အချိန်ဆိုတာ

အချိန်ဆိုတာ


အကျိုးတရား တစ်ပါးပါးကို မရစေဘဲ၊ အချိန်ကာလကို မကုန်လွန်စေရာ။(လောကနီတိ)
အချိန်ရှိခိုက် လုံးလစိုက်ပါ။(မြန်မာစကားပုံ)
အချိန်နှင့်ဒီရေသည် သင့်ကိုမစောင့်။(မြန်မာစကားပုံ)
အချိန်သည် သစ္စာရား၏ သံတော်ဆင့်ဖြစ်သည်။(စီစာရှီ)
အချိန်သည် အလွန် အဖိုးထိုက်တန်သော ရတနာကြီးဖြစ်သည်။( ပီမိုးနင်း)
အချိန်သည် သူ့အဖို့ အဖိုးထိုက်တန်ဆုံးသော ပစ္စည်းတစ်ခုဖြစ်ပေ့သည်။ (ဂရိတ်ပညာရှိ)
အချိန်ကို အသုံးပြုတတ်သော သူ့အဖို့ရာ အချိန်ကစောင့်နေတတ်သည်။( လီယိုနာဒိုဒါဗင်)
အချိန်ကိုချွေတာလျှင် ငွေကိုစု၍ အတိုးချသည်ထက် ပိုမို၍ ကြီးမားသော အမြတ်ကိုရနိုင်သည်။ (ဆိုင်းရပ်စ်)
လွန်ပြီးသားလွန်ပါစေ၊ အချိန်နှင့်ငွေကိုချွေတာပါ။(မြန်မာစကားပုံ)
ယခုလက်ရှိအချိန်ထက် ကောင်းသောအချိန်မရှိ။ လက်ရှိအချိန်ကို အကျိုးရှိအောင် အသုံးပြုပါ။
(နံကာစာတန်း)
အချိန်သည် သူ့သဘာဝနှင့် သီးခြားတည်ရှိနေသည်။ သူ့ဘာသာသူ မည်သည့် အရာကိုမျှ မမှီခိုဘဲ မှန်မှန်သွားနေသည်။ ထို့ကြောင့် အချိန်ကိုကာလဟု အမည်ပေးနိုင်သည်။( နယူတန်)
အချိန်ကို နှမြောနိုင်သမျှ နှမြောရမည်။ မနှမြောဘဲအလဟဿ ဖြုန်းတီး၍ ပစ်သောသူသည် အခစားလုပ်မှာပင် ကြီးမြင့်သော နေရာက မနေရဟု ဒိဋ္ဌသိနိုင်သည်။
အချိန်မှန်မှန် အလုပ်လုပ်သောသူသည် အောင်မြင်ခြင်းတည်းဟူသောလမ်းသို့ အလိုလိုရောက်ရသည် သာမက အလိုလိုကျော်စောထင်ရှားလည်း လာပေသည်။( ဝံသယုဝ မဂ္ဂဇင်း)
သင်သည် အချိန်၏ တန်ဖိုးကို နားမလည်လျင် ဘယ်သောအခါမှ ကျော်စောကိတ္တိမဖြစ်နိုင်။( မော်ဒနာရူးစ်)
လူတို့၏အသက်သည် အချိန်ဖြစ်၏။ အသက်ကိုနှမြောလျှင် အချိန်ကိုလည်း နှမြောပါ။ (ဖရန်ကလင်)
လောက၌ မည်သူမဆို အချိန်ကို မတွက်သေးသမျှ ၊ အချိန်ကို နှမြောရမှန်းမသိသေးသမျှ ကြီးပွားရာစခန်းသို့ ဘယ်သောအခါမှ မရောက်နိုင်။(တိက္ခပဏ္ဍိတ)
လောက၌ အချိန်သည် အဖိုးထိုက်ဆုံးဖြစ်၏။ အချိန်ကို အကျိုးမရှိ ကုန်ခန်းစေသော သူသည် အဖိုးတန်ဆုံးကို သုံးဖြုန်းပစ်သည် မည်၏။( ဘင်ဂျမင်ရင် ကလင်)
ငါသည် အချိန်ကို ဖြုန်းတီးလာခဲ့၏။ သို့အတွက် အချိန်သည် ငါ့ကို ပြန်လည်ဖြုန်းတီး၏။(ရှိတ်စပီးယား)
အချိန်မရွေးသေနိုင်သည်။
ကောက်ကျစ်စဉ်းလဲသော မယားနှင့်အတူ နေထိုင်သောယောက်ျား၊
လိမ်လည်ကောက်ကျစ်သော လင်နှင့် အတူနေသောမယား၊
အရှင်၏ အထက်ကနေ၍ပြောဆိုတတ်သော ကျွန်ယုတ်နှင့်အတူနေသောသူ၊
အဆိပ်ပြင်းထန်သော မြွေရှိသောအိမ်၌ နေသောသူ ဤပုဂ္ဂိုလ်များသည် အချိန်မရွေးသေနိုင်သည်။ ယုံမှားသံသယ မရှိရာ။( ဓမ္မနီတိ )

မှတ်ချက်။ ။ရွှေကန်သား(ပခုက္ကူ)၏ နီတိကြေးမုံစာအုပ်မှ ကောက်နှုတ်ရေးသားထားပါသည်။
စာဖတ်သူအားလုံး သက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများတစ်လုံးတစ်ဝတည်းပြည့်စုံကြပါစေ။


အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ်)
မိုးကုတ်ဝိပဿနာအေးရိပ်သာကျောင်း
လေးထောင့်ကန်လမ်းမကြီး၊ စူပါဝမ်းကျိုက္ကစံကုန်တိုက်နှင့်ဘေးချင်းကပ်၊
မာန်အောင်ရပ်ကွက်၊ တာမွေမြို့နယ်၊ ရန်ကုန်မြို့
ဖုန်း- 0973181016
http://www.wiradhamma.blogspot.com/
ဦးဇင်းဘလော့သို့လည်းလာရောက်လည်ပတ်နိုင်ပါသည်။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မိခင်မေတ္တာ ...

မိခင်မေတ္တာ ...

  
ဒီကျားမကြီးကတော့ သူ့သားလေးတွေ အကုန်သေပြီးတဲ့နောက်မှာ မိခင်အနေနဲ့ သားသမီး စိတ်နဲ့ မစားနိုင်၊ မသောက်နိုင် ဖြစ်နေတဲ့အချိန်မှာ ဝက်သားပေါက်ကလေးတွေကို ကျားရေခြုံပြီးထားမှပဲ ကျားမကြီးရဲ့ ခံစားနေရတဲ့ ဝေဒနာတွေ သက်သာသွားတယ်လို့ သတင်းကြားရပါတယ် .. ။

မိခင်ရဲ့ စေတနာကြီးမားလိုက်ပုံကတော့ အံ့သြမဆုံးနိုင်အောင်ပါပဲ ...

ခင်မင်စွာဖြင့် ပြန်လည်မျှဝေပါတယ် ..
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အလိုအပ်ဆုံး ...

အလိုအပ်ဆုံး ...
 အမေရိကား တက္ကသိုလ်တစ်ခုမှာ ဖြစ်ပျက်ခဲ့တယ်လို့ ဖတ်ရဖူးတဲ့ ပုံပြင်လေး တစ်ပုဒ်ပါ .. ။

တစ်ခါက တက္ကသိုလ်တစ်ခုတွင် ကျောင်းဆင်းခါနီး ဆရာက ...
“ကစားနည်းတစ်ခု ကစားရအောင် .. ဆရာနဲ့အတူ ဘယ်သူပါဦးမလဲ ..” 
ကျောင်းသူတစ်ဦးထရပ်ပြီး စတိတ်စင်ပေါ် တက်လိုက်သည်။

ဆရာက “သင်ပုန်းပေါ်မှာ ကိုယ့်ရဲ့ အရင်းနှီးဆုံး လူ (၂ဝ)ဦးရဲ့ နာမည်ကို ရေးလိုက်ပါ ..”
သူမက ဆရာပြောသည့်အတိုင်း အိမ်နီးချင်း၊ သူငယ်ချင်း၊ ဆွေမျိုးသားချင်း၊ မိသားစု၊ နာမည်များကို 
ရေးချလိုက်သည်။

ထို့နောက် ဆရာက “အဲဒီ နာမည်တွေထဲက မရှိလဲဖြစ်တယ်။ မလိုအပ်ဘူးလို့ ထင်တဲ့ နာမည်ကို 
ဖျက်လိုက်ပါ” 
အိမ်နီးချင်းတစ်ယောက်၏ နာမည်ကို သူမ ဖျက်လိုက်သည်။
“နောက်တစ်ယောက် ထပ်ဖျက်လိုက်ပါဦး”
သူငယ်ချင်း တစ်ယောက်၏ နာမည်ကို ဖျက်လိုက်ပြန်တယ် .. ။

ဆရာပြောတိုင်း သူမက တစ်ယောက်ပြီး တစ်ယောက် ဖျက်လိုက်နှင့် နောက်ဆုံး
သင်ပုန်းပေါ်တွင် လူသုံးဦးသာ ကျန်ခဲ့သည်။ ထိုသူများမှာ မိဘ၊ လင်ယောက်ျားနှင့် 
သားသမီး ဖြစ်သည်။ ကျောင်းသားများ အားလုံး စိတ်ဝင်တစား သင်ပုန်းကိုသာ စူးစိုက်ကြည့်နေကြသည်။
စာသင်ခန်း တစ်ခုလုံးမှာ တိတ်ဆိတ်နေပြီး၊ ကစားနည်းတစ်ခု ကစားနေတာနှင့်ပင် မတူတော့ပေ။
ဆရာက တည်ငြိမ်သော အသံဖြင့် နာမည်တစ်ခု ထပ်ဖျက်ခိုင်းပြန်သည်။ သူမမှာ အရွေးရခက်သော ဟန်ဖြင့် အကြာကြီး စဉ်းစားပြီးမှ မိဘ ဆိုသည့် နာမည်ကို ကြက်ခြေခတ် ဖျက်ချလိုက်သည်။

“နောက်တစ်ယောက် ထပ်ဖျက်လိုက်” ဘေးမှ ဆရာ၏ အသံက ထပ်မံ ထွက်လာပြန်သည်။
ဒီတစ်ခေါက် သူမဖျက်ချဖိုပ လက်မြှောက်ရာတွင်ပင် အင်အားကုန်ခမ်းနေဟန် တူသည်။ လက်ကို ဖြေးဖြေးချင်း မြှောက်ပြီး သားသမီးဆိုသည့် နာမည်ကို ဖျက်ချသည်နှင့် တပြိုင်နက် စိတ်ထိခိုက်သော အသံဖြင့် ချုံးပွဲချ ငိုကြွေးလေတော့သည်။ ဆရာက သူမအား နှစ်သိမ့်ပြီး ..

“ကိုယ့်ရဲ့ အလိုအပ်ဆုံးနဲ့ အရင်းဆုံးလူဟာ မိဘနဲ့ သားသမီး ဖြစ်သင့်ပါတယ်။
မိဘက ကိုယ့်ကို ကြီးပြင်းလာတဲ့အထိ ကျွေးမွေးစောင့်ရှောက်ခဲ့တယ် .. ။
သားသမီးက ကိုယ့်ဝမ်းနဲ့ လွယ်ပြီး မွေးထားရတဲ့ သူတွေ ဖြစ်တယ် .. ။
သူတို့က အစားပြန်မရနိုင်တဲ့ လူတွေဖြစ်တယ် .. ။ လင်ယောက်ျားက နောက်တစ်ယောက် ထပ်ယူလို့ရပါလျက်နဲ့ ဘာဖြစ်လို့ မဖျက်ဘဲ ချန်ထားခဲ့ရသလဲ” ဟု မေးလေသည်။

ကျောင်းသားများကလည်း သူမ၏အဖြေကို စိတ်ဝင်တစား စောင့်မျှော်နေကြသည်။
သူမက “အချိန်တွေ တရွေ့ရွေ့ ကုန်ဆုံးသွားတဲ့အမျှ မိဘတွေက ကျွန်မကို ထားပြီး အရင် 
ထွက်သွားကြလိမ့်မယ် .. ။ သား၊ သမီးတွေကလည်း ကြီးပြင်းလာရင် ကျွန်မကို ခွဲပြီး သွားကြလိမ့်မယ် .. ။
အဲဒီအချိန်မှာ ကျွန်မဘေးမှာ တစ်သက်လုံး ကူညီဖေးမမဲ့သူက ကျွန်မခင်ပွန်းသာ ဖြစ်ပါတော့မယ် .. ။
ဒါကြောင့် သူ့ကို မဖျက်ဘဲ ချန်ထားခဲ့ရခြင်း ဖြစ်တယ် ..” ဟု တည်ငြိမ်စွာ ပြန်ဖြေလေသည်။

ဘဝမှာ အလိုအပ်ဆုံးလူဟာ ဘယ်သူဖြစ်နိုင်မလဲ .. ???

တကယ်တော့ ပုံပြင်လေးကို ကြိုက်လို့ပါ ..
ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဘယ်သူစားမလဲ ..

ဘယ်သူစားမလဲ .. 










ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

မေ့နိုင်စွမ်းစေ ...

မေ့နိုင်စွမ်းစေ


မနက်တွေ နေ့တွေ ညတွေ ရက်တွေ နှစ်တွေ လတွေ
အိပ်ရာထပြီး အိပ်ရာဝင်တယ် ..
မိုးလင်းတာနဲ့ အသစ်တွေ ဖြစ်ချင်မိတယ် .. ။
မိုးချုပ်ပြီဆို အဟောင်းတွေ သွန်ပစ်ရင်းပေါ့ .. ။

တံခါးတွေ ဖွင့်စကလို တံခါးတွေ ပြန်ပိတ်တော့လည်း
မသိမသာ ဖြစ်စေချင်သည် .. ။
တံခါးဘောင်တွေ ပွန်းပဲ့တာ 
မိုးတွင်းမို့ တံခါးတွေ ကြပ်တာ
လေတိုးလို့ တံခါးမှန်ကွဲတာ
အရာအားလုံးကို မသိချင် .. ။

နှင်းတွေပဲရွှဲလို့ မိုးတွေပဲစိုစို
နေတွေပဲပူပူ နေ့ရက်တိုင်း အသစ်ဖြစ်လို့
အတိတ်ကိုလည်း မသိ
အနာဂတ်ကို မတွေး ..
လက်ရှိကိုလည်း မေ့နိုင်စွမ်းပါရစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS