Introduction to Computers
Hardware and Software
Hardware and Software ဆိုတာ ကွန်ပျူတာနဲ့ အခြေခံကျတဲ့အစိတ်အပိုင်း ၂-ခု ဖြစ်ပါတယ် .. ။
Hardware
Hardware ဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ မြင်နိုင်၊ ထိတွေ့နိုင်သော မည်သည့်အပိုင်းကိုမဆို ခေါ်နိုင်ပါတယ် .. ။
Hardware နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို Peripheral လို့ခေါ်ပါတယ် .. ။
(ဥပမာ - Printer, Scanner)
Software
Software ဆိုတာကတော့ ကွန်ပျူတာကို ဘာလုပ်ရမလည်းဆိုတာကို ခိုင်းစေတဲ့ အီလက်ထရောနစ် ခိုင်းစေညွန်ကြားချက်တွေကို စုစည်းထားခြင်းဖြစ်ပါတယ် .. ။ Software ကို ဗူးတွေနဲ့ ထုတ်ပိုးထားတဲ့အတွက်ကြောင့် အဲ့ဒီဗူးတွေကို မြင်နိုင်ပေမယ့် Software သက်သက်ကိုတော့ မြင်နိုင်၊ ထိတွေ့နိုင်ခြင်း မရှိပါဘူး .. ။
Software တွေမှာ Application Software and Operating System Software ဆိုပြီးရှိပါတယ် .. ။
Application Software (အသုံးချတဲ့ Software)
Application Software တွေဟာ သူနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်တာကို ပြီးမြောက်အောင်မြင် စေပါတယ်။ ဆိုလိုတာကတော့ စာရိုက်တဲ့ဆော့ဖ်ဝဲဟာ စာရိုက်တဲ့နေရာမှာ၊ ပုံဆွဲတဲ့ ဆော့ဖ်ဝဲကလည်း ပုံဆွဲတဲ့ နေရာမှာ အသုံးကျစေပါတယ် .. ။
ထင်ရှားတဲ့ Application Software တွေကတော့ Microsoft Word, Excel, PowerPoint, PageMaker, CorelDraw, Photoshop, Illustrator စသဖြင့် ရှိပါတယ် .. ။
Operating System Software
Operating System Software ဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ အဓိကကျတဲ့ လုပ်ဆောင်ချက်တွေ ကို ထိန်းကျောင်းဖြေရှင်းပေးပါတယ် .. ။ ထင်ရှားတဲ့ Operating System Software တွေကတော့ MS DOS, Windows 3.11, Windows 98 နှင့် Network အသုံးပြုရင် သုံးတဲ့ Novell တို့ဖြစ်ပါတယ် .. ။
Getting Help
Hardware and Software အသစ်တွေကို အသုံးပြုဖို့အတွက် အကူအညီရနိုင်တဲ့နည်းလမ်းတွေလည်း အမြောက်အများရှိပါတယ် .. ။
Documentation
Hardware တွေ၊ Software တွေနဲ့ အတူတွဲပါလာတဲ့ ပုံနှိပ်စာရွက်စာတမ်းတွေမှာ ဘယ်လို Step လုပ်ရမလဲ၊ ဘယ်လိုအသုံးပြုရမလဲ ဆိုတဲ့အကြောင်းတွေကို ရေးသားထားပါတယ် .. ။ Software တွေ အများစုမှာလည်း Help ဆိုတဲ့ လုပ်ဆောင်ပေးချက်တွေ ပါဝင်ပါတယ် .. ။ စာအုပ်ဆိုင်တွေမှာလည်း သက်ဆိုင်ရာစာအုပ်တွေကို ၀ယ်ယူရရှိနိုင်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ် .. ။
Call the exprets
တပ်ဆင်အသုံးပြုတဲ့ ဆော့ဖ်ဝဲ၊ ဟက်ဝဲတွေ သုံးစွဲရာမှာ အဆင်မပြေခဲ့ရင် ၀ယ်ယူခဲ့တဲ့ ဆိုင်မှာပဲ ပြန်လည် ဆက်သွယ်မေးမြန်းနိုင်ပါတယ် .. ။
Classes
အချို့ကွန်ပျူတာရောင်းသူတွေဟာ ကွန်ပျူတာ ၀ယ်ခဲ့ရင်၊ သုံးစွဲသူတွေအတွက် သင့်တော်တဲ့ သင်တန်းတွေ ပေးတာမျိုးတွေလည်း ရှိကြပါတယ် .. ။ ဒါမှမဟုတ်ရင်တော့ တခြားနေရာမှာ သင်တန်းတက်ပြီး သင်ကြားနိုင်ပါတယ် .. ။
How Computer Work
ကွန်ပျူတာတွေဟာ အချက်အလက်တွေ စုဆောင်းခြင်း၊ စစ်ဆေးတွက်ချက်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ ပြန်လည် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ် .. ။
Input
Input device တွေဟာ ကွန်ပျူတာနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး သတင်းအချက်အလက်တွေ၊ အမိန့်ပေးခိုင်းစေတာတွေ၊ ထည့်သွင်းနိုင်ပါတယ် .. ။
Keyboard, Mouse, Joystick တို့ဟာ Input device တွေ ဖြစ်ပါတယ် .. ။
Store
သိုလှောင်ထိန်းသိမ်းတဲ့ အစိတ်အပိုင်းတွေဟာ သတင်းအချက်အလက်တွေကို ထိန်းသိမ်းထားပါတယ် .. ။ ကွန်ပျူတာ device တွေမှာ ထိန်းသိမ်းထားတဲ့အချက်အလက်တွေကို အသုံးပြုပြီး လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပါတယ် .. ။
Hard drive, CD-ROM, Memory Stick တွေဟာ Stroage device တွေ ဖြစ်ပါတယ် .. ။
Process
Centeral Processing Unit (CPU) ဗဟိုတွက်ချက်ရေး ယူနစ်
ကွန်ပျူတာရဲ့အဓိက Chip တစ်ခုဖြစ်ပြီး CPU ဟာ ခိုင်းစေညွှန်ကြားချက်တွေကို ထုတ်ပေးခြင်း၊ တွက်ချက်မှုတွေကို စွမ်းဆောင်ပေးခြင်း၊ ကွန်ပျူတာစနစ်မှ လာသော သတင်းအချက်အလက်တွေကို စီမံ ခန့်ခွဲပေးခြင်းတို့ကို ပြုလုပ်ပါတယ် .. ။
CPU ဟာ Input နဲ့ Output ယူနစ်များ၊ ထိန်းသိမ်းသိုလှောင်တဲ့ Storage device များနဲ့ တွဲဖက်ပြီး လုပ်ဆောင်ခိုင်းစေချက်တွေကို ပြီးမြောက်စေပါတယ် .. ။
Output
Output အစိတ်အပိုင်းတွေဟာ ကွန်ပျူတာနဲ့ သင့်ကို ဆက်သွယ်ပေးစေပါတယ် .. ။
အဲ့ဒီ အစိတ်အပိုင်းလေးတွေကနေ သတင်းအချက်အလက်တွေကို ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ဖော်ပြပေးခြင်း၊ စက္ကူပေါ်တွင် ပုံနှိပ်ပေးခြင်း၊ အသံထုတ်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ် .. ။
(ဥပမာ - Printer, Speaker, Monitor တို့ဟာ Output device များဖြစ်ကြပါတယ် .. )
ပြန်လည်မျှဝေခြင်းသာ
ခင်မင်စွာဖြင့်
ကျူရိုး