Windows Administrator Account Password Change သွားမယ် ဆိုရင် ...
Windows XP တင်လိုက်တာနဲ့ Built-In Account ၂-ခု ပါလာတာ တော်တော်များများလည်း သိကြမှာပါ။
၁။ Administrator နဲ့
၂။ Guest ဆိုပြီး ပါလာပါတယ် .. ။
Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ် .. ။ Full Access Permission ပေါ့။ ကြိုက်တဲ့ Software တင်လို့ရပါတယ် .. ။ ဖြုတ်လို့ရပါတယ် .. ။ Group Policy တွေ Registry တွေ ပြင်လို့ရပါတယ် .. ။ Account တွေ ထပ်ဖွင့်လို့ရတယ် .. ။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ ရပါတယ် .. ။ Account တွေရဲ့ Password တွေကို Change လို့ရတယ် .. ။
Guess ကတော့ Windows ကို ၀င်သုံးရုံသက်သက်ပါ .. ။ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး .. ။
Administrator က ထပ်ဖွင့်တဲ့ Account တွေမှာလည်း Account Type ၂-မျိုး ရှိပါတယ် .. ။
၁။ Administrator Type နဲ့
၂။ Limited Type ပါ .. ။
Account ထပ်ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account type ကို ရွေးပေးရပါမယ် .. ။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ် .. ။ Limited type နဲ့ ဖွင့်လိုက်ရင်တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး .. ။ ဖွင့်လိုက်တဲ့ account ရဲ့ password ကိုပဲ Change ခွင့်ရှိပါတယ် .. ။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ် .. ။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ ရပါတယ် .. ။ Registry တွေ ကလိသွားမယ် .. ။ ပြီးရင် Password လည်း change သွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ .. ။ ၀င်လို့ရတော့မှာ မဟုတ်ပါ .. ။ အဲဒီတော့ Administrator Account ကို password ပေးထားရပါတယ် .. ။
ကိုယ့်ပေးထားတဲ့ password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင်ရော၊ Windows ထဲကို ၀င်လို့ ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း၊ ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့် ရမှာ မဟုတ်ပါဘူး .. ။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ် .. ။ Password Recovery CD တွေ ရှိတော့ ရှိပါတယ် .. ။ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲ ရှိပါလိမ့်မယ် .. ။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့ နည်းပါ .. ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး .. ။
အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ .. ။ Boot တက်ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားလို့ မေးတဲ့အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ .. ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ .. ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ် .. ။ အသစ်တင်မှာလား၊ Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ .. ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွားပါမယ် .. ။ ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ် .. ။
ဘယ်ဘက်အောက်ခြေက Loading ဘားတန်းအောက်မှာ Hardware Installation ဆိုတဲ့ စာကို တွေ့ရင် Shift + F10 ကို နှိပ်လိုက်ပါ .. ။ Command Prompt ပေါ်လာပါလိမ့်မယ် .. ။ nusrmgr.cpl ကို ရိုက်ပြီး Enter ခေါက်လိုက်ပါ .. ။ User Account Box ပေါ်လာရင် Administrator ကို နှိပ်လိုက်ပါ .. ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ .. ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ပြန်ပေးလိုက်ပါ .. ။ အားလုံးပြီးရင် Exit နဲ့ ထွက်လိုက်ပါ .. ။ Windows Repair ကို ပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ .. ။
Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ် .. ။
အဲ တစ်ခုတော့ ရှိပါတယ် .. ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ်တင်မယ့် XP CD ရဲ့ Service Pack Same ဖြစ်မှ ရမှာနော် .. ။
အားလုံး အဆင်ပြေပါစေနော် .. ။
ခင်မင်စွာဖြင့် ..
ကျူရိုး
ဆက်ဖတ်ရန်>>>