Gtalk မှ သီချင်းလေးတွေ ဖွင့်ပြကြမယ် .. (For Windows'7)

Gtalk မှ သီချင်းလေးတွေ ဖွင့်ပြကြမယ် .. 
(For Windows'7)

ကိုယ်သုံးနေတဲ့ Gtalk ကို ချက်တင်အတွက်သာမကပဲ သီချင်းလေးတွေပါ မဖွင့်ပြချင်ကြဘူးလား .. ။ စကားလုံးတွေထက် သီချင်းလေးတွေက ရင်ထဲအထိကို ထိရောက်စေတယ်နော် .. ။ ကဲ ပြောပြမယ်လေ .. နော် ။

For Windows'7

Windows ရဲ့ ညာဘက်အောက်က (Notification area) မှာ Speaker ပုံလေးနဲ့ အသံအတိုးအကျယ် လုပ်တဲ့နေရာလေးမှာ Right Click နှိပ်၊ Recording Devices ကို သွားပါ .. ။ ပေါ်လာတဲ့ box ထဲက လွတ်နေတဲ့ နေရာမှာ Right Click နှိပ်ပြီး Show Disabled Devices ဘေးနားမှာ Enable အမှန်ခြစ်လေး ပေးလိုက်ပါ .. ။ ပြီးတာနဲ့ Disabled လုပ်ထားတဲ့ Devices လေးတွေ ပေါ်လာပါလိမ့်မယ် .. ။ ပေါ်လာတဲ့ Devices တွေထဲကနေမှ Stereo Mix ကို Right Click နှိပ်ပြီး Enable ပေးလိုက်မယ်ဆိုရင် မှိန်နေရာကနေ လင်းလာပါလိမ့်မယ် .. ။ သူ့ဘေးနားမှာ အစိမ်းရောင်အမှန်ခြစ်ကလေး ပေါ်လာပါလိမ့်မယ် .. ။ ဒါဆို ပြင်ဆင်တာ ပြီးပါပြီ .. ။

Gtalk ကို ၀င်ပြီး ဖွင့်ပြချင်တဲ့ သူကို သီချင်းဖွင့်ပြမယ် .. ။ ဖုန်းခေါ်လိုက်မယ် answer လုပ်လိုက်ပေါ့ .. လို့ ပြောပါ .. ။ သူ့ဘက်က answer လုပ်လိုက်လို့ လိုင်းမိပြီဆိုတာနဲ့ (အတုံးပြည့်ရင် ပိုကောင်းပါလိမ့်မယ် .. ) ကိုယ့်ဘက်က ဖွင့်ချင်တဲ့ သီချင်းဖွင့်ပြလိုက်ပေတော့ .. ။ အိုကေမှာ စိုပြေသွားပါလိမ့်မယ် .. ။

မရတာကတော့ Motherboard မှာပါတဲ့ sound နဲ့ ဆိုင်မယ်လို့ ထင်ပါတယ် .. ။

Windows'7 မှာတော့ ဒီ Feature က ပါပြီးသားပါ .. ။

အဆင်ပြေကြပါစေရှင် .. ။

မူရင်း..http://simplelife.wall.fm/forum/17

ခင်မင်စွာဖြင့်
ကျူရိုး

ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပုန်းနေတဲ့ ဂဏန်းမိအောင်ဖမ်း ...

ပုန်းနေတဲ့ ဂဏန်းမိအောင်ဖမ်း ...


ကဲ .. သူငယ်ချင်းတို့ရေ
ကိန်းဂဏန်းလေးတွေနဲ့ ပျော်ရွှင်စွာ ကစားကြရအောင်နော် .. ။
ဘယ်လို ကစားကြမလဲဆိုတော့ ...

သူငယ်ချင်းတို့ ၀ှက်ချင်တဲ့ ဂဏန်းတစ်လုံးကို ၀ှက်ထားရမယ် .. ။ အဲဒါကို ဘာဂဏန်းပါဆိုတာ ကွတ်တိ ဖော်ထုတ်ပြီး စုံထောက်ကျော် လုပ်ပြမယ် .. ။ ဒါပေမယ့် ကစားနည်းက ပရမ်းပတာတော့ မဟုတ်ဘူး .. ။ အစီအစဉ်တကျတော့ ရှိရမယ် .. ။ အစီအစဉ်အတိုင်းပဲ ကစားသွားကြမယ်နော် .. ။

အစီအစဉ် ၁

သူငယ်ချင်းတို့ကို တည်ကိန်းတစ်ခုပေးမယ်နော် .. ။

အစီအစဉ် ၂

အဲဒီ တည်ကိန်းကို ကြိုက်တဲ့ ဂဏန်းတစ်ခုခုနဲ့ (x) မြှောက်လိုက်ပါ .. ။ (လွယ်ကူမြန်ဆန်အောင် ခုဂဏန်းနဲ့ ပဲ မြှောက်လိုက်ပါ) .. သူငယ်ချင်းတို့ ဘာဂဏန်းနဲ့ မြှောက်တယ်ဆိုတာကို မပြောနဲ့နော် .. ။ အဖြေကိုလည်း မပြောနဲ့ .. ဟုတ်ပြီလား .. ။

အစီအစဉ် ၃

အဖြေဂဏန်းတွေထဲက သူငယ်ချင်းတို့ ၀ှက်ချင်တဲ့ ဂဏန်းတစ်လုံးကို (...) အဲဒီလို အမှတ်အသားခြစ်ပြီး ၀ှက်ထားလိုက်ပါ .. ။ မ၀ှက်ဘဲ ထားတဲ့ ကျန်ဂဏန်းတွေကိုတော့ ခု .. ၊ ဆယ် .. ၊ ရာ .. ၊ မထည့်ပဲ ဂဏန်းအတိုင်း တစ်လုံးချင်း ပြောပါ .. ။

အစီအစဉ် ၎

သူငယ်ချင်းတို့ ၀ှက်ထားတဲ့ ဂဏန်းဟာ ဘာလဲဆိုတာကို အတိအကျ ထုတ်ဖော်ပြောပြလိုက်ရင် သူငယ်ချင်းတို့ အံ့သြသွားစေရမယ် .. ။

ဥပမာ ..
တည်ကိန်း ၄၅ ပေးတယ်ဆိုပါတော့ .. ။ သူငယ်ချင်းတို့က တို့မသိအောင် ၇ နဲ့ မြှောက်လိုက်တယ် .. ။
၄၅ x ၇ = ၃၁၅ ရတယ် .. ။ တကယ်ဆိုရင် အဲဒီအဖြေကို တို့ မသိနိုင်ဘူးလေ .. ။ ၇ နဲ့ မြှောက်တယ်ဆိုတာ တို့မှ မသိပဲကိုး .. ။
     အဲဒီအဖြေ ၃၁၅ ထဲက ၁ ကို သူငယ်ချင်းတို့ ၀ှက်ထားမယ် ဆိုပါတော့ .. ။ ကျန်တဲ့ ဂဏန်းကို မေးရင် ၃ နဲ့ ၅ လို့ သူငယ်ချင်းတို့က ပြောရလိမ့်မယ် .. ။ ဒီလိုဆိုရင် သူငယ်ချင်းတို့ ၀ှက်ထားတာ ၁ ဂဏန်းပဲလို့ သူငယ်ချင်းတို့ စာရွက်ကို မကြည့်ပဲ အတပ်ပြောနိုင်တယ် .. ။

၅ ကို ၀ှက်ထားရင် ကျန်တာဟာ ၃ နှင့် ၁ လို့ ပြောရမှာပေါ့ .. ။ ဒါဆိုရင် ၅ ကို ၀ှက်ထားတယ်လို့ အတပ်ပြောနိုင်တယ်လေ .. ။
၃ ကို ၀ှက်ထားရင် ကျန်တာဟာ ၅ နှင့် ၁ လို့ ပြောရမှာပေါ့ .. ။ ဒါဆိုရင် ၃ ကို ၀ှက်ထားတယ်လို့ အတပ်ပြောနိုင်တယ်လေ .. ။

ဝှက်ထားတာကို အလွတ်ပြောနိုင်တဲ့နည်းကို သူငယ်ချင်းတို့ သိချင်သလား .. ပြောပြမယ်လေ .. ။
၁။ ကိန်းဝှက်လိုသူအား သင်က တည်ကိန်းတခု ပေးလိုက်ပါ။
၂။ ထိုကိန်းကို သူမြှောက်လိုရာ ဂဏန်းဖြင့် မြှောက်ပါစေ။
၃။ မည်သည့်ဂဏန်းဖြင့် မြှောက်သည်ကို မမေးပါနဲ့။
၎။ မြှောက်ရသော အဖြေ၊ ရလဒ်ကိုလည်း မမေးပါနဲ့။
၅။ ရလဒ်ထဲမှ သူလျှို့ဝှက်ချင်သော ဂဏန်းတစ်လုံးအား သူ့ကို ဝှက်ခိုင်လိုက်ပါ။ (ထိုလျှို့ဝှက်သော ဂဏန်းကို သင်က ပြောရမည် ဖြစ်၏)။
၆။ မလျှို့ဝှက်သော ကျန်ဂဏန်းများကို တစ်လုံးချင်း ပြောပြခိုင်းပါ။
၇။ မလျှို့ဝှက်ဘဲ သူပြောပြသော ဂဏန်းများကို မိမိစိတ်ထဲမှ ပေါင်းကြည့်လိုက်ပါ။
၈။ မိမိပေါင်းရသော အဖြေကို ၉-ထဲမှ စိတ်ထဲတွင်ပင် နှုတ်ကြည့်လိုက်ပါ။
၉။ ထိုနှုတ်၍ရသော အဖြေသည် သူလျှို့ဝှက်ထားသော ဂဏန်းပင် ဖြစ်သည်။

ဥပမာ---
၄၅- မိမိပေးထားသော တည်ကိန်း။
x၇= သူမြှောက်ထားသော မြှောက်ကိန်း။
၃၁၅= သူမြှောက်ရသော မြှောက်လဒ်။
၃၁၅= ၁-ကို ဝှက်ထားသည်ဆိုပါစို့၊ ကျန် ၃ နဲ့ ၅။ ၃+၅=၈။
ပုံသေ ၉။ အကျန်ပေါင်း ၈။ (၉-၈=၁)
ဝှက်ကိန်း --- ၁ ။

၃၁၅။  ၅-ကို ဝှက်ထားသည်ဆိုပါစို့။
ကျန် ၃ နဲ့ ၁။ ၃+၁=၄။
ပုံသေ ၉။ အကျန်ပေါင်း ၄။ (၉-၄=၅)
ဝှက်ကိန်း ၅။

၃၁၅။ ၃-ကိုဝှက်ထားသည်ဆိုပါစို့။
ကျန် ၁ နဲ့ ၅။ ၁+၅=၆။
ပုံသေ ၉။ အကျန်ပေါင်း ၆။ (၉-၆=၃)
ဝှက်ကိန်း ၃။

မှတ်ချက်။
(၁) မိမိပေးလိုသော တည်ကိန်းတွင် ပါဝင်သည့် ဂဏန်းများ အားလုံးပေါင်းသည် အမြဲတမ်း ၉-ဖြစ်စေရမည်။
ဥပမာ-၄၅ (၄+၅=၉)။ ၇၂ (၇+၂=၉)။ ၆၃ (၆+၃=၉)။ ၈၁ (၈+၁=၉)


(၂) အပျော်ကစားခြင်းဖြစ်၍ တည်ကိန်းကို ဂဏန်းကြီးများ မပေးသင့်ပါ။
ကဲ နည်းသိသွားပြီဆိုတော့ ဒီနည်းအတိုင်း သူငယ်ချင်းတို့အချင်းချင်း ဆက်ပြီးကစားကြပေါ့နော် .. ။

ကဲ ပုန်းတဲ့ဂဏန်း မိအောင်ဖမ်းရင်း ပျော်ရွှင်နိုင်ကြပါစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အံ့ဖွယ် ရုံးပတီသီး စွမ်းပကား ...

အံ့ဖွယ် ရုံးပတီသီး စွမ်းပကား ...


 မိန်းကလေးတစ်ယောက်ရဲ့ လက်ချောင်းလေးတွေလို ရှည်ရှည်သွယ်သွယ်လေးတွေမို့ အနောက်နိုင်ငံက လူတွေက Ladies' finger လို့ခေါ်တဲ့ ရုံးပတီသီးလေးတွေဟာ မြန်မာပြည်မှာတော့ သိပ်ကို လတ်လတ်ဆတ်ဆတ် စိမ်းစိမ်းစိုစိုနဲ့ ဈေးသက်သက်သာသာ ရနိုင်တဲ့ ဟင်းသီးဟင်းရွက် တစ်မျိုးပဲ ဖြစ်ပါတယ် .. ။

လူတစ်ယောက်ဟာ အနှစ်နှစ်ဆယ်ကျော် ၀မ်းချုပ်တဲ့ ရောဂါကို ခံစားခဲ့ရပြီး၊ လတ်တလောမှာတော့ အစာအိမ်အချဉ်ပေါက်ပြီး၊ လေချဉ်တွေတက်တက် နေတတ်ပါတယ် .. ။ အဲလို နှစ်ရှည်လများ ခံစားခဲ့ရပြီး မသက်သာခဲ့တာမို့ အလွယ်တကူ ပျောက်လိမ့်မယ်လို့လည်း မထင်ထားပါဘူး .. ။
ဒါပေမယ့် ထူးဆန်းစွာပဲ ရုံးပတီသီးကြောင့် သူ့ရောဂါတွေ ပျောက်ခဲ့ရတယ် .. ။ လွန်ခဲ့တဲ့ နှစ်လလောက်က စပြီး ရုံးပတီသီး မှန်မှန်စားလိုက်တာ .. ဘာဆေးမှကို မမှီဝဲလိုက်ရတော့ပါဘူး .. ။ ၀မ်းချုပ်တာ၊ အစာအိမ် အချဉ်ပေါက်ပြီး လေချဉ်တက်တာတွေ ပျောက်သွားတဲ့အပြင် သွေးထဲက သကြားဓါတ်တွေလည်း ၁၃၅ မှ ၉၈ အထိ ကျဆင်းသွားခဲ့ပါတယ် .. ။ ကိုလက်စထရော လယ်ဗယ်ကို ထိန်းထားနိုင်လာပါတယ် .. ။

ချက်ထားတဲ့  ရုံးပတီသီး ပန်းကန်တစ်ဝက်လောက်မှာ Folic acid နဲ့ ဗီတာမင် B6 တွေက လိုအပ်တယ်လို့ ညွှန်းဆိုထားတဲ့ ပမာဏရဲ့ ၁၀% ပါဝင်ပါတယ် .. ။ ဒါကြောင့် ရုံးပတီသီးဟာ အမျှင်ဓါတ်တွေ သိပ်ကြွယ်ဝတဲ့ အစားအစာလို့ ဆိုနိုင်ပါတယ် .. ။

ရုံးပတီသီးမှာ ပါဝင်တဲ့ ဓါတ်တွေနဲ့ အာဟာရတန်ဖိုးတွေ လျော့ကျမသွားဖို့အတွက် သူ့ကို တတ်နိုင်သမျှ အချိန်အနည်းဆုံး ချက်ပြုတ်ရပါမယ် .. ။ အစိမ်းစားတဲ့သူတွေရှိပေမယ့် ရေနွေးလေး ဖျောလိုက်တာ၊ ခဏလောက် ရေနွေးငွေ့နဲ့ ပေါင်းလိုက်တာမျိုးတွေ လုပ်စားနိုင်ပါတယ် .. ။

ခင်မင်စွာဖြင့်
ကျူရိုး 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Photoshop ဖြင့် ဆေးမင်ကြောင်ထိုးမယ် ...

Photoshop ဖြင့် ဆေးမင်ကြောင်ထိုးမယ် ...

အခု သင်ခန်းစာကတော့ မိန်းကလေးတက်တူးမှ မဟုတ်ပါဘူး .. ။ တက်တူးထိုးနည်း သင်ပေးတာပါ .. ။ နည်းစနစ်ကတော့ အတူတူပါပဲ .. ။ ကိုယ့်ခန္ဓာမှာ တက်တူးထိုးရင် ဘယ်လိုမျိုး ဖြစ်သွားမလဲ .. ။ စိတ်ကူးယဉ်ကြည့်လို့ ရတာပေါ့နော် .. ။ ပုံချင်တဲ့ ပုံကို ဖွင့်လိုက်ပါ .. ။


ပြီးရင် တက်တူးကို ထပ်ဖွင့်ပါ .. ။


ဖွင့်ထားတဲ့ တက်တူးကို Copy လုပ်ပါမယ် .. ။ Ctrl + A, Ctrl + C လုပ်ပါ .. ။
Ctrl + Tab ကို နှိပ်လိုက်ရင် မိန်းကလေးပုံကို ရောက်သွားပါလိမ့်မယ် .. ။ Paste (Ctrl + V) ပြန်ခေါ်ပါ။ ဒါဆို ပုံထဲကလို ဖြစ်လာပါမယ် .. ။


တက်တူးပုံကို Layer ကို select လုပ်ပြီး Blend Mode မှာ Multiply လို့ ပြင်ပါ .. ။

နဂါးပုံကြီးနေလို့ ပြင်ချင်ရင်တော့ Edit Menu => Free Transform (Ctrl + T) ကို နှိပ်လိုက်ပါ ..။


အဆင်ပြေသလို ပြင်ပါ .. ။


Free Transform ၀င်နေတဲ့အချိန်မှာပဲ Right Click နှိပ်ပြီး၊ Wrap ရွေးပြီး လိုသလို ချိန်ညှိနိုင်ပါတယ် .. ။
ပုံက ပြန့်ကြီးနေတော့ အဆင်ပြေအောင် နည်းနည်း ရွဲ့ပေးလိုက်ပါတယ် .. ။


အဆင်ပြေပြီဆိုရင်တော့ Enter နှိပ်လိုက်ပါ .. ။ Grid တွေ ပျောက်သွားပါမယ် .. ။ အကြမ်းဖျင်းပဲ ရှိပါသေးတယ် .. ။


ပိုသေသပ်သွားအောင် Liquify နဲ့ သေချာအောင် လုပ်နိုင်ပါတယ် .. ။ ကျောကုန်းနေရာလေးတွေက ဖောင်းနေရမှာလေ .. ။ ဒါကြောင့် Liquify ကို သုံးပြီး ပုံကို လက်နဲ့ တွန်းသလိုမျိုးလေး ဆွဲဆန့် ဆွဲထုတ် လုပ်ပေးနိုင်ပါတယ် .. ။


အောက်မှာ ပြထားတဲ့အတိုင်း Setting လေးတွေ ပြင်နိုင်ပါတယ် .. ။ လက်တွန်းတဲ့ပုံလေး ရွေးတာတော့ .. နဂါးပုံကို လက်နဲ့ တွန်းပြီး လူအရေပြားပေါ်မှာ ကပ်နေတဲ့ပုံစံဖြစ်အောင် ဖန်တီးမလို့ပါ .. ။
 


Show backdrop မှာ on ပြီး Background ပြောင်းတာက Show backdrop ဖြုတ်ထားရင် ကိုယ့် select ပေးထားတဲ့ Layer (နဂါးပုံပဲ မြင်ရတော့) ဘယ်လိုမှ အဆင်မပြေနိုင်လို့ on ထားတာပါ .. ။
Background ပေးထားတာကတော့ Background ဖြစ်တဲ့ မိန်းကလေးပုံကို မြင်ပဲမြင်ချင်ပါတယ် .. ။ ပြင်တဲ့အချိန် မပါချင်လို့ .. ။ (လုပ်ရင်းနားလည်သွားပါလိမ့်မယ်၊ ထပ်သိချင်ရင်တော့ စမ်းကြည့်နိုင်ပါတယ် .. ။)


အခု ပြထားတဲ့ပုံဆိုရင် နည်းနည်းရွဲ့သွားပါပြီ .. ။ Brush Size ကို လိုသလိုသုံးနိုင်ပါတယ် .. ။


အဆင်ပြေ ကြည့်ကောင်းလာပြီဆိုရင်တော့ မလိုတဲ့နေရာတွေကို Eraser နဲ့ ဖျက်ပါတော့မယ် .. ။ Setting လေးက အောက်က အတိုင်းပါပဲ .. ။



နောက်ဆုံး ဖျက်ပြီးသွားရင်တော့ Opacity ကိုလည်း အဆင်ပြေသလို လျော့လိုက်ပါ။ 70 လောက်ဆို အဆင်ပြေမယ်နော် .. တက်တူး အရမ်းထင်းနေရင် မတူပဲ နေပါလိမ့်မယ် .. ။


Final Result လေးပါ .. ။

အဆင်ပြေကြပါစေရှင်

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Dropbox ...

Dropbox ...

Dropbox အကြောင်းရေးမယ် ရေးမယ်နဲ့ မရေးဖြစ်ဘူး ဖြစ်နေတယ် .. ။ Dropbox က Cloud ဆိုတဲ့ အဓိပ္ပါယ်ကို ကောင်းကောင်းပုံဖော်ပေးနိုင်တယ် .. ။ မြန်မာနိုင်ငံမှာကတော့ လူသုံးနည်းမယ် ထင်ပါတယ် .. ။ အင်တာနက် connection အမြဲရှိတယ် (သို့မဟုတ်) အင်တာနက် ကောင်းတယ်ဆိုရင် သုံးသင့်တဲ့ Software လေး တစ်ခုပါပဲ .. ။ Dropbox က computer တစ်ခုကနေ တစ်ခု File တွေကို stick တွေနဲ့ သယ်နေစရာမလိုပဲ sync လုပ်ပေးနိုင်ပါတယ် .. ။

ဥပမာ - ဆိုကြပါစို့။ ရုံးတစ်ခုမှာ computer ရှိတယ် .. ။ အိမ်မှာ computer ရှိတယ် .. ။ ၂ ခုလုံးမှာ internet connection ရတယ် .. ။ ဟိုးအရင်တုန်းကဆို email လှမ်းပို့ထားရင် ပို့။ ဒါမှမဟုတ် stick လေးနဲပ ရုံးက file တွေကို အိမ် သယ်တာပဲ ဖြစ်ဖြစ်၊ အိမ်က file တွေကို ရုံးသယ်တာပဲ ဖြစ်ဖြစ်၊ လုပ်နေရပါတယ် .. ။ နောက်ပြီးတော့ Laptop ကနေ Desktop ကို ပြောင်းရင်လည်း အဲလိုပဲ .. ။ စဉ်းစားကြည့် .. ။ စက် ၃ လုံးကို ၁ ယောက်တည်း သုံးနေတယ် .. ။ stick တစ်ချောင်းနဲ့ ဟိုသယ် ဒီသယ် (သို့မဟုတ်) e-mail တွေနဲ့ အလုပ်ကို ရှုပ်နေတာပါပဲ .. ။ ဒီလိုမျိုး ကိစ္စကို လွယ်လွယ်ကူကူ file တွေကို sync လုပ်လို့မရဘူးလား .. ။

အဲလို ပြဿနာကို Dropbox က ဖြေရှင်းပေးနိုင်ပါတယ် .. ။ Dropbox ကို သုံးတာက ရုံးတစ်ရုံးလုံးက Dropbox ကို သုံးတယ် .. ။ File sharing ကို Network File sharing မသုံးဘူး .. ။ Dropbox ကိုပဲ သုံးတယ် .. ။ ဒီ Project အတွက် လိုအပ်တာတွေကို PM က Project Folder ကို share ပေးလိုက်တယ် .. ။ Accept လုပ်လိုက်ပြီးရင်တော့ ကိုယ့် Dropbox ထဲ sync လုပ်ပြီး ၀င်လာပြီ .. ။ တကယ်လို့ ကိုယ့်မှာ စက် ၃ လုံး ရှိတယ်ဆိုရင်လည်း အဲဒီစက်တွေမှာ Dropbox on တာနဲ့ sync လုပ်သွားပြီလေ .. ။

ရန်ကုန်မှာတုန်းက ပြဿနာက Ubuntu နဲ့ Widows အတွက် File sharing လုပ်ရတာ Windows မပိတ်ခင် stick နဲ့ကူး .. ။ ပြီးရင် Ubuntu ပြောင်း .. ။ ဒါပေမယ့် C: က ဟာတွေကို Ubuntu access ရတဲ့ D: ကို ရွှေ့ပြီးတော့ access လုပ်ရတာပေါ့ .. ။ အဲ Mac book ၀ယ်ဝယ်ချင်းမှာ ပြဿနာတစ်ခု ထပ်ရှိသေးတယ် .. ။ စက်တစ်လုံးထဲမှာ OS 3-ခု .. ။ Windows နဲ့ Ubuntu က Parallel နဲ့ run တာ .. ။ အဲဒီအတွက် file sharing က တော်တော်ဆိုးတာ .. ။ နောက်တော့ Dropbox တင်ထားလိုက်တယ် .. ။ အချို့ file တွေကို iPhone, iPodTouch, iPad, Android တွေကနေ Internet ရှိရင် လှမ်းပြီး access လုပ်လို့ရသေးတယ်။ Dropbox ကို ကိုယ့် စက်မရှိလည်း website ကနေ လှမ်းပြီး လိုတာတွေကို download ဆွဲလို့ရသေးတယ်။

ကျွန်တော့် အကြိုက်ဆုံး feature က Public folder ထဲထည့်လိုက်ရင် right click > Dropbox  > copy public link လုပ်ပြီး တစ်ခါတည်း link ကို ရယူလို့ရတယ်။ Direct Link ထွက်တော့ အခြား file host တွေထက် ပိုသဘောကျတယ်။

အခုလက်ရှိတော့ သီချင်းတွေကို Facebook မှာ တင်ချင်ရင် အဲနည်းလေး သုံးတယ်။ အရင်က ကိုယ့် server မှာ တင်ရင် upload တင်ဖို့ ftp ဝင် .. ။ ပြီးရင် link ကို ကိုယ့်ဘာသာ ကိုယ် ရိုက်တာနဲ့ တော်တော်အလုပ်ရှုပ်တယ်။ နောက်တချက်က Image တွေ share တာပဲ .. ။ MZ Edu မှာ ပုံတွေထည့်ဖို့ Dropbox က public folder ထဲမှာ ထည့်ပြီး ပုံတွေ public link ကနေ ပုံတွေ ထည့်ပြီး သုံးနေတယ်။ သူက free ရပါတယ် .. ။


လူတစ်ယောက်ကို 8 GB ထိ free ရနိုင်တယ်။ 2GB က စပြီး free ပေးတာ။ သူ ပြောထားတဲ့ အဆင့်လေးတွေပြီးရင် 250 MB free ထပ်ရတယ်။ သူငယ်ချင်းတွေကို invite လုပ်လိုက်ပြီး အဲဒီ referrals link ကနေ တဆင့် register လုပ်ပြီးတဲ့အခါ သူခိုင်းတဲ့ အဆင့်ပြီးရင် ထုံးစံအတိုင်း သူ့ကို 250 MB free ပေးပါတယ်။ သူ 250 MB free ရသွားခဲ့ရင် ကိုယ်လည်း 250 MB free ရပါတယ်။ အဲလိုမျိုး invite ကနေ 8 GB ထိ ရနိုင်တယ်။ ကဲ.. register လုပ်ဖြစ်တယ်ဆိုရင်လည်း ကျွန်တော့် referrals link ကနေ register လုပ်ပေးကြဗျာ။ အခုတော့ 4 GB ထိပဲ ရသေးတယ်။ 2 GB နီးပါးလောက်တော့ Dropbox ထဲမှာရှိတယ် .. ။

ကျွန်တော့် referrals link က
http://www.dropbox.com/referrals/NTEyNTI4NzQyOQ
http://www.saturngod.net မှကူးယူဖော်ပြပါသည်။)

ပြန်လည် မျှဝေပါသည် .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS