Firefox ပေါ်မှ ဝက်ဘ်စာမျက်နှာများကို print မထုတ်မီ ကြော်ငြာများအား ဖယ်ရှားခြင်း ...

Firefox ပေါ်မှ ဝက်ဘ်စာမျက်နှာများကို print မထုတ်မီ ကြော်ငြာများအား ဖယ်ရှားခြင်း ...

Firefox browser ပေါ်ကနေ ဝက်ဘ်စာမျက်နှာတွေကို print ထုတ်တဲ့အခါမှာ ကြော်ငြာတွေကို ဖယ်ရှားနိုင်စေမယ့်နည်းလမ်း ဖြစ်ပါတယ် .. ။ ဒီနည်းလမ်းဟာ ဝက်ဘ်စာမျက်နှာတွေကို print ထုတ်တဲ့အခါမှာ မလိုအပ်တဲ့ ကြော်ငြာတွေ၊ ဓါတ်ပုံတွေနဲ့ စာရင်းတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရန်အတွက် Print-Edit လို့ခေါ်တဲ့ Firefox extension ဖြင့် ပြုလုပ်နိုင်ပါတယ်။ ဒီ extension ဟာ ဝက်ဘ်စာမျက်နှာတစ်ခုကို print မထုတ်ခင် ပြင်ဆင်ပေးနိုင်တဲ့အတွက် ဝက်ဘ်စာမျက်နှာမှာရှိတဲ့ ကြော်ငြာ များ ဖယ်ရှားခြင်း (သို့) မလိုအပ်တဲ့ အခြားအစိတ်အပိုင်းများ ဖယ်ရှားခြင်း တို့ကိုပြုလုပ်နိုင်စေပါတယ် .. ။
ပြုလုပ်ပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် .. ။

၁) Print-Edit Firefox extension ကို https://addons.mozilla.org/en-US/firefox/addon/print-edit မှ Install လုပ်ပါ။
၂) ဝက်ဘ်စာမျက်နှာတစ်ခုကို print လုပ်လိုတဲ့အခါမှာ Print-Edit toolbar ခလုတ်ကိုနှိပ်ပြီး Print Edit ကို ရွေးပါ။
၃) Print-Edit editor ပေါ်လာတဲ့အခါမှာ ဖယ်ရှားပြီးသားဖြစ်တဲ့ ကြော်ငြာပုံရိပ်အချို့နဲ့ placeholder တွေကို တွေ့ရပါမည်။ အဲ့ဒါတွေကို ဖယ်ရှားလိုတဲ့အခါမှာ မလိုအပ်တာတွေကိုရွေးချယ်ပြီး Delete ခလုတ်ကို နှိပ်ပါ။
၎) မလိုအပ်တာတွေကို ဖယ်ရှားပြီးတဲ့အခါမှာ Preview ခလုတ်ကို နှိပ်ပြီး လိုချင်တဲ့ပုံစံဟုတ်၊ မဟုတ် ကြည့်ပါ။ ထို့နောက် Print ခလုတ်ကို နှိပ်ပါ။

အထက်ပါအဆင့်အတိုင်းပြုလုပ်ပြီးသွားတဲ့အခါမှာတော့ မလိုအပ်တာတွေကို ဖယ်ရှားထားတဲ့ ဝက်ဘ်စာမျက်နှာတစ်ခုကို print ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ Google Chrome browser အသုံးပြုသူတွေ အနေနဲ့လည်း အလားတူ chrome extension ကို install လုပ်ပြီး ပြုလုပ်နိုင်ပါတယ် .. ။

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကျမ၏ ကောင်းကင် ...

ကျမ၏ ကောင်းကင် ...


မလိုပါ ... ဘာဆို ဘာမှကို မလိုပါ ...
မိုးရာသီဖြစ်နေဖို့မလို
ရွာရန်ရာနှုန်း ရှစ်ဆယ်ပြည့်ဖို့မလို
ကွက်ကြားမိုးဖြစ်ပေးဖို့မလို
တိမ်တွေညိုပြစရာမလို
မိုးစစ်စစ်များ ရွာချပေးဖို့သာလိုပါသည် .. ။

ကောင်းကင်ထံမှ
       ကျမကို စိုစွတ်သွားစေရုံ .. မိုးစစ်စစ်များသာ လိုပါသည် .. ။။။

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

External hard Drive တစ်ခုကို Windows 7 ဖြင့် လုံခြုံအောင်ပြုလုပ်ခြင်း ...

External hard Drive တစ်ခုကို Windows 7 ဖြင့် လုံခြုံအောင်ပြုလုပ်ခြင်း ...

ဒီတစ်ခေါက် ဖော်ပြပေးမှာကတော့ USB drive ကဲ့သို့သော External hard drive တွေကို Windows 7 ဖြင့် လုံခြုံအောင် ပြုလုပ်နိုင်စေမယ့်နည်းလမ်း ဖြစ်ပါတယ် .. ။ 

ပုံသဏ္ဍာန်အမျိုးမျိုး၊ အသွင်အမျိုးမျိုးနဲ့ ပေါ်ထွက်လာတဲ့ USB drive တွေဟာ အချက်အလက်တွေကို တစ်နေရာကနေ တစ်နေရာထံ သယ်ဆောင်တဲ့အခါမှာ အလွန်အသုံးတည့်စေပါတယ် .. ။
ဒါပေမယ့် သီးခြား URL နဲ့ password တစ်ခုဖြင့် လုံခြုံအောင် ပြုလုပ်ထားတဲ့ cloud storage ဝန်ဆောင်မှုတွေနဲ့ မတူတာကတော့ thumbdrive ထဲမှာရှိတဲ့ အချက်အလက်တွေဟာ အလွယ်တကူ ပျောက်ဆုံးခြင်း၊ ခိုးယူခံရခြင်းတို့နဲ့ ကြုံတွေ့နိုင်ပါတယ် .. ။
ဒါကြောင့် external hard drive တစ်ခုကို Windows 7 နဲ့ လုံခြုံအောင် ပြုလုပ်နိုင်တဲ့ နည်းလမ်းကို ဖော်ပြပေးလိုက်ပါတယ် .. ။

၁။ USB drive ကို တပ်ပြီး Right-click နှိပ်ကာ "Turn on Bitlocker .." ကို ရွေးပါ။
၂။ "use password to unlock the drive" ကို အမှန်ခြစ်ပေးပြီး password ထည့်ပါ။ password ထည့်ပြီးတဲ့အခါမှာ next ကို နှိပ်ပါ။ ထို့နောက် recovery key ကို save သို့မဟုတ် print လုပ်ပြီး သိမ်းထားပါ။ ယင်း recovery key ဟာ password ကို မေ့သွားတဲ့အခါမှာ drive ကို ပြန်လည် အသုံးပြုနိုင်စေမယ့် key ဖြစ်ပါတယ် .. ။
၃။ ထို့နောက် next ကို နှိပ်ပြီး "Start encrypting"  ကို နှိပ်ပါ။ ဒီအဆင့်မှာ drive ပေါ်မှာ သိုလှောင်ထားတဲ့ အချက်အလက်အပေါ်မူတည်ပြီး၊ အချိန်ကြာမြင့်နိုင်ပါတယ်။ Encrypt ပြုလုပ်မှု အောင်မြင်စွာပြီးဆုံးသွားတဲ့ အခါမှာတော့ ယင်း drive ကို နောက်တစ်ကြိမ် Windows စက်ပေါ်မှာ အသုံးပြုတဲ့အခါမှာ password တောင်းတာကို တွေ့ရပါတယ် .. ။


Bitlocker ကို Windows 7 Enterprise နဲ့ Ultimate မှာသာ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် Bitlocker အသုံးပြုထားတဲ့ device ကို မည်သည့် Windows 7 ဗားရှင်းမှာမဆို အသုံးပြုနိုင်ပြီး Windows XP နဲ့ Vista မှာတော့ Read-only mode ဖြင့်သာ သုံးနိုင်ပါတယ် .. ။


ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မပြည့်တဲ့လိုအင် ...

မပြည့်တဲ့လိုအင် ...


ကျမ စိတ်တွေ တဒင်္ဂ အေးချမ်းသွားတယ် ..
ညဥ့်လေ အေးအေး တဖြူးဖြူး တိုက်ခတ်နေတဲ့ ကျမရဲ့ အပေါ်ဆုံးထပ် တိုက်ခန်းလေးမှာ ဒီလိုအချိန်မျိုး ကျမ တခါမှ ထွက်မရပ်ဖူးပါ .. ။

ကြည့်စမ်းပါဦး ...
ဒီညမှာ ကြယ်တွေ စုံလင်လှပါလား .. ။ ကြယ်စုံတဲ့ ညတညရဲ့အလှကို ကျမအခုမှ ခံစားဖူးတာ အမှန်ပါ .. ။

ဟုတ်တယ် .. အခု ညဥ့်နှစ်နာရီကျော်သွားပြီ .. ။ အိပ်မရတဲ့ ညပေါင်းများစွာ ရှိခဲ့ဖူးပေမယ့် ဒီလို ဝရံတာမှာ ထွက်ရပ်ဖို့ စိတ်ကူးမျိုး တခါမှ မရှိခဲ့ဖူးဘူးလေ။ အခုတော့ ဒီစိတ်ကူးလေးကို ကျမကျေးဇူးတင်သင့်တယ် .. ။
နေ့ခင်းတုန်းက ဥဒဟို ဖြတ်သန်းသွားလာနေကြတဲ့ အိမ်ရှေ့လမ်းမကြီးပေါ်မှာတောင် ကားကြီး၊ ကားငယ်၊ တစ်စီးစ၊ နှစ်စီးစ လောက်ပဲ ဖြတ်သန်းသွားနေကြတယ် .. ။ လှပတဲ့ နေရောင်ခြည်အောက်မှာ လူကြီး၊ လူငယ် အစုံဖြတ်သန်းသွားလာကြတဲ့ ဒီလမ်းမကြီးဟာ အခုတော့လည်း တိတ်ဆိတ်၊ ခြောက်ကပ်လို့ပါလား။ ဒါဟာ သဘာဝတရားရဲ့ လှည့်စားမှုလေလား၊ သူလည်း နေ့နဲ့ည တလှည့်ဆီ ပြောင်းလဲရမယ့် သူ့တာဝန် သူထမ်းဆောင်နေတာပါပဲ .. ။

ဟူး ..
ကျမရဲ့ သက်ပြင်းချသံနဲ့အတူတူ ကျမရဲ့အချစ်တွေ၊ ကျမရဲ့ အမုန်းတွေ၊ ကျမရဲ့ အာဃာတတွေ၊ အလိုလောဘကြီးသူအဖြစ် အပြစ်မြင်ကြမှာစိုးလို့ သိုဝှက်ထားတဲ့ ကျမရဲ့ ဖြစ်ချင်လိုမှုတွေကို ညဥ့်လေအေးအေးက သယ်ဆောင်ပျောက်ဆုံးသွားရင် သိပ်ကောင်းမှာပဲလို့ ကျမ တွေးမိတယ် .. ။

ဒီအချိန်မှာ ကျမ မှီတည်နိုင်စရာ ပခုံးစွန်းလေးတစ်ခုရှိရင် ကောင်းမယ်နော် .. ။ ဟိုအရင်က အဆိုး၊ အကောင်းတွေ ကြုံတွေ့တိုင်း လက်တွဲရင်ဆိုင်ခဲ့တဲ့ ချစ်သူရဲ့ လက်တစ်ဖက်လည်း ဘယ်ဆီ ကမ်းလင့်နေပြီ လည်း မသိ .. ။ 

တစ်ခါ တစ်ခါ ကိုယ့်ကိုယ်ကို ဘယ်ဖြစ်ချင်နေမှန်းမသိအောင် ခံစားရတဲ့အခါမျိုးမှာ၊ ကိုယ့်စိတ်ကို ကိုယ့်ထက်ပိုပြီး နားလည်နိုင်မယ့်သူမျိုး ကျမ အလိုရှိတယ် .. ။ ဒါပေမယ့် .. ဒါဟာလည်း ဘုရားသခင် မဖြည့်ဆည်းပေးနိုင်တဲ့ ကျမရဲ့ လိုအင်ဆန္ဒသက်သက်ပါပဲ .. ။

ဘာကြောင့်များ ကျမဟာ ဆုတောင်းမကောင်းသူ ဖြစ်ရတာပါလိမ့် .. 
အခုဆို ကျမ အသက် နှစ်ဆယ့်ငါးကျော်လာခဲ့ပြီ။ ဟိုးငယ်ငယ်တည်းက အခုချိန်ထိ တောင့်တမိနေတဲ့ အဖေရယ်၊ အမေရယ်၊ မောင်နှမတွေရယ် စုံညီတဲ့ မိသားစု ဘဝလေးတစ်ခုလည်း ကျမမရခဲ့ဘူး .. ။ ကျမ အချစ်ရဆုံး မေမေလည်း မရှိတော့ ကျမရဲ့ကိုယ်ပိုင် ဘဝလေးတခုလည်း ပြိုပျက်သွားခဲ့ပြီ .. ။ ဒါပေမယ့် ကျမတတ်ထားတဲ့ ပညာရပ်နဲ့ တင့်တယ်တဲ့ အလုပ်အကိုင်လေးတစ်ခုတော့ ကျမ ရခဲ့ပြီ။ ကျမ လူတွေကြားမှာ မျက်နှာမငယ်အောင် နေနိုင်ခဲ့တဲ့အတွက် ကျမ ကျေနပ်ပါတယ် .. ။

ဟော ...
ကြယ်လေးတလုံး ကြွေကျသွားတာ ကျမ မြင်လိုက်ရတယ် .. 
ကြယ်ကြွေချိန် ဆုတောင်းရင် ဆုတောင်းပြည့်တယ်လို့ ကျမ ကြားဖူးတယ် .. ။

စဉ်းစားစမ်း ... စဉ်းစားစမ်း ..
ကျမ ဘာကို ဆုတောင်းရင် ကောင်းမလဲနော် .. 
သိန်း ၁ဝဝဝ ထီဆုကြီး ပေါက်ပါစေလို့ ဆုတောင်းရမလား .. ဒါမှမဟုတ် ဒီထက်ပိုလစာကောင်းတဲ့ အလုပ်တစ်ခုရပါစေလို့ ဆုတောင်းရမလား .. ဒါမှမဟုတ် ချစ်ဦးသူနဲ့ ပြန်ဆုံတွေ့ရပါစေလို့ ဆုတောင်းရမလား .. ဒါမှမဟုတ် လောကကြီးရဲ့ အချိန်၊ နာရီတွေ နောက်ပြန်လှည့်သွားစေနိုင်တဲ့ ပါဝါမျိုး ရရှိပါစေလို့ ဆုတောင်းရမလား .. 
ဒါမှမဟုတ် ..
အို .. ကျမ လိုအင်တွေ ဒီလောက်များသလားကွယ် .. ။

ပတ်ဝန်းကျင်တခုလုံးကတော့ တိတ်ဆိတ်နေပါတယ် .. 
ကျမမှာသာ နောက်ဆုံး လက်ကျန်ဆုတောင်းလေး တစ်ခုတောင်းရဖို့ ရင်ခွင်တစ်ခုလုံး ဆူညံနေတယ် .. ။

ဒါနဲ့ပဲ အရင်က ကျမရေးဖူးတဲ့ ကဗျာတပုဒ်ကို အမှတ်မထင် သတိရမိတယ် .. ။

“ငါ့သံယောဇဉ် အမျှင်ဖြတ်မှ
နင်နဲ့ငါ ဆုံတွေ့ခွင့်ရမှာလား ?


ငါ့ရင်ထဲက အချစ်ကိုသတ်မှ
နင်နဲ့ ငါ့ခင်မင်မှု ရှေ့ဆက်တိုးလို့ရမှာလား ?


ဒါဆိုရင်တော့
ငါဟာ ..
ကြယ်ကြွေချိန် ဆုတောင်းပြည့်ဖို့
ကြယ်ကြွေဖို့ ဆုတောင်းရသူလို ဖြစ်နေလိမ့်မယ် .. ။”


ကျမ ရင်ထဲမှာ ဟာသွားတယ် .. ။


သေချာတာတစ်ခုကတော့ ကျမရဲ့ တောင်းဆုအတွက် ကြယ်ပွင့်လေးတွေ ဘယ်လောက်ပဲ စတေးပေမယ့်၊ သူဟာ ကျမဆီ ဘယ်တော့မှ ပြန်လာမယ့်သူတစ်ယောက် မဟုတ်တော့ပါဘူးကွယ် .. ။


ဒီလိုပါပဲ ..
ကျမဟာ ဘယ်တော့မှ မပြည့်နိုင်တော့မှန်းသိတဲ့ တောင့်တမှုတွေနဲ့ အိမ်ရှေ့ဝရံတာလေးမှာ အချိန်တော်တော်ကြာ ရပ်နေမိတယ် .. ။။။


ဟိုးအရင်အတိတ်ဆီ ပြန်ပြောင်း သတိရရင်း .. တစ်ချိန်က ဒိုင်ယာရီထဲမှ 
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Windows Password ကို သူများပြောင်းလို့ မရအောင် လုပ်နည်း ...

Windows Password ကို သူများပြောင်းလို့ မရအောင် လုပ်နည်း ...

၁။ window + R နှိပ်ပြီး Run box ခေါ်လိုက်ပါ။
၂။ gpedit.msc ကို ရိုက်ထည့်ပြီး Enter နှိပ်လိုက်ပါ။
၃။ Group Policy Object Editor ဆိုတဲ့ box လေးကျလာပါလိမ့်မယ်။
၎။ အဲဒီ box ရဲ့ Local Computer Policy အောက်က User Configuration ကို သွားလိုက်ပါ။ 
၅။ User Configuration ရဲ့အောက်မှ Administrative Template ဆိုတာလေးကို double click ပေးပြီး သူ့ရဲ့အောက်က system ဆိုတာလေးကို double click ထပ်ပေးလိုက်ပါ။
၆။ ပြီးရင်တော့ ညာဘက်မှာရှိတဲ့ setting ရဲ့အောက်က Ctrl + Alt + Del ဆိုတာလေးကို double click ပေးပြီး ဝင်လိုက်ပါ။ 
၇။ အပေါ်ဆုံးမှာ မြင်နေရတဲ့ Remove change password ကို double click လုပ်ပြီး ဝင်လိုက်ပါ။
၈။ အဲဒီမှာ Remove Change Password Properties ဆိုတဲ့ box လေး ထပ်ပေါ်လာပါလိမ့်မယ်။
၉။ အဲဒီ box ရဲ့ setting ထဲက Enable ဆိုတာလေးကို အမှန်ခြစ်လေးပေးပြီး apply, OK ပေးလိုက်ရင် သူငယ်ချင်း ကွန်ပျူတာ ပိုပြီးတော့ စိတ်ချရပါလိမ့်မယ် .. ။

အဆင်ပြေကြပါစေနော် ..
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

USB Drive ထဲက DATA တွေကို အမြန်ဆုံး SPEED နဲ့ Copy ကူးရအောင်နော် ..

USB Drive ထဲက DATA တွေကို အမြန်ဆုံး SPEED နဲ့ Copy ကူးရအောင်နော် ..

ဒီနေ့ USB Pendrive ကနေ Software တစ်ခု လိုလို့ စက်ထဲကို COPY ကူးထည့်တာ တော်တော်နဲ့ကို မပြီးနိုင်
ဘူး .. ။ စိတ်မရှည်ချင်တော့တာနဲ့ ဘယ်လို လုပ်ရမလဲ စဉ်းစားရင်း နည်းလမ်းရှာဖွေကြည့်တဲ့အခါ ဒီနည်းလမ်းနဲ့ COPY ကူးကြည့်တော့ စိတ်ကျေနပ်လောက်အောင် မြန်လာတာ တွေ့ရပါတယ် .. ။

သူငယ်ချင်းတို့လဲ COPY ကူးတာ အချိန်ကုန်မခံချင်ရင် ..

Start => Search box => Device Manager လို့ရေးပြီး Enter နှိပ်ပါ ..
Disk Drives ကို နှိပ်လိုက်ရင် မိမိရဲ့ USB Drive လေးကို တွေ့ရမှာပါ .. Double Click နှိပ်ပြီး ဖွင့်လိုက်ပါ .. ။
နောက်ထပ်ပေါ်လာတဲ့ Box လေးမှာ Policies Tab ကနေ တဆင့် Better Performance ကို ရွေးပြီး OK ကို နှိပ်လိုက်ပါ .. ။
အခုဆိုရင် USB ကနေ ကွန်ပျူတာ (သို့) ကွန်ပျူတာကနေ USB ကို COPY ကူးကြည့်လိုက်ပါ .. ။
အရင်ကထက် မြန်ဆန်လာတာကို တွေ့ရပါလိမ့်မယ် .. ။

ကျူရိုးလို မသိသေးတဲ့ သူငယ်ချင်းတွေအတွက် ရည်ရွယ်ပါတယ်နော် .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“သူ”

“သူ”


ကျမဟာ သူ့အတွက် စဉ်းစားတာထက်ပိုပြီး
သူဟာ ကျမအတွက် ပိုပြီး စဉ်းစားခဲ့တယ် .. ။

ကျမဟာ သူ့ကို ချစ်နိုင်စွမ်းရှိတာထက်ပိုပြီး
သူဟာ ကျမကို ပိုပြီး ချစ်နိုင်စွမ်းတယ် .. ။

ကျမဟာ သူ့အတွက် ဖြစ်နိုင်တာထက်ပိုပြီး
သူဟာ ကျမအတွက် ဖြစ်တယ် .. ။

ကျမဟာ သူ့ကို ပိုင်ဆိုင်ချင်စိတ်ရှိတာထက်ပိုပြီး
သူဟာ ကျမကို ပိုပြီး မက်မောတယ် .. ။

ကျမဟာ သူ့ကို ဂရုစိုက်မှုပေးနိုင်တာထက် ပိုပြီး
သူဟာ ကျမကို ထင်မှတ်မထားတဲ့ ဂရုစိုက်မှုတွေ ရှိတယ် .. ။

ကျမဟာ သူ့ကို လွမ်းမောနိုင်တာထက်ပိုပြီး
သူဟာ ကျမကို ပိုပြီး လွမ်းမောတတ်တယ် .. ။

သူဟာ ကျမရဲ့ဆန္ဒကို ကျော်လွန်ပြီး သူ့ရဲ့ အတ္တကို ဘယ်တော့မှ ရှေ့တန်းတင်တတ်တဲ့လူစားမျိုး မဟုတ် .. ။ သူဟာ ဘာမဆို ကျမအတွက် ပထမဦးစားပေးတတ်သူ တစ်ယောက် .. ။ သူဟာ ကျမရဲ့ အားနည်းချက် တွေကို ဘယ်တော့မှ မသရော်၊ အနိုင်မကျင့်တတ်သူတစ်ယောက် .. ။ အဲဒီ “သူ” ဟာ လောကကြီးထဲမှာ ကျမ တန်ဖိုးအထားဆုံး လူတစ်ယောက် .. ။

အဲဒါ ဘယ် “သူ” လဲ သိကြလားဟင် .. ???

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဝတ်စားဆင်ယင်မှု

ဝတ်ပုံစားပုံ ဤလူ့ဘုံ


ရာသီအလိုက် ဌာနအလိုက် အဆင်ရွေး၍ ဝတ်တတ်သူကို ယဉ်ကျေးမှုရှိသူဟု ဆိုရမည်။ လူမှာ အဝတ် တောင်းမှာအကွပ်ဟု ဆိုသည့်အတိုင်း လောက၌ အဆင်ပြေအောင် ဝတ်ပုံသင်ခန်းစာဆောင်းပါးမှ ကောက်နုတ်ချက်ကို အောက်ပါအတိုင်း ကူးမှတ်၍ ဖော်ပြလိုက်ပါသည် .. ။

ဆန့်ကျင်ဘက်အရောင်များ
လိမ္မော်နှင့် အပြာ၊
အနီနှင့် အစိမ်း၊
မရမ်းစေ့နှင့် အစိမ်း၊
ခရမ်းနှင့် အစိမ်းနု၊
ခရမ်းပြာနှင့် အဝါ၊
အဝါနှင့် အနီ (၄င်းတို့မှာ မြင်ရသူမျာအဖို့ မျက်စိရိုင်းလှပေသည် .. ။)

အဆင်ပြေသောအရောင်များ
အဝါနှင့် အစိမ်းဝါ၊ လိမ္မော်နှင့် အနီရဲ၊ စိမ်းပြာနှင့် ခရမ်းပြာ၊ ခရမ်းနုနှင့် ခရမ်းရင့်၊ ခရမ်းရောင်ပေါ်တွင် ပန်းရောင်၊ အညိုပေါ်တွင် လိမ္မော်ရောင်၊ အမဲပေါ် အပြာ၊ သစ်ရွက်စိမ်းပေါ် အဝါ .. ။ (ဤသို့ စပ်ဟပ်၍ အရောင်ပေါ်လျှင် မြင်ရသူ၏ မျက်စိထဲ၌ အေးမြပြေပြစ်လှပေသည် .. ။)

အေးရောင်နှင့် နွေးရောင်များ
အစိမ်းနု၊ အပြာ၊ မီးခိုးရောင်တို့မှာ အေးရောင် ဖြစ်သည်။ အဝါ၊ အနီ၊ အညိုရင့်တို့မှာ နွေးရောင် ဖြစ်သည် .. ။ အညိုနှင့် ခရမ်းရောင်တို့မှာ ဆိတ်ငြိမ်သော အရောင်ဖြစ်သည် .. ။

အရောင်၏ သဘောထားများ
အဝါ = ပညာအလင်းရောင်နှင့် စိတ်ရွှင်ငြိမ်သက်ခြင်းကို ပြသည် .. ။
လိမ္မော် = မီးရောင်ဖြစ်၍ ပူနွေးကြောင်းကို ပြသည် .. ။
အနီ = သွေးရောင်ကို မှီ၍ အရေးကြီးကြောင်းကို ပြသည် .. ။
အပြာ = ပင်လယ်မှ ဖြစ်၍ မှန်ကန်ခြင်း၊ ခံနိုင်ရည် ရှိခြင်းကို ပြသည် .. ။
အစိမ်း = သစ်ပင်မှ ဖြစ်၍ ဘဝနှင့် ကြီးပွားတိုးတက်ခြင်းကို ပြသည် .. ။
ခရမ်း = မင်းခမ်းမင်းနားတို့နှင့် တိတ်ဆိတ်သော ဧည့်ခံမင်္ဂလာပွဲတို့ကို ပြသည် .. ။
အဖြူ = သန့်ရှင်းဖြူစင်၊ ငြိမ်သက်တည်တံ့ရာကို ပြသည် .. ။
အနက် = ဝမ်းနည်းခြင်း အထိမ်းအမှတ်ကို ပြသည် .. ။

သင်၏ နှစ်သက်သောအရောင်ကို ပြန်စဉ်းစားပြီးနောက် သင်၏ သဘောထားကို ပြန်လည် စစ်ဆေးကြည့်ပါ .. ။ အနီကဲ့သို့ အရေးကြီး သုတ်ပြာနေတတ်သလား .. ။ (သို့မဟုတ်) အပြာကဲ့သို့ လောကဓံကို ကြံ့ကြံ့ခံနိုင် သလား .. ။
ကျူရိုးကတော့ အဝါမှ အဝါ ပဲနော် .. အရောင်တွေထဲက ယှဉ်ပြီး ရွေးဆို အဝါကိုပဲ ရွေးဖြစ်တယ် .. ။

လိုက်ဖက်စွာ ဝတ်ဆင်ခြင်း
ဝလျှင် ပျော့သော အထည်များကို ဝတ်ဆင်၍
ပိန်လျှင် မာထူသော အထည်များကို ဝတ်ပါ။ အရပ်ရှည်လွန်းသူတို့မှာ မတ်တပ်စင်း လုံချည်မဝတ်ရ .. ။ ပုလွန်းသူကား ကန့်လန့်စင်း လုံချည်ကို မဝတ်ရ .. ။ မိုးရာသီတွင် အဝါရင့်၊ အစိမ်းရင့်၊ ခရမ်းစသော တောက်ပသော အရောင်အထည်များကို အသုံးပြု၍ နွေရာသီတို့၌ ဖျော့သော အစိမ်း၊ အဝါ၊ အပြာ၊ လိမ္မော် စသည်တို့ကို အသုံးပြုဝတ်ဆင်နိုင်ပါသည် .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိမိစက် Restart ခဏ ခဏ ကျတာ ဘာကြောင့်လဲ ???

မိမိစက် Restart ခဏ ခဏ ကျတာ ဘာကြောင့်လဲ ???


မိမိတို့ နေ့စဉ်သုံးနေတဲ့ ကွန်ပျူတာမှာ Restart ခဏခဏ ကျတာမျိုး၊ Shutdown ခဏခဏ ကျတာမျိုးတွေ ကြုံဖူးချင်လည်း ကြုံဖူးကျမှာပါ .. ။ မကြုံဖူးရင်လည်း ဗဟုသုတပေါ့လေ .. ။ အဲလို ဘာကြောင့် ဖြစ်တာလဲဆို တော့ ဖြစ်နိုင်ချေတွေကတော့ ..

၁။ heat များနေခြင်း ..
မိမိတို့ စက်သုံးတာ ကြာလာရင် Processor heat များတာတို့ ဖြစ်တတ်ပါတယ် .. ။ အဲလို heat များလာတော့ Processor မှာ ကပ်ထားတဲ့ ကော်ဖော်ကြွလာတာလည်း ဖြစ်တတ်ပါတယ် .. ။ ဒါကြောင့် မိမိစက်ရဲ့ heat ကို စစ်ဆေးသင့်ပါတယ် .. ။ နောက်တစ်ခုကတော့ Cooling Fun တွေ ကောင်း၊ မကောင်း စစ်ဆေးသင့်ပါတယ် .. ။

၂။ နောက်ဖြစ်နိုင်ခြေတစ်ခုက Virtual Memory နည်းလာတဲ့အခါ handing ဖြစ်လာမယ် .. ။ ပြီးရင် Processor ရဲ့ Speed ကို ထိုးကျသွားတတ်ပါတယ် .. ။

၃။ နောက်တစ်ချက် ဖြစ်နိုင်သေးတာကတော့ မိမိစက်ကို သန့်ရှင်းရေးလုပ်ပေးလိုက်ပါ။ Hardware တွေကို သန့်ရှင်းရေး လုပ်ဆောင်သင့်သလို မိမိတို့ စက်ထဲမှ မလိုအပ်တဲ့ Service တွေကို သန့်ရှင်းရေး လုပ်ဆောင်ပါ။ (eg. %tem%, prefetch, recent ...)

၎။ နောက်တစ်ခုလုပ်သင့်တာက Hard Disk ကို Error Check လုပ်ဆောင်ပေးပါ .. ။

၅။ နောက်လုပ်သင့်တာကတော့ မိမိစက်ကို လေဝင်၊ လေထွက်ကောင်းတဲ့ နေရာမှာ ထားသင့်ပါတယ် .. ။

၆။ နောက်ဖြစ်နိုင်တာကတော့ Virus ကြောင့်လဲ ဖြစ်နိုင်ပါတယ် .. ။ ဒါကြောင့် မိမိ Anti-Virus ကို စစ်ဆေးသင့်ပါတယ် .. ။ up to date ဖြစ်၊ မဖြစ် .. ။

၇။ နောက်တစ်ခု တစ်ခါတစ်လေ Software တွေ ညှိတာလည်း ဖြစ်နိုင်ပါတယ်။ System Restore ပြန်ခေါ်ကြည့်ပါ .. ။

၈။ မရတဲ့အဆုံး Windows ပြန်တင်ကြည့်လိုက်ပါ .. ။

၉။ တစ်ချို့က ပြောကျတယ် .. ။ Hard Disk ကြောင့်လို့ .. ။ Hard Disk နဲ့ မဆိုင်ပါဘူး .. ။ အများဆုံး ဖြစ်နိုင်တာက heat နှင့် virus ကြောင့် အဖြစ်များပါတယ် .. ။

၁ဝ။ BISO ပြဿနာလည်း ဖြစ်နိုင်ပါတယ် .. ။။

သူနဲ့ ပတ်သတ်လို့ကတော့ ...
၁) Recovery settings
၂) Software incompatibilities including driver issues
၃) BIOS problems ဆိုပြီး ၃-ခု ရှိတယ် .. ။

 တစ်ခုပဲ နားလည်သေးလို့ .. တစ်ခုပဲ ပြောပြလိုက်တယ်နော် .. ။
၁) Recovery settings
Computer ကို Right Click ပြီးရင် Properties Option ကို သွားပါ .. ။ ပြီးရင် Advanced Tab ကို သွားပါ .. ။ သူ့အောက်မှာရှိတဲ့ Setting ၃-ခုထဲက Startup and Recovery ရဲ့ Setting ကို Click နှိပ်ပါ .. ။
Startup and Recovery dialog box ကျလာပါလိမ့်မယ် .. ။ အဲဒီမှာ Automatically restart ဆိုတာကို Uncheck ပေးလိုက်ပါ .. ။ ပြီးရင်တော့ OK တွေ ပေးလိုက်ရုံပါပဲ .. ။

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS