြီး နေနတ်သားဖမ်းစားသောရောဂါခေါ် (Sinusitis) ဖြစ်ပါက ရေခဲတစ်လှည့်၊ ရေနွေးတစ်လှည့်သုံးပြီး ကုရပါသည် .. ။
လူနာအား ပက်လက်အနေအထား အိပ်စေပြီး၊ မျက်နှာသုတ်ပုဝါကို ရေနွေးတွင် စိမ်၍ ညှစ်ပြီးနောက် နှာခေါင်း၊ ပါးနှင့် မျက်ခုံးတစ်ဝိုက်ကို ခေတ္တအုပ်၍ ကပ်ထားပေးပါ .. ။
တစ်မိနစ်ခန့် ကြာသောအခါ ယင်းမျက်နှာသုတ်ပုဝါကို ခွာလိုက်ပြီး ရေခဲစိမ်ထားသော မျက်နှာသုတ်ပုဝါဖြင့် လဲလှယ်၍ ကပ်ပေးရပါသည် .. ။
ဤသို့ဖြင့် ၁ဝ-ကြိမ်တစ်လှည့်စီ ကပ်ပေးပါ .. ။ ဤနည်းဖြင့် မျက်ခုံးနှင့် နှာခေါင်းတစ်ဝိုက် အရိုးအိမ်အတွင်းမှ ချွဲများ နှာခေါင်းမှ တဆင့် ထွက်ကျလာပါလိမ့်မည် .. ။ 


• သွားကိုက်လျှင် ရေခဲငုံပေးခြင်း၊ ပါးပေါ်သို့ ရေခဲအိတ် ကပ်ပေးခြင်းဖြင့် အထိုက်အလျှောက် သက်သာစေနိုင်ပါသည် .. ။


• ထို့ပြင် လက်ညှိုးနှင့် လက်မကြားနေရာကို ရေခဲတုံးငယ်ဖြင့် ပွတ်ပေးခြင်းဖြင့် အင်ဒိုဖင်ဓါတ်များ ထွက်ပေါ်စေပြီး အကိုက်သက်သာစေပါလိမ့်မည် .. ။


ဒေါက်တာအောင်နိုင် (ဆေးသုတေသန)


ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

နူးညံ့သော ချစ်ခြင်းနှင့် အပြစ်ရှိသော ကိုယ် ...

နူးညံ့သော ချစ်ခြင်းနှင့် အပြစ်ရှိသော ကိုယ် ...


“အချစ်” တစ်ခုရဲ့ ရှေ့မှာ ကျမက ဟိုးလွန်ခဲ့တဲ့ ၈-နှစ်တုန်းကလို နုပျိုမှုတွေနဲ့ လန်းဆတ်မနေတော့ပါ .. ။

အရင်က ရိုးသားမှုနဲ့ ကြည့်ခဲ့တဲ့ ကျမ မျက်ဝန်းတွေမှာလည်း သံသယဆိုတဲ့ အရိပ်ဆိုးတွေ စွန်းထင်ကျန်ရစ် နေခဲ့လေပြီ .. ။

အရင်က နူးညံ့စွာ ပြုံးတတ်ခဲ့တဲ့ ကျမ နှုတ်ခမ်းပါးတွေကလည်း အနည်းငယ် ပိုတွန့်ကွေးပြီး သရော်သယောင် ပြုံးတတ်ခဲ့ပြီ .. ။

“အချစ်”က ပြောသမျှ အရာရာကို ခေါင်းညိတ်လက်ခံတတ်ခဲ့တဲ့ ကျမဦးနှောက်မှာလဲ အမှန်၊ အမှားကို ကျိုးကြောင်းဆင်ခြင်တတ်တဲ့ အသိတရားတွေ ရလာခဲ့ပြီ .. ။

“အချစ်” နဲ့ အဆင်မပြေသမျှ ကြေကွဲနာကျင်ရုံအပြင်ဘာမှ မလုပ်တတ်ခဲ့တဲ့ ကျမဟာ ဆတ်ဆတ်ထိမခံတဲ့ မာနတွေနဲ့ ပြည့်နှက်နေခဲ့ပြီ .. ။

ပကတိရိုးသားဖြူစင်ခဲ့တဲ့ ကျမနှလုံးသားဟာလည်း အရာရာကို မယုံကြည်တတ်ခြင်းတွေနဲ့ ကိုယ်တိုင် လှောင်ပိတ်မိနေခဲ့ပြီ .. ။

တစ်ခါခါမှာ ကျမကိုယ်တိုင်တောင် လူတစ်ယောက်ကို အမှန်တကယ် ချစ်နေတာရော ဟုတ်ရဲ့လားလို့ ကိုယ့်ကိုကိုယ် သံသယရှိလာတယ် .. ။

 ဟုတ်တယ် ... ချစ်ခြင်းတရားမှာ ကိုယ့်ကိုကိုယ် ယုံကြည်မှု ကင်းမဲ့လာခြင်းဟာ ကျမ ချစ်သူ တစ်ယောက်အတွက်တော့ မတရားရာများ ကျနေမလားပဲ .. ။


ချစ်နေပေမယ့်လည်း တစ်ခါခါကျ မချစ်ချင်ပြန်ဘူး ..
လက်လွှတ်မခံချင်ပေမယ့် တစ်ခါခါကျတော့လဲ မပိုင်ဆိုင်ချင်ပြန်ဘူး ..
အနီးဆုံးမှာ မနေချင်ပေမယ့်လည်း အဝေးဆုံးကိုလည်း ကျမ ရောက်အောင် မသွားနိုင်ပြန်ဘူး ..


ကျမ လွတ်မြောက်ရာအရပ်က ဘယ်မှာလဲ ..
အမှန်တကယ် ကျမ လိုအပ်သောအရာက ဘာလဲ ..
အမှတ်တကယ် ကျမအတွက် အသင့်တော်ဆုံးက ဘာလဲ ..
နူးညံ့သော ချစ်ခြင်းတရားကို ကျမ ယောင်မှားစွာ ရှာဖွေနေရင်း ကိုယ့်မေးခွန်းတွေနဲ့ ကိုယ် ချောင်ပိတ်မိနေခဲ့သူပါ .. 


အချစ်ရဲ့ အဆုံးသတ်ကရော ဘာကြောင့်များ “လက်ထပ်ခြင်း .. ပေါင်းစည်းခြင်း” ဖြစ်နေရတာလဲကွယ် ..


အသက်အရွယ်နဲ့ အချိန်ကာလ အပိုင်းအခြားတစ်ခုကသာ ကျမရဲ့ ခံစားမှုတွေကို ပြောင်းလဲစေခဲ့တာပါ ..
စိတ်ကူးယဉ်ဆန်တဲ့ ခံစားချက်တွေထဲမှာ မွေ့ပျော်ခဲ့ဖူးလေသမျှ၊ ယခုတော့လဲ လက်တွေ့ဆန်တဲ့ တွေးခေါ်မှုတွေထဲမှာ “အချစ်” ဆိုတာ တစ်ခါ တစ်ခါ အရောင်မှိန်မှိန်သွားတယ် .. ။


ဟိုး ယခင် က အတိုင်း .. ကျမ ရိုးသားစွာ ချစ်နေချင်ပါတယ် .. ။

ကျူရိုး
 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စားချင်စဖွယ် ...
















ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS