Windows 95/98/2000/XP/Vista အတွက်ပဲ အသုံးပြုလို့ရတဲ့ Software များကို Windows 7 တွင် အသုံးပြုနည်း ...

Windows 95/98/2000/XP/Vista အတွက်ပဲ အသုံးပြုလို့ရတဲ့ Software များကို Windows 7 တွင် အသုံးပြုနည်း ...


အားလုံးပဲ အခု Post လေးကို မျှော်လင့်နေမယ်လို့ ထင်ပါတယ်နော် .. ။
တချို့သူတွေ ကြုံကြရမှာပါ .. ။ Windows 7 မှ တချို့ Software တွေ အသုံးပြုလို့ မရတာတွေ၊ Error တွေ ပြနေတာတွေ၊ တချို့ Software တွေက Old Model တွေ ဖြစ်နေလို့ 7 မှ သုံးလို့မရတာတွေ ရှိပါတယ် .. ။

အခု Post လေးက အဲဒါတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ။

မသိတဲ့သူတွေကိုပဲ ရည်ရွယ်ပါတယ် .. ။ သိတဲ့သူတွေကို မရည်ရွယ်ပါဘူး .. ။

အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ် .. ။



 အပေါ်မှာ ပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမယ်ဆိုရင် Windows 7 မှ Old Model Software နဲ့ Game တွေကို ကစားလို့၊ အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ် .. ။

အားလုံးပဲ အဆင်ပြေကြပါစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး

ဝမ်းကိုကိုအောင်ဆိုဒ်မှ ပြန်လည် မျှဝေပါသည် .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Windows Administrator Account Password Change သွားမယ် ဆိုရင် ...

Windows Administrator Account Password Change သွားမယ် ဆိုရင် ...

 Windows XP တင်လိုက်တာနဲ့ Built-In Account ၂-ခု ပါလာတာ တော်တော်များများလည်း သိကြမှာပါ။
၁။  Administrator နဲ့
၂။ Guest ဆိုပြီး ပါလာပါတယ် .. ။

Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ် .. ။ Full Access Permission ပေါ့။ ကြိုက်တဲ့ Software တင်လို့ရပါတယ် .. ။ ဖြုတ်လို့ရပါတယ် .. ။ Group Policy တွေ Registry တွေ ပြင်လို့ရပါတယ် .. ။ Account တွေ ထပ်ဖွင့်လို့ရတယ် .. ။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ ရပါတယ် .. ။ Account တွေရဲ့ Password တွေကို Change လို့ရတယ် .. ။

Guess ကတော့ Windows ကို ၀င်သုံးရုံသက်သက်ပါ .. ။ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး .. ။
Administrator က ထပ်ဖွင့်တဲ့ Account တွေမှာလည်း Account Type ၂-မျိုး ရှိပါတယ် .. ။

၁။ Administrator Type နဲ့
၂။ Limited Type ပါ .. ။

Account ထပ်ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account type ကို ရွေးပေးရပါမယ် .. ။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ် .. ။ Limited type နဲ့ ဖွင့်လိုက်ရင်တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး .. ။ ဖွင့်လိုက်တဲ့ account ရဲ့ password ကိုပဲ Change ခွင့်ရှိပါတယ် .. ။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ် .. ။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ ရပါတယ် .. ။ Registry တွေ ကလိသွားမယ် .. ။ ပြီးရင် Password လည်း change သွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ .. ။ ၀င်လို့ရတော့မှာ မဟုတ်ပါ .. ။ အဲဒီတော့ Administrator Account ကို password ပေးထားရပါတယ် .. ။

ကိုယ့်ပေးထားတဲ့ password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင်ရော၊ Windows ထဲကို ၀င်လို့ ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း၊ ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့် ရမှာ မဟုတ်ပါဘူး .. ။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ် .. ။ Password Recovery CD တွေ ရှိတော့ ရှိပါတယ် .. ။ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲ ရှိပါလိမ့်မယ် .. ။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့ နည်းပါ .. ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး .. ။

အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ .. ။ Boot တက်ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားလို့ မေးတဲ့အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ .. ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ .. ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ် .. ။ အသစ်တင်မှာလား၊ Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ .. ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွားပါမယ် .. ။ ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ် .. ။

ဘယ်ဘက်အောက်ခြေက Loading ဘားတန်းအောက်မှာ Hardware Installation ဆိုတဲ့ စာကို တွေ့ရင် Shift + F10 ကို နှိပ်လိုက်ပါ .. ။ Command Prompt ပေါ်လာပါလိမ့်မယ် .. ။ nusrmgr.cpl ကို ရိုက်ပြီး Enter ခေါက်လိုက်ပါ .. ။ User Account Box ပေါ်လာရင် Administrator ကို နှိပ်လိုက်ပါ .. ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ .. ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ပြန်ပေးလိုက်ပါ .. ။  အားလုံးပြီးရင် Exit နဲ့ ထွက်လိုက်ပါ .. ။ Windows Repair ကို ပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ .. ။
Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ် .. ။

အဲ တစ်ခုတော့ ရှိပါတယ် .. ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ်တင်မယ့် XP CD ရဲ့ Service Pack Same ဖြစ်မှ ရမှာနော် .. ။

အားလုံး အဆင်ပြေပါစေနော် .. ။
 ခင်မင်စွာဖြင့် ..
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Introduction to Computers

Introduction to Computers


Hardware and Software
Hardware and Software ဆိုတာ ကွန်ပျူတာနဲ့ အခြေခံကျတဲ့အစိတ်အပိုင်း ၂-ခု ဖြစ်ပါတယ် .. ။

Hardware
Hardware ဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ မြင်နိုင်၊ ထိတွေ့နိုင်သော မည်သည့်အပိုင်းကိုမဆို ခေါ်နိုင်ပါတယ် .. ။
Hardware နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို Peripheral လို့ခေါ်ပါတယ် .. ။
(ဥပမာ - Printer, Scanner)

Software
Software ဆိုတာကတော့ ကွန်ပျူတာကို ဘာလုပ်ရမလည်းဆိုတာကို ခိုင်းစေတဲ့ အီလက်ထရောနစ် ခိုင်းစေညွန်ကြားချက်တွေကို စုစည်းထားခြင်းဖြစ်ပါတယ် .. ။ Software ကို ဗူးတွေနဲ့ ထုတ်ပိုးထားတဲ့အတွက်ကြောင့် အဲ့ဒီဗူးတွေကို မြင်နိုင်ပေမယ့် Software သက်သက်ကိုတော့ မြင်နိုင်၊ ထိတွေ့နိုင်ခြင်း မရှိပါဘူး .. ။

Software တွေမှာ Application Software and Operating System Software ဆိုပြီးရှိပါတယ် .. ။

Application Software (အသုံးချတဲ့ Software)
Application Software တွေဟာ သူနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်တာကို ပြီးမြောက်အောင်မြင် စေပါတယ်။ ဆိုလိုတာကတော့ စာရိုက်တဲ့ဆော့ဖ်ဝဲဟာ စာရိုက်တဲ့နေရာမှာ၊ ပုံဆွဲတဲ့ ဆော့ဖ်ဝဲကလည်း ပုံဆွဲတဲ့ နေရာမှာ အသုံးကျစေပါတယ် .. ။
ထင်ရှားတဲ့ Application Software တွေကတော့ Microsoft Word, Excel, PowerPoint, PageMaker, CorelDraw, Photoshop,  Illustrator စသဖြင့် ရှိပါတယ် .. ။

Operating System Software
Operating System Software ဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ အဓိကကျတဲ့ လုပ်ဆောင်ချက်တွေ ကို ထိန်းကျောင်းဖြေရှင်းပေးပါတယ် .. ။ ထင်ရှားတဲ့ Operating System Software တွေကတော့ MS DOS, Windows 3.11, Windows 98 နှင့် Network အသုံးပြုရင် သုံးတဲ့ Novell တို့ဖြစ်ပါတယ် .. ။

Getting Help
Hardware and Software အသစ်တွေကို အသုံးပြုဖို့အတွက် အကူအညီရနိုင်တဲ့နည်းလမ်းတွေလည်း အမြောက်အများရှိပါတယ် .. ။

Documentation
Hardware တွေ၊ Software တွေနဲ့ အတူတွဲပါလာတဲ့ ပုံနှိပ်စာရွက်စာတမ်းတွေမှာ ဘယ်လို Step လုပ်ရမလဲ၊ ဘယ်လိုအသုံးပြုရမလဲ ဆိုတဲ့အကြောင်းတွေကို ရေးသားထားပါတယ် .. ။ Software တွေ အများစုမှာလည်း Help ဆိုတဲ့ လုပ်ဆောင်ပေးချက်တွေ ပါဝင်ပါတယ် .. ။ စာအုပ်ဆိုင်တွေမှာလည်း သက်ဆိုင်ရာစာအုပ်တွေကို ၀ယ်ယူရရှိနိုင်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ် .. ။

Call the exprets
တပ်ဆင်အသုံးပြုတဲ့ ဆော့ဖ်ဝဲ၊ ဟက်ဝဲတွေ သုံးစွဲရာမှာ အဆင်မပြေခဲ့ရင် ၀ယ်ယူခဲ့တဲ့ ဆိုင်မှာပဲ ပြန်လည် ဆက်သွယ်မေးမြန်းနိုင်ပါတယ် .. ။

Classes
အချို့ကွန်ပျူတာရောင်းသူတွေဟာ ကွန်ပျူတာ ၀ယ်ခဲ့ရင်၊ သုံးစွဲသူတွေအတွက် သင့်တော်တဲ့ သင်တန်းတွေ ပေးတာမျိုးတွေလည်း ရှိကြပါတယ် .. ။ ဒါမှမဟုတ်ရင်တော့ တခြားနေရာမှာ သင်တန်းတက်ပြီး သင်ကြားနိုင်ပါတယ် .. ။

How Computer Work
ကွန်ပျူတာတွေဟာ အချက်အလက်တွေ စုဆောင်းခြင်း၊ စစ်ဆေးတွက်ချက်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ ပြန်လည် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ် .. ။

Input
Input device တွေဟာ ကွန်ပျူတာနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး သတင်းအချက်အလက်တွေ၊ အမိန့်ပေးခိုင်းစေတာတွေ၊ ထည့်သွင်းနိုင်ပါတယ် .. ။
Keyboard, Mouse, Joystick တို့ဟာ Input device တွေ ဖြစ်ပါတယ် .. ။

Store
သိုလှောင်ထိန်းသိမ်းတဲ့ အစိတ်အပိုင်းတွေဟာ သတင်းအချက်အလက်တွေကို ထိန်းသိမ်းထားပါတယ် .. ။ ကွန်ပျူတာ device တွေမှာ ထိန်းသိမ်းထားတဲ့အချက်အလက်တွေကို အသုံးပြုပြီး လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပါတယ် .. ။
Hard drive, CD-ROM, Memory Stick တွေဟာ Stroage device တွေ ဖြစ်ပါတယ် .. ။

Process
Centeral Processing Unit (CPU) ဗဟိုတွက်ချက်ရေး ယူနစ်
ကွန်ပျူတာရဲ့အဓိက Chip တစ်ခုဖြစ်ပြီး CPU ဟာ ခိုင်းစေညွှန်ကြားချက်တွေကို ထုတ်ပေးခြင်း၊ တွက်ချက်မှုတွေကို စွမ်းဆောင်ပေးခြင်း၊ ကွန်ပျူတာစနစ်မှ လာသော သတင်းအချက်အလက်တွေကို စီမံ ခန့်ခွဲပေးခြင်းတို့ကို ပြုလုပ်ပါတယ် .. ။
CPU ဟာ Input နဲ့ Output ယူနစ်များ၊ ထိန်းသိမ်းသိုလှောင်တဲ့ Storage device များနဲ့ တွဲဖက်ပြီး လုပ်ဆောင်ခိုင်းစေချက်တွေကို ပြီးမြောက်စေပါတယ် .. ။

Output
Output အစိတ်အပိုင်းတွေဟာ ကွန်ပျူတာနဲ့ သင့်ကို ဆက်သွယ်ပေးစေပါတယ် .. ။
အဲ့ဒီ အစိတ်အပိုင်းလေးတွေကနေ သတင်းအချက်အလက်တွေကို ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ဖော်ပြပေးခြင်း၊ စက္ကူပေါ်တွင် ပုံနှိပ်ပေးခြင်း၊ အသံထုတ်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ် .. ။
(ဥပမာ - Printer, Speaker, Monitor တို့ဟာ Output device များဖြစ်ကြပါတယ် .. )

ပြန်လည်မျှဝေခြင်းသာ

ခင်မင်စွာဖြင့်
ကျူရိုး






ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သင့်ရဲ့ အရေးကြီး Folder ကို Software မလိုဘဲ Lock ချကြရအောင် ...

သင့်ရဲ့ အရေးကြီး Folder ကို Software မလိုဘဲ Lock ချကြရအောင် ... 
သူငယ်ချင်းတို့ရဲ့ အရေးကြီးတဲ့ Data တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြားသူတွေကို မမြင်တွေ့စေချင်ဘဲ ၀ှက်ထားချင်ပေမယ့် Software မရှိလို့ အခက်တွေ့နေပါသလား .. ???

ဘာ Software မှ မလိုဘဲ သင့်ရဲ့ Personal Data Files တွေကို Lock ချလို့ရပါပြီ .. ။


အဆင့် - ၁ Desktop ပေါ်တွင် သင်နှစ်သက်ရာ အမည်ဖြင့် Folder အသစ်တစ်ခုဆောက်လိုက်ပါ .. ။

အဆင့် - ၂ ဆောက်ထားတဲ့ Folder ကို ဖွင့်ပါ .. ။ ပြီးရင် အဲဒီ Folder အထဲမှာ Notepad (တစ်နည်းအားဖြင့်) Text Document တစ်ခု အသစ်ဆောက်ပါ .. ။ အဲဒီ Notepad ထဲကို အောက်မှာပေးထားတဲ့ Code တွေကို ကူးထည့်လိုက်ပါ .. ။


Lock ချခြင်းအပိုင်း 

@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== your password
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End


အဆင့် - ၃ ကူးထည့်ထားတဲ့ Code တွေရဲ့ 23 ကြောင်းမှာ အနီရောင်နဲ့ ပြထားတဲ့ Your Password ဆိုတဲ့ နေရာမှာ ပေးချင်တဲ့ Password ကို အစားထိုးလိုက်ပါ .. ။

အဆင့် - ၄ ပြီးရင် mystore.bat ဆိုပြီး Save ပါ .. ။
(mystore ဆိုတဲ့နေရာမှာ ပေးချင်တဲ့ အမည်ပေးလို့ ရပါတယ် .. ။ နောက်က .bat ဖြစ်ဖို့သာ အရေးကြီးပါတယ် .. ။)

အဆင့် - ၅ သင့်ရဲ့ Folder ထဲမှာ mystore ဆိုတဲ့ File တစ်ခုကို တွေ့ရပါမယ် .. ။ 
အဲဒီ File ကို Double Click နှိပ်လိုက်ပါ .. ။

အဆင့် - ၆ သင့်ရဲ့ Folder ထဲမှာ Private ဆိုတဲ့ File နောက်တစ်ခု ပေါ်လာပါလိမ့်မယ် .. ။
Private ဆိုတဲ့ File ထဲကို သင်ဝှက်ထားချင်တဲ့ File ကို ထည့်လိုက်ပါ .. ။ ပြီးရင် အဲဒီ Private File ကို ပြန်ပိတ်လိုက်ပါ .. ။

အဆင့် - ၇ ပြီးရင် စောစောက mystore file ကို Double Click ပြန်နှိပ်လိုက်ပါ။ 

အဆင့် - ၈ cmd command box လေးနဲ့ Are you sure want to lock folder <Y/N> ဆိုပြီး ပေါ်လာပါလိမ့်မယ် .. ။ Lock ချမှာ သေချာတယ်ဆိုရင် Y ကို ရိုက်ပြီး enter ခေါက်လိုက်ပါ .. ။
မသေချာသေးဘူးဆိုရင် N ကို ရိုက်ပါ .. ။
အဲဒီအချိန်မှာ စောစောက Private ဆိုတဲ့ Folder ပြန်ပျောက်သွားပါမယ် .. ။

အဆင့် - ၉ သင့်ရဲ့ Folder ကို အောင်မြင်စွာ Lock ချပြီးပါပြီ .. ။


ပြန်ဖွင့်ခြင်း အပိုင်း

သိမ်းထားတဲ့ Folder ကို ဖွင့်ပြီး အထဲမှာ ရှိတဲ့ mystore ဆိုတဲ့ File ကို Double Click နှိပ်လိုက်ပါ .. ။
cmd command box လေးနဲ့ Enter password to unlock folder ဆိုပြီး တက်လာပါမယ် .. ။
သင်ပေးထားတဲ့ password ကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ .. ။ သင့်ရဲ့ Private ဆိုတဲ့ Folder ပြန်ပေါ်လာပါလိမ့်မယ် .. ။

ဒီနည်းက လုံခြုံမှု ရှိတယ်ဆိုပေမယ့် နည်းနည်းပဲရှိပါတယ် .. ။ သင့်အတွက် အရေးကြီးတဲ့ data တွေ သိမ်းမယ်ဆိုရင်တော့ ဒီထက်ပိုလုံခြုံတဲ့ software တွေ သုံးတာပိုကောင်းပါတယ် ..။ ဖြစ်နိုင်မယ်ဆိုရင် portable drive တွေကို security software ခံပြီး သိမ်းထားတာ အကောင်းဆုံးနည်းလမ်းပါပဲ .. ။ 

အားလုံးပဲ data ပျောက်ဆုံးခြင်းမှ ကင်းဝေးကြပါစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Windows 7 မှာ HARD DISK ကို PARTITION ခွဲနည်း/ပြန်ပေါင်းနည်း ....

Windows 7 မှာ HARD DISK ကို 
PARTITION ခွဲနည်း/ပြန်ပေါင်းနည်း ...

 Windows 7 မှာ Partition ကို ဘယ်လို ခွဲရမလဲ .. ? ပြီးတော့ ဘယ်လို ပြန်ပေါင်းရမလဲ .. ?
ဘယ် Software မှ သုံးစရာမလိုပါဘူး .. Windows ပေါ်မှာပဲ ခွဲ/ပေါင်း လို့ ရပါတယ် .. ။


Partition ခွဲနည်း ...

Start => Computer ကို Right Click နဲ့ Manage ကို နှိပ်ပါ .. ။ (သို့) Run => diskmgmt.msc ကို ရေးထည့်ပြီး Enter ခေါက်လည်း ရပါတယ် .. ။



Drive (D:) ကနေ ဥပမာအဖြစ် ခွဲပြပါ့မယ် ... ပုံမှာ ပြထားတဲ့အတိုင်း (D:) ပေါ်ကို Right Click နှိပ်ပြီး Shrink Volume ကို ရွေးပါ .. ။ ခဏစောင့်ပေးပါ .. ။




ဒီနေရာမှာ မိမိ လိုချင်သလောက်ကို ခွဲပါမယ် .. ။ 1 GB => 1024 MB ရှိပါတယ် .. ။ (မိမိ လိုသလောက် တွက်ချက်ပြီး ရေးထည့်ပေးလိုက်ပါနော်) .. ။ 30 GB ခွဲမယ်ဆို 30720 လို့ ရေးထည့်ပေးလိုက်ပါ .. ။ ပြီးရင် Shrink ကို ဆက်နှိပ်လိုက်ပါ .. ။



ခုဆိုရင် နာမည်မပေးရသေးတဲ့ Partition လေးတစ်ခု ရောက်လာပါပြီ .. ။ မပြီးသေးပါဘူး .. ။
သူ့ကို နာမည်ပေး ကင်ပွန်းတပ်ပေးဖို့ ကျန်ပါသေးတယ် .. ။ နာမည်ပေးဖို့ Right Click ထောက်ပြီး New Simple Volume ကို ရွေးပေးပါ .. ။


Next အဆင့်ဆင့် နှိပ်ပေးပြီး .. 



 နာမည်တစ်ခု ရွေးပေးလိုက်ပါ .. G လို့ ထားပါတော့ .. ။



Next အဆင့်ဆင့် နှိပ်ပေးပြီး Finish ကို နှိပ်ပါ .. ။

My Computer ကို ဖွင့်ကြည့်လိုက်ပါ .. ။ G အဖြစ်နဲ့ Partition လေးတစ်ခု ရောက်လာပါပြီ .. ။ 
Partition ခွဲနည်းကတော့ အဲ့ဒါပါပဲ .. ။


Partition ပြန်ပေါင်းနည်း .. 

မလိုချင်တော့လို့ ပြန်ပေါင်းချင်ရင်တော့ .. G ကို အရင်ဆုံး သတ်ပစ်ရပါလိမ့်မယ် .. ။ 
Delete လုပ်ပေးရမယ်ပေါ့ .. ။

G ပေါ်ကို Right Click နဲ့ Delete Volume ကို ရွေးပါ .. ။



Yes ကို နှိပ်ပါ .. ။

ပြန်ပေါင်းဖို့အတွက် (D:) သို့မဟုတ် မိမိ ပြန်ပေါင်းစေလိုတဲ့ အပိုင်းပေါ်ကို Right Click နှိပ်လိုက်ပါ .. ။
Extend Volume ကို ရွေးပါ .. ။

Next အဆင့်ဆင့်နဲ့ OK လိုက်ပါ .. ။

ခုဆိုရင် G အပိုင်းလေး မရှိတော့ပဲ .. (D:) ထဲကို ပြန်ရောက်သွားပါပြီ .. ။

အဲ့ဒါကတော့ အားလုံးနားလည်လွယ်အောင်မို့ အချိန်ပေးပြီး ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်နော် .. ။

အလွယ်ကူဆုံး ခွဲထားတဲ့ Partition တွေကို ပြန်ပေါင်းချင်ရင်တော့ Run => diskmgmt.msc ကနေ တဆင့် ကိုယ်ခွဲထားတဲ့ (သို့မဟုတ်) ပြန်ပေါင်းစေချင်တဲ့ (G:) (H:) Partition ပေါ်ကို Right Click နဲ့ Delete Volume ကို ရွေးပြီး Next အဆင့်ဆင့်နဲ့ အရင်ဆုံး Delete လုပ်ပစ်လိုက်ပါ .. ။
ပြီးမှ ကိုယ်ပြန်ပေါင်းစေချင်တဲ့ (C:) (D:) (E:) တစ်ခုခု ပေါ်ကို Right Click နဲ့ Extend Volume ကို ရွေးပြီး Next အဆင့်ဆင့်နဲ့ OK ပေးလိုက်ပါ .. ။ 

ဒါဆိုရင် ခွဲထားတဲ့ Partition ပျောက်သွားပြီး မိမိ ပြန်ပေါင်းစေချင်တဲ့နေရာကို ပြန်ရောက်သွားပါပြီ .. ။

အားလုံး အဆင်ပြေကြပါစေရှင် .. ။
ကျူရိုး

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း) မှ ပြန်လည်မျှဝေပါသည် .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS