Firefox ပေါ်မှ ဝက်ဘ်စာမျက်နှာများကို print မထုတ်မီ ကြော်ငြာများအား ဖယ်ရှားခြင်း ...
Firefox browser ပေါ်ကနေ ဝက်ဘ်စာမျက်နှာတွေကို print ထုတ်တဲ့အခါမှာ ကြော်ငြာတွေကို ဖယ်ရှားနိုင်စေမယ့်နည်းလမ်း ဖြစ်ပါတယ် .. ။ ဒီနည်းလမ်းဟာ ဝက်ဘ်စာမျက်နှာတွေကို print ထုတ်တဲ့အခါမှာ မလိုအပ်တဲ့ ကြော်ငြာတွေ၊ ဓါတ်ပုံတွေနဲ့ စာရင်းတွေကို ဖယ်ရှားပေးနိုင်မှာ ဖြစ်ပါတယ်။ ဒီနည်းလမ်းကို အသုံးပြုရန်အတွက် Print-Edit လို့ခေါ်တဲ့ Firefox extension ဖြင့် ပြုလုပ်နိုင်ပါတယ်။ ဒီ extension ဟာ ဝက်ဘ်စာမျက်နှာတစ်ခုကို print မထုတ်ခင် ပြင်ဆင်ပေးနိုင်တဲ့အတွက် ဝက်ဘ်စာမျက်နှာမှာရှိတဲ့ ကြော်ငြာ များ ဖယ်ရှားခြင်း (သို့) မလိုအပ်တဲ့ အခြားအစိတ်အပိုင်းများ ဖယ်ရှားခြင်း တို့ကိုပြုလုပ်နိုင်စေပါတယ် .. ။
ပြုလုပ်ပုံကတော့ အောက်ပါအတိုင်း ဖြစ်ပါတယ် .. ။
၁) Print-Edit Firefox extension ကို https://addons.mozilla.org/en-US/firefox/addon/print-edit မှ Install လုပ်ပါ။
၂) ဝက်ဘ်စာမျက်နှာတစ်ခုကို print လုပ်လိုတဲ့အခါမှာ Print-Edit toolbar ခလုတ်ကိုနှိပ်ပြီး Print Edit ကို ရွေးပါ။
၃) Print-Edit editor ပေါ်လာတဲ့အခါမှာ ဖယ်ရှားပြီးသားဖြစ်တဲ့ ကြော်ငြာပုံရိပ်အချို့နဲ့ placeholder တွေကို တွေ့ရပါမည်။ အဲ့ဒါတွေကို ဖယ်ရှားလိုတဲ့အခါမှာ မလိုအပ်တာတွေကိုရွေးချယ်ပြီး Delete ခလုတ်ကို နှိပ်ပါ။
၎) မလိုအပ်တာတွေကို ဖယ်ရှားပြီးတဲ့အခါမှာ Preview ခလုတ်ကို နှိပ်ပြီး လိုချင်တဲ့ပုံစံဟုတ်၊ မဟုတ် ကြည့်ပါ။ ထို့နောက် Print ခလုတ်ကို နှိပ်ပါ။
အထက်ပါအဆင့်အတိုင်းပြုလုပ်ပြီးသွားတဲ့အခါမှာတော့ မလိုအပ်တာတွေကို ဖယ်ရှားထားတဲ့ ဝက်ဘ်စာမျက်နှာတစ်ခုကို print ထုတ်နိုင်ပြီ ဖြစ်ပါတယ်။ Google Chrome browser အသုံးပြုသူတွေ အနေနဲ့လည်း အလားတူ chrome extension ကို install လုပ်ပြီး ပြုလုပ်နိုင်ပါတယ် .. ။
ကျူရိုး