တော်လိုက်တာ ...

တော်လိုက်တာ ...

စိတ္တဇဆေးရုံတစ်ခုဟာ လူနာတွေကို လေယာဉ်နဲ့ တင်ဆောင်လာပြီးတော့ အခြားဆေးရုံတစ်ခုကို ပြောင်းပါတယ် .. ။
ဆရာဝန်ကတော့ လေယာဉ်မှူးဘေးမှာ ထိုင်နေပါတယ် .. ။
အဲဒီမှာ လေယာဉ်ထဲကနေ အသံတွေကို ဆူညံနေအောင် ကြားနေရပါတယ် .. ။
ဆရာဝန်က အရူးခေါင်းဆောင်ကို ဘဲလ်နှိပ်ပြီး လှမ်းခေါ်လိုက်တယ် .. ။

 "ဘာလုပ်နေကြတာလဲ .. ဆူညံနေတာပဲ"

"ဘောလုံးကန်နေကြတာပါ ဆရာ .."

"ဟာ .. လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူးဆိုတာ မသိဘူးလား .. သွားစမ်း"

"ဟုတ်ကဲ့ပါ ဆရာ .."

အရူးခေါင်းဆောင် ထွက်သွားလေသည်။ ခဏနေတော့ ဘာသံမှ မကြားရတော့ .. ။
ဆရာဝန်လည်း သဘောကျသွားသည်။ ဘဲလ်နှိပ်ပြီး အရူးခေါင်းဆောင်ကို လှမ်းခေါ်လိုက်သည်။

"မင်းဘယ်လို ထိန်းလိုက်တာလဲ .. တိတ်ဆိတ်သွားတာပဲ"

"ဆရာပဲ လေယာဉ်ပေါ်မှာ ဘောလုံးမကန်ရဘူးဆို .. အဲဒါနဲ့ ကျွန်တော်လည်း လေယာဉ်တံခါးပေါက်ကို ဖွင့်ပေးလိုက်တာပါ ဆရာ .. အခုသူတို့ အကုန်အောက်ဆင်းပြီး ဘောလုံး ကန်နေကြပါပြီ .. "

ရယ်မောပျော်ရွှင်နိုင်ကြပါစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Windows 95/98/2000/XP/Vista အတွက်ပဲ အသုံးပြုလို့ရတဲ့ Software များကို Windows 7 တွင် အသုံးပြုနည်း ...

Windows 95/98/2000/XP/Vista အတွက်ပဲ အသုံးပြုလို့ရတဲ့ Software များကို Windows 7 တွင် အသုံးပြုနည်း ...


အားလုံးပဲ အခု Post လေးကို မျှော်လင့်နေမယ်လို့ ထင်ပါတယ်နော် .. ။
တချို့သူတွေ ကြုံကြရမှာပါ .. ။ Windows 7 မှ တချို့ Software တွေ အသုံးပြုလို့ မရတာတွေ၊ Error တွေ ပြနေတာတွေ၊ တချို့ Software တွေက Old Model တွေ ဖြစ်နေလို့ 7 မှ သုံးလို့မရတာတွေ ရှိပါတယ် .. ။

အခု Post လေးက အဲဒါတွေကို ဖြေရှင်းပေးနိုင်လိမ့်မယ်လို့ ထင်ပါတယ် .. ။

မသိတဲ့သူတွေကိုပဲ ရည်ရွယ်ပါတယ် .. ။ သိတဲ့သူတွေကို မရည်ရွယ်ပါဘူး .. ။

အောက်မှာ ပုံနှင့် တကွ ရှင်းပြထားပါတယ် .. ။



 အပေါ်မှာ ပြထားတဲ့အတိုင်း အဆင့်ဆင့် လုပ်ဆောင်သွားမယ်ဆိုရင် Windows 7 မှ Old Model Software နဲ့ Game တွေကို ကစားလို့၊ အသုံးပြုလို့ရနိုင်မှာ ဖြစ်ပါတယ် .. ။

အားလုံးပဲ အဆင်ပြေကြပါစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး

ဝမ်းကိုကိုအောင်ဆိုဒ်မှ ပြန်လည် မျှဝေပါသည် .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Windows Administrator Account Password Change သွားမယ် ဆိုရင် ...

Windows Administrator Account Password Change သွားမယ် ဆိုရင် ...

 Windows XP တင်လိုက်တာနဲ့ Built-In Account ၂-ခု ပါလာတာ တော်တော်များများလည်း သိကြမှာပါ။
၁။  Administrator နဲ့
၂။ Guest ဆိုပြီး ပါလာပါတယ် .. ။

Administrator က Windows တစ်ခုလုံးကို ကြိုက်သလို လုပ်ပိုင်ခွင့်ရှိပါတယ် .. ။ Full Access Permission ပေါ့။ ကြိုက်တဲ့ Software တင်လို့ရပါတယ် .. ။ ဖြုတ်လို့ရပါတယ် .. ။ Group Policy တွေ Registry တွေ ပြင်လို့ရပါတယ် .. ။ Account တွေ ထပ်ဖွင့်လို့ရတယ် .. ။ ဖျက်ချင်တဲ့ Account တွေ ဖျက်လို့ ရပါတယ် .. ။ Account တွေရဲ့ Password တွေကို Change လို့ရတယ် .. ။

Guess ကတော့ Windows ကို ၀င်သုံးရုံသက်သက်ပါ .. ။ ဘာမှ လုပ်ပိုင်ခွင့်မရှိပါဘူး .. ။
Administrator က ထပ်ဖွင့်တဲ့ Account တွေမှာလည်း Account Type ၂-မျိုး ရှိပါတယ် .. ။

၁။ Administrator Type နဲ့
၂။ Limited Type ပါ .. ။

Account ထပ်ဖွင့်တဲ့အခါ Account name ပေးပြီးရင် Account type ကို ရွေးပေးရပါမယ် .. ။ Administrator type နဲ့ ဖွင့်လိုက်ရင် Built-In Administrator အတိုင်း လုပ်ပိုင်ခွင့်ရှိပါတယ် .. ။ Limited type နဲ့ ဖွင့်လိုက်ရင်တော့ ဘာမှ လုပ်ပိုင်ခွင့် မရှိပါဘူး .. ။ ဖွင့်လိုက်တဲ့ account ရဲ့ password ကိုပဲ Change ခွင့်ရှိပါတယ် .. ။ အဲဒီတော့ Administrator ဆိုတာ အရေးကြီးပါတယ် .. ။ Administrator Account ကို Password မပေးထားဘူးဆိုရင် ကိုယ့် Computer ရဲ့ Windows ထဲကို တခြားသူက အလွယ်တကူ ၀င်ရောက်ပြီး ကြိုက်သလို မွှေသွားလို့ ရပါတယ် .. ။ Registry တွေ ကလိသွားမယ် .. ။ ပြီးရင် Password လည်း change သွားမယ်ဆိုရင် ဘယ်လိုလုပ်ကြမလဲ .. ။ ၀င်လို့ရတော့မှာ မဟုတ်ပါ .. ။ အဲဒီတော့ Administrator Account ကို password ပေးထားရပါတယ် .. ။

ကိုယ့်ပေးထားတဲ့ password ကို ကိုယ် ကိုယ်တိုင် မေ့သွားခဲ့ရင်ရော၊ Windows ထဲကို ၀င်လို့ ရတော့မှာ မဟုတ်သလို၊ Limited Account နဲ့ ၀င်လို့ရခဲ့ရင်လည်း၊ ကိုယ်သုံးချင်တဲ့ Program တွေ Install လုပ်ခွင့် ရမှာ မဟုတ်ပါဘူး .. ။ အဲဒီလို Case တွေကို ဖြေရှင်းဖို့အတွက် နည်းလမ်းတွေကတော့ အများကြီး ရှိပါတယ် .. ။ Password Recovery CD တွေ ရှိတော့ ရှိပါတယ် .. ။ ဒါပေမယ့် ၀ယ်ရတာ၊ သုံးရတာ အခက်အခဲ ရှိပါလိမ့်မယ် .. ။ အလွယ်ကူဆုံး နည်းလမ်းကတော့ Windows XP CD နဲ့ Password ပြန် change တဲ့ နည်းပါ .. ။ ဒီနည်းကို သိတဲ့သူတွေ သိပ်မရှိပါဘူး .. ။

အရင်ဆုံး XP CD နဲ့ Boot တက်လိုက်ပါ .. ။ Boot တက်ပြီးလို့ Windows Install လုပ်မှာလား၊ Repair လုပ်မှာလားလို့ မေးတဲ့အဆင့်ရောက်ရင် Enter ခေါက်ပြီး ဆက်သွားလိုက်ပါ .. ။ License Agreement ကို F8 နှိပ်ပြီး Agree လုပ်လိုက်ပါ .. ။ နောက်တစ်ခေါက် Windows တင်ပြီးသားရှိတယ် .. ။ အသစ်တင်မှာလား၊ Repair လုပ်မှာလား ထပ်မေးရင် R ကို နှိပ်လိုက်ပါ .. ။ လိုအပ်တဲ့ File တွေ Copy ကူးပြီး Restart ကျသွားပါမယ် .. ။ ပြန်တက်လာရင် ဆက် Install လုပ်နေပါလိမ့်မယ် .. ။

ဘယ်ဘက်အောက်ခြေက Loading ဘားတန်းအောက်မှာ Hardware Installation ဆိုတဲ့ စာကို တွေ့ရင် Shift + F10 ကို နှိပ်လိုက်ပါ .. ။ Command Prompt ပေါ်လာပါလိမ့်မယ် .. ။ nusrmgr.cpl ကို ရိုက်ပြီး Enter ခေါက်လိုက်ပါ .. ။ User Account Box ပေါ်လာရင် Administrator ကို နှိပ်လိုက်ပါ .. ။ ပြီးရင် Change Password ကို ထပ်နှိပ်လိုက်ပါ .. ။ ပြီးရင်တော့ ကိုယ်ပေးချင်တဲ့ Password ပြန်ပေးလိုက်ပါ .. ။  အားလုံးပြီးရင် Exit နဲ့ ထွက်လိုက်ပါ .. ။ Windows Repair ကို ပြီးတဲ့အထိ ဆက်သွားလိုက်ရင် ရပါပြီ .. ။
Windows, Program နဲ့ Data တွေ ပုံမပျက် ရှိနေပါလိမ့်မယ် .. ။

အဲ တစ်ခုတော့ ရှိပါတယ် .. ။ ကိုယ်တင်ထားတဲ့ Windows ရဲ့ Service Pack နဲ့ ကိုယ်တင်မယ့် XP CD ရဲ့ Service Pack Same ဖြစ်မှ ရမှာနော် .. ။

အားလုံး အဆင်ပြေပါစေနော် .. ။
 ခင်မင်စွာဖြင့် ..
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Introduction to Computers

Introduction to Computers


Hardware and Software
Hardware and Software ဆိုတာ ကွန်ပျူတာနဲ့ အခြေခံကျတဲ့အစိတ်အပိုင်း ၂-ခု ဖြစ်ပါတယ် .. ။

Hardware
Hardware ဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ မြင်နိုင်၊ ထိတွေ့နိုင်သော မည်သည့်အပိုင်းကိုမဆို ခေါ်နိုင်ပါတယ် .. ။
Hardware နဲ့တွဲဖက်အသုံးပြုနိုင်တဲ့ မည်သည့်အစိတ်အပိုင်းကိုမဆို Peripheral လို့ခေါ်ပါတယ် .. ။
(ဥပမာ - Printer, Scanner)

Software
Software ဆိုတာကတော့ ကွန်ပျူတာကို ဘာလုပ်ရမလည်းဆိုတာကို ခိုင်းစေတဲ့ အီလက်ထရောနစ် ခိုင်းစေညွန်ကြားချက်တွေကို စုစည်းထားခြင်းဖြစ်ပါတယ် .. ။ Software ကို ဗူးတွေနဲ့ ထုတ်ပိုးထားတဲ့အတွက်ကြောင့် အဲ့ဒီဗူးတွေကို မြင်နိုင်ပေမယ့် Software သက်သက်ကိုတော့ မြင်နိုင်၊ ထိတွေ့နိုင်ခြင်း မရှိပါဘူး .. ။

Software တွေမှာ Application Software and Operating System Software ဆိုပြီးရှိပါတယ် .. ။

Application Software (အသုံးချတဲ့ Software)
Application Software တွေဟာ သူနဲ့သက်ဆိုင်တဲ့လုပ်ငန်းတွေ လုပ်ဆောင်တာကို ပြီးမြောက်အောင်မြင် စေပါတယ်။ ဆိုလိုတာကတော့ စာရိုက်တဲ့ဆော့ဖ်ဝဲဟာ စာရိုက်တဲ့နေရာမှာ၊ ပုံဆွဲတဲ့ ဆော့ဖ်ဝဲကလည်း ပုံဆွဲတဲ့ နေရာမှာ အသုံးကျစေပါတယ် .. ။
ထင်ရှားတဲ့ Application Software တွေကတော့ Microsoft Word, Excel, PowerPoint, PageMaker, CorelDraw, Photoshop,  Illustrator စသဖြင့် ရှိပါတယ် .. ။

Operating System Software
Operating System Software ဆိုတာကတော့ ကွန်ပျူတာတစ်လုံးရဲ့ အဓိကကျတဲ့ လုပ်ဆောင်ချက်တွေ ကို ထိန်းကျောင်းဖြေရှင်းပေးပါတယ် .. ။ ထင်ရှားတဲ့ Operating System Software တွေကတော့ MS DOS, Windows 3.11, Windows 98 နှင့် Network အသုံးပြုရင် သုံးတဲ့ Novell တို့ဖြစ်ပါတယ် .. ။

Getting Help
Hardware and Software အသစ်တွေကို အသုံးပြုဖို့အတွက် အကူအညီရနိုင်တဲ့နည်းလမ်းတွေလည်း အမြောက်အများရှိပါတယ် .. ။

Documentation
Hardware တွေ၊ Software တွေနဲ့ အတူတွဲပါလာတဲ့ ပုံနှိပ်စာရွက်စာတမ်းတွေမှာ ဘယ်လို Step လုပ်ရမလဲ၊ ဘယ်လိုအသုံးပြုရမလဲ ဆိုတဲ့အကြောင်းတွေကို ရေးသားထားပါတယ် .. ။ Software တွေ အများစုမှာလည်း Help ဆိုတဲ့ လုပ်ဆောင်ပေးချက်တွေ ပါဝင်ပါတယ် .. ။ စာအုပ်ဆိုင်တွေမှာလည်း သက်ဆိုင်ရာစာအုပ်တွေကို ၀ယ်ယူရရှိနိုင်ပြီး ဖတ်ရှုလေ့လာနိုင်ပါတယ် .. ။

Call the exprets
တပ်ဆင်အသုံးပြုတဲ့ ဆော့ဖ်ဝဲ၊ ဟက်ဝဲတွေ သုံးစွဲရာမှာ အဆင်မပြေခဲ့ရင် ၀ယ်ယူခဲ့တဲ့ ဆိုင်မှာပဲ ပြန်လည် ဆက်သွယ်မေးမြန်းနိုင်ပါတယ် .. ။

Classes
အချို့ကွန်ပျူတာရောင်းသူတွေဟာ ကွန်ပျူတာ ၀ယ်ခဲ့ရင်၊ သုံးစွဲသူတွေအတွက် သင့်တော်တဲ့ သင်တန်းတွေ ပေးတာမျိုးတွေလည်း ရှိကြပါတယ် .. ။ ဒါမှမဟုတ်ရင်တော့ တခြားနေရာမှာ သင်တန်းတက်ပြီး သင်ကြားနိုင်ပါတယ် .. ။

How Computer Work
ကွန်ပျူတာတွေဟာ အချက်အလက်တွေ စုဆောင်းခြင်း၊ စစ်ဆေးတွက်ချက်ခြင်း၊ ထိန်းသိမ်းခြင်းနဲ့ ပြန်လည် ထုတ်ပေးခြင်းတို့ကို ဆောင်ရွက်ပေးပါတယ် .. ။

Input
Input device တွေဟာ ကွန်ပျူတာနဲ့ ဆက်သွယ်ဆောင်ရွက်ပြီး သတင်းအချက်အလက်တွေ၊ အမိန့်ပေးခိုင်းစေတာတွေ၊ ထည့်သွင်းနိုင်ပါတယ် .. ။
Keyboard, Mouse, Joystick တို့ဟာ Input device တွေ ဖြစ်ပါတယ် .. ။

Store
သိုလှောင်ထိန်းသိမ်းတဲ့ အစိတ်အပိုင်းတွေဟာ သတင်းအချက်အလက်တွေကို ထိန်းသိမ်းထားပါတယ် .. ။ ကွန်ပျူတာ device တွေမှာ ထိန်းသိမ်းထားတဲ့အချက်အလက်တွေကို အသုံးပြုပြီး လုပ်ငန်းတစ်ခုကို ပြီးမြောက်အောင် ဆောင်ရွက်ပါတယ် .. ။
Hard drive, CD-ROM, Memory Stick တွေဟာ Stroage device တွေ ဖြစ်ပါတယ် .. ။

Process
Centeral Processing Unit (CPU) ဗဟိုတွက်ချက်ရေး ယူနစ်
ကွန်ပျူတာရဲ့အဓိက Chip တစ်ခုဖြစ်ပြီး CPU ဟာ ခိုင်းစေညွှန်ကြားချက်တွေကို ထုတ်ပေးခြင်း၊ တွက်ချက်မှုတွေကို စွမ်းဆောင်ပေးခြင်း၊ ကွန်ပျူတာစနစ်မှ လာသော သတင်းအချက်အလက်တွေကို စီမံ ခန့်ခွဲပေးခြင်းတို့ကို ပြုလုပ်ပါတယ် .. ။
CPU ဟာ Input နဲ့ Output ယူနစ်များ၊ ထိန်းသိမ်းသိုလှောင်တဲ့ Storage device များနဲ့ တွဲဖက်ပြီး လုပ်ဆောင်ခိုင်းစေချက်တွေကို ပြီးမြောက်စေပါတယ် .. ။

Output
Output အစိတ်အပိုင်းတွေဟာ ကွန်ပျူတာနဲ့ သင့်ကို ဆက်သွယ်ပေးစေပါတယ် .. ။
အဲ့ဒီ အစိတ်အပိုင်းလေးတွေကနေ သတင်းအချက်အလက်တွေကို ကွန်ပျူတာ ဖန်သားပြင်ပေါ်တွင် ဖော်ပြပေးခြင်း၊ စက္ကူပေါ်တွင် ပုံနှိပ်ပေးခြင်း၊ အသံထုတ်ပေးခြင်းတို့ကို လုပ်ဆောင်နိုင်ပါတယ် .. ။
(ဥပမာ - Printer, Speaker, Monitor တို့ဟာ Output device များဖြစ်ကြပါတယ် .. )

ပြန်လည်မျှဝေခြင်းသာ

ခင်မင်စွာဖြင့်
ကျူရိုး






ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS