စာဖတ်ပါ ..

စာဖတ်ပါ ..


လူသည် အာဟာရပြည့်ဝဖို့
အစားအသောက်ကို နေ့စဉ်စားရ၏။
အသိဥာဏ်ပြည့်ဝဖို့
နေ့စဉ် စာဖတ်ရ၏ .. ။

အားလုံးဟာ ပြည့်စုံတဲ့အရာတစ်ခု
မဟုတ်ရင်တောင်မှ
အောင်မြင်ကြီးပွားလိုတဲ့ သူ အတွက်တော့
အထောက်အကူပြုမှာ မလွဲပါဘူး .. ။

တကယ်စာဖတ်တဲ့သူဟာ
အသိဥာဏ်ပြည့်ဝသွားမယ် .. ။
စိတ်ဓါတ်ခွန်အား ရင့်ကျက်လာမယ် .. ။

အချိန်က တန်ဖိုးရှိလို့
လောကဓံကို ရင်ဆိုင်နိုင်မယ့်
စာတွေကိုပဲ ရွေးဖတ်သင့်ပါတယ် .. ။

ခွန်အားရှိဖို့ အစားစားရမယ်ဆိုရင်
အသိဥာဏ်ရှိဖို့ စာဖတ်ပါ .. ။

အားလုံးကို ခင်မင်လေးစားလျှက်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ခရီးသွား ရသ”

“ခရီးသွား ရသ”

ခရီးတစ်ခုသွားတော့မယ်ဆိုရင် ခရီးဆောင်အိတ်ထဲမှာ မပါမဖြစ် ပါရမယ့်အရာက “စူးစမ်းမှု” တဲ့ .. ။

ဒီလိုမှတ်သားစရာ စကားလေးကို ရှိတ်စပီးယားက သူ့ပြဇာတ် ဇာတ်လမ်းမှာတောင်မှ ထည့်အရေးခံရအောင် ပြောခဲ့သူက ဆိုကရေးတီး။ ဒါပေမယ့် ကျွန်မအတွက် ဝေးပါတယ် .. ။

ခရီးတစ်ခုသွားမယ်ဆိုရင် လေ့လာစူးစမ်းမှုကို အခြေခံထားပြီး ဒီခရီးကနေ ကိုယ်ကအရာ (၃)မျိုးကို ရအောင် ယူတတ်ရမယ် .. ။ ဒီအရာ (၃) မျိုးကတော့ ...

၁။ ဥစ္စာရမလား .. ။
၂။ ပညာရမလား .. ။
၃။ ကုသိုလ်ရမလား .. ။ ဆိုတာတွေပဲ။ ဒီ ၃ မျိုးထဲက တစ်ခုခုတော့ရအောင် လုပ်ရမယ်။ ခရီးတစ်ခုသာ သွားလိုက်တယ် ..။ ကိုယ့်အတွက် ဒီ ၃ မျိုးထဲက တစ်ခုမှ မရလိုက်ဘူးဆိုရင် အရမ်းကို ညံ့သွားပြီ .. ။

၁။ ဥစ္စာရမလား .. ။
ခရီးတစ်ခုထွက်တယ်ဆိုကတည်းက ပိုက်ဆံကုန်ဖို့ သေချာနေပြီ .. ။ ဒီခရီးထွက်မယ်ဆိုပြီး ပြင်ဆင်ရတဲ့ အချိန်တွေ ကုန်နေပြီ .. ။ ဒီတော့ ဒီခရီးက ကိုယ့်ကိုပိုက်ဆံဥစ္စာပေးမှာ မို့လို့လား .. ။ ကိုယ်က ဒီခရီးကနေ ဥစ္စာပိုက်ဆံ ရမှာလား .. ။ ကိုယ့်ဘာသာကိုယ် မေးကြည့် .. ။

၂။ ပညာရမလား .. ။
ပထမအချက် ဥစ္စာမရဘူးဆိုရင် ကိုယ့်ခရီးကို အလကားတော့ မဖြစ်ခံနဲ့ .. ။ ဒီခရီးတလျှောက်မှာ ဘယ်သူတွေ ဘာလုပ်နေလဲ လေ့လာစူးစမ်း၊ ပြီးတော့ ပညာယူ .. ။ ကိုယ်အခုသွားနေတဲ့ ခရီးဟာ ဘာပညာသင်ဖို့ သွားနေတာလဲလို့ စဉ်းစား၊ ပညာကို တကူးတက သွားပြီးသင်ဖို့ မဟုတ်ဘူးဆိုရင် သွားရင်းလာရင်းနဲ့ သူများတွေ ဘာလုပ်နေတာလဲဆိုပြီး ပညာယူတတ်အောင် ကြိုးစား၊ ဒါမှ ကိုယ့်ခရီးမှာ ပညာရမယ် .. ။

၃။ ကုသိုလ်ရမှာလား .. ။
နောက်ဆုံး ကိုယ်သွားနေတဲ့ ခရီးဟာ ဥစ္စာလည်းမရဘူး၊ ပညာလည်း မရဘူးဆိုပါတော့ .. ။ ဒါဆိုရင် ကိုယ့်မှာ ဒီသွားတဲ့ခရီးမှာ တန်ဖိုးရှိအောင် မဖြစ်မနေလုပ်ရမဲ့ကိစ္စတစ်ခု ရှိနေတယ် .. ။ ဒါကတော့ “ကုသိုလ်” ရအောင် ယူလိုက်တာပဲ .. ။ ကုသိုလ်ယူတယ်ဆိုလို့ အများကြီး၊ အရှည်ကြီးလည်း မစဉ်းစားနဲ့ဦး .. ။ ကုသိုလ်ယူတယ် ဆိုတာ သွားရင်းလာရင်း ပျက်နေတာလေးတွေ ပြင်လိုက်တာ၊ သူများ ထိခိုက်နိုင်တာလေးတွေ ရှင်းပေးလိုက် တာ၊ ငွေလှူလိုက်တာ၊ ကိုယ်စားမယ့်အရာ သူများကို ပေးလိုက်တာ ဒီလိုတွေလည်း ကုသိုလ်ယူလို့ ရတာပဲလေ .. ။

အင်း နောက်ဆုံး ဘယ်လိုမှ ဒီပုံစံနဲ့ ကုသိုလ်ယူလို့မရတော့ဘူးဆိုရင် နောက်ဆုံးနည်းကတော့ “ရှာလို့တွေ့တဲ့ ဘုရားမှာ ထိုင်ရှိခိုးလိုက်တာပဲ .. ။” ဒါဆိုလည်း ကုသိုလ်ရတာပါပဲ .. ။ ဒါမှ ခရီးတစ်ခုသွားတယ်ဆိုတာ တန်ဖိုး ရှိတာ .. ။

ခရီးသွားမယ်ဟေ့ ဆိုရင် ဒီ ၃ မျိုးထဲက တစ်မျိုးမျိုးတော့ရအောင် ယူလာခဲ့ပါ .. ။ နှစ်မျိုး၊ သုံးမျိုး စလုံးရတယ် ဆိုရင်တော့ ဒီခရီးဟာ အတိုင်းထက် အလွန်တန်ဖိုးရှိတာပေါ့ .. ။ ဘာမှမရလာဘူးဆိုရင်တော့ ကိုယ့်ရဲ့ခရီးစဉ် က မဟုတ်သေးဘူး .. ။ တစ်ခုခုတော့ မှားနေပြီ .. ။ တန်ဖိုးမရှိဘူး .. ။ ဒါလေးကို ခရီးသွားမယ်ဆိုတိုင်း ခေါင်းထဲထည့်ထားရမယ် ..

လေးစားစွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ဘာလို့ စည်းကမ်းမရှိတာလဲ”

“ဘာလို့ စည်းကမ်းမရှိတာလဲ”

ယောက်ျားဖြစ်သူက သိပ်စည်းကမ်းကြီးတော့ မိန်းမဖြစ်သူက သိပ်ကြောက်ရတယ် ..
တစ်နေ့မှာ ယောက်ျားက အလုပ်ကပြန်လာတော့ ရေခဲသေတ္တာတစ်လုံး ဝယ်ပေးတယ် ..
ရိုရိုသေသေကိုင်လို့ပြောတော့ .. မိန်းမက ဟုတ်ကဲ့ပါပေါ့ .. ။

နောက်နေ့ ယောက်ျားအလုပ်ကပြန်လာတော့ ယောက်ျားက ရေခဲသေတ္တာကို ဖွင့်တယ် ..
ဘာမပြောမဆိုနဲ့ မိန်းမကို ပါးရိုက်လိုက်တယ် .. မိန်းမက အံ့သြပြီး စဉ်းစားတယ် ..
“အော် .. သူကြိုက်တတ်တဲ့ ဝက်အူချောင်းတွေ ထည့်မထားပေးလို့ နေမယ်”
နောက်နေ့ ဝက်အူချောင်းတွေ ထည့်ထားပေးတယ် .. ယောက်ျားက အလုပ်က ပြန်လာတော့
ရေခဲသေတ္တာကို ဖွင့်တယ် .. ပါးရိုက်လိုက်တယ် .. မိန်းမက စဉ်းစားတယ် ..
“အင်း .. သူ့ကို ဘီယာဘူးတွေ ထည့်မထားပေးလို့ ထင်တယ် ..”
နောက်နေ့ ထည့်ထားပေးလိုက်တယ် .. ယောက်ျားက ပြန်လာတော့ ရေခဲသေတ္တာဖွင့်ပြီး  ရိုက်ပြန်ရော ..
မိန်းမက မေးတယ် ..
“ငါ မင်းကို ရေခဲသေတ္တာကို စည်းကမ်းရှိရှိ သုံးပါလို့ ပြောထားတယ် မဟုတ်လား .. ကြည့်စမ်း ..
ငါပြန်လာတိုင်း ရေခဲသေတ္တာက မီးလင်းနေတယ်”

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“မှားသွားပြီ”

“မှားသွားပြီ”

စိတ္တဇရောဂါဖြစ်နေတဲ့ သားကို မိဘတွေက အိမ်မှာ ဆရာဝန်ခေါ်ပြတယ် .. ။
ဆရာဝန်ကို သားဖြစ်သူက ပြောပြနေတယ် .. ။

“ဆရာ .. ကျွန်တော် ညက ရှုးပေါက်ချင်လို့ အိမ်သာထဲ သွားတယ် ဆရာ .. အိမ်သာတံခါးကို ဖွင့်လိုက်တော့
မီးက အလိုလိုလင်းသွားတယ် .. တံခါးပြန်ပိတ်လိုက်တော့ မီးက အလိုလိုမှိတ်သွားတယ် ဆရာ .. အဲဒါနဲ့ ကျွန်တော်လဲ ရှုးပေါက်ပြီး ပြန်အိပ်နေလိုက်တယ် .. ”

အဖေဖြစ်သူက ထအော်တယ် .. ။

“ဟာ .. အဲဒါမှ ပြဿာနာပဲ .. မိန်းမရေ .. မင်းသား ရေခဲသေတ္တာထဲ ရှုးပေါက်လိုက်ပြီ ထင်တယ် ..”

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“တူးတီးတူတူးတူး”

“တူးတီးတူတူးတူး”

ချူချာလူမျိုးတစ်ယောက်က အင်္ဂလန်ကိုသွားလည်တယ် .. ။
ဟိုတယ်မှာ တည်းတယ် .. ။ သူက receptionist ကို ပြောတယ် .. ။
“တူးတီးတူတူးတူး”
receptionist နားမလည်ဘူး .. ။ ဒါနဲ့ စပိန်ဘာသာပြန်ကို ခေါ်မေးတယ် .. ။
စပိန်ဘာသာပြန်က မေးတယ် .. ။
“ဘာအလိုရှိပါသလဲ လူကြီးမင်း ခင်ဗျာ”
ချူချာပြန်ပြောတယ် .. ။
“တူးတီးတူတူးတူး”
စပိန်ဘာသာပြန် နားမလည်ဘူး .. ဒါနဲ့
ပြင်သစ် ဘာသာပြန်ရောက်လာတယ် .. မေးတယ် .. ချူချာကလဲ ပြန်ပြောတယ် .. ။
“တူးတီးတူတူးတူး”
ပြင်သစ်လဲ နားမလည်ဘူး .. စကားပြန်တွေ တော်တော်စုံသွားတယ် .. ။ ဘယ်သူမှ နားမလည်ဘူး .. ။
နောက်ဆုံး ဟိုတယ်မန်နေဂျာ ရောက်လာတယ် .. ။ မေးတယ် .. ။
“ဘာများ အလိုရှိပါသလဲ လူကြီးမင်းခင်ဗျာ”
ချူချာက ပြောပြတယ် ..
“တူးတီးတူတူးတူး”
မန်နေဂျာ စဉ်းစားတယ် .. ။ ပြီးတော့မှ ဝမ်းသာအားရ ထ ပြောတယ် .. ။
“အော် .. သူကပြောတယ် .. လက်ဖက်ရည် နှစ်ခွက် .. အခန်းနံပါတ် ၂၂ ကို လာပို့ပေးပါတဲ့”

ဟား .. ဟား .. ရယ်ရဝူးလား ..
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ဒီလို မေးရတယ်ကွ”

“ဒီလို မေးရတယ်ကွ”

ရွာတစ်ရွာမှာ အိမ်ထောင်စုစာရင်းကောက်ဖို့ မောင်အကို ရွာလူကြီးက တာဝန်ပေးလိုက်တယ် .. ။

“လွယ်ပါတယ်ကွာ .. မင်းက တစ်အိမ်တက် .. တစ်အိမ်ဆင်း အိမ်ထောင်စု စာရင်းကောက်ဖို့ ပါလို့ ပြော ..
အိမ်ထောင်ရှိလား .. ကလေးရောရှိလား .. ယောက်ျားလေးဘယ်နှစ်ယောက် .. မိန်းကလေးဘယ်နှစ်ယောက်
အဲလိုမေးပြီး ဒီစာအုပ်ထဲ မှတ်ခဲ့ရုံပဲ .. ”

မောင်အ အိမ်တစ်အိမ်ထဲဝင်သွားတယ် .. ။ ကောင်မလေး တစ်ယောက်ထွက်လာတယ် .. ။ မောင်အ ပြောလိုက်တယ် .. ။

“အိမ်ထောင်စု စာရင်း ကောက်မလို့ .. မင်းဒီအိမ်ကလား ..”

ကောင်မလေး ခေါင်းညိတ်ပြတယ် .. မောင်အက မေးတယ် .. ။

“အိမ်ထောင်ရှိလား”
“မရှိပါဘူး”
“ဒါဆိုကလေးရော”
“ဖြန်းးးးး”

မောင်အကို ကောင်မလေးက ပါးရိုက်ပြီး အိမ်ထဲပြန်ဝင်သွားတယ် .. မောင်အလဲ ရွာလူကြီးဆီ ပြန်လာပြီး ပြောပြတယ် .. ။ ရွာလူကြီးက ပြောတယ် .. ။

“အေးပေါ့ကွာ .. အိမ်ထောင်မရှိပါဘူး ပြောတာ .. ကလေးက ဘယ်ရှိမှာလဲ .. ဒီတစ်ခါ ကလေးရှိလား အရင်မေး ကြားလား .. ”

မောင်အ ပြန်ထွက်လာတယ် .. ။ အိမ်တစ်အိမ်ကို ဝင်တယ် .. ။ အဘွားကြီး တစ်ယောက်ကို တွေ့တော့ သူ ပြောတယ် .. ။

“အိမ်ထောင်စုစာရင်းကောက်မလို့ .. အဘွားဒီအိမ်ကလား ..”
“အေး”
“အင်း .. အဘွား ကလေးရှိလား ..”
“အေး .. ရှိတယ် ၆-ယောက်”
“ဒါဆို အိမ်ထောင်ရော ..”
“ဖြန်းးးးး”
အဘွားကြီး အိမ်ထဲ ပြန်ဝင်သွားတယ် .. ။

ကဲ ... မှတ်ပြီလား ..
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ဒါတွေ ယူသွား”

“ဒါတွေ ယူသွား”

တစ်ညမှာ အိမ်တစ်အိမ်ကို သူခိုးဝင်တယ် .. ။
အဲဒီအိမ်က ကောင်လေးက သူခိုးကို တွေ့သွားတယ် .. ။
သူခိုးလဲ လန့်သွားတယ် .. ။ ကောင်လေးက ဘာမပြောဘာမဆိုနဲ့
သူ့ကျောင်းစာအုပ်တွေ “မ” ချလာပြီး သူခိုးကိုပေးရင်း ပြောလိုက်တယ် .. ။
“ရော့ .. ဒါတွေပါယူသွား .. မယူသွားရင် တစ်အိမ်လုံး နိုးအောင် အော်ပစ်လိုက်မယ် .. ”

ဟင်း .. ဟင်း ဘာမှတ်လဲ ..
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“မဖြစ်နိုင်ဘူး”

“မဖြစ်နိုင်ဘူး”

တစ်ခါက လူတစ်ယောက်က ဧည့်ခန်းထဲမှာ တီဗွီထိုင်ကြည့်နေတယ် .. ။
အဲဒီအချိန် တံခါးခေါက်သံကို သူကြားလိုက်တယ် .. ။ ပြန်မေးလိုက်တယ် .. ။
“ဘယ်သူလဲ”
အပြင်က ပြန်ဖြေတယ် .. ။
“ငါပဲ”
အထဲက လူ အရမ်းလန့်သွားတယ် .. ။ သူ မှန်ရှေ့ကို ပြေးပြီး သွားကြည့်လိုက်တယ် .. ။
မှန်ထဲမှာ သူ့အရိပ်ကို သူမြင်နေရတယ် .. ။ ဒီတော့မှ ပြန်အော် ပြောလိုက်တယ် .. ။
“မဖြစ်နိုင်ဘူး .. ငါက ဒီမှာ ရှိနေတာပဲ ဟာာာာ .. ။”

တစ်ချက်ပြုံးရင် တစ်ရက် အသက်ပိုရှည်နိုင်ပါတယ် .. ။
ပျော်ရွှင်ပါစေ
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပြုံးလိုက်ရအောင် ...

“ရယ်မောခြင်းသည် စိတ်နှင့်လူကိုနုပျိုစေ၏တဲ့..။”

 ဒီတခါတော့ဖတ်ဖူးတဲ့ဟာသလေးတွေဖောက်သယ်ချလိုက်အုန်းမယ်။ဝါးလုံးကွဲမရယ်ရရင်တောင်ပြုံးမိတယ်ဆိုရင်ပဲမျက်နှာပေါ်မှာရှိတဲ့အရေပြားတွေကိုသွေးလည်ပတ်မှုကောင်းစေတယ်လို့စဉ်းစားကြည့်လိုက်ပါ။ဘဝအမော
တွေထဲမှာပြုံးဖို့မေ့နေသူတွေလဲရှိနေမှာပဲနော်။ဒါကြောင့်ဒီဟာသလေးတွေကိုဝေမျှပေးလိုက်တယ်ရယ်မောခြင်းသည် စိတ်နှင့်လူကိုနုပျိုစေ၏တဲ့

သားသားကြောက်ကြောက်
အမေလုပ်သူနဲ့ဆေးခန်းကိုလိုက်သွားတဲ့သုံးနှစ်သားကလေးလေးတယောက်ကသူ့ဘေးမှာလာထိုင်တဲ့ကိုယ်ဝန်ဆောင်အမျိုးသမီးတယောက်ကိုတအံ့တဩကြည့်ပြီးအနားကပ်သွားတယ်ပြီးတော့
"အန်တီဘာလို့ဗိုက်ကြီးပူနေတာလဲဟင်"အမျိုးသမီးလဲချစ်စရာစကားတတ်တဲ့ကလေးလေးကိုကြည့်ပြီး
"အန်တီဗိုက်ထဲမှာသားသားလိုချစ်စရာကောင်းတဲ့ကလေးလေးရှိလို့ပေါ့ကွယ်"
ကလေးငယ်ကမျက်လုံးဝိုင်းကြီးတွေနဲ့"တကယ်လားဟင်"
အမျိုးသမီးက"တကယ်ပေါ့သားသားရဲ့"
"သူကလိမ္မာလားဟင်""လိမ္မာတာပေါ့သားရဲ့"
အမျိုးသမီးရဲ့စကားကိုလဲကြားရောပိုပြီးအံ့ဩကြောက်ရွံ့တဲ့မျက်လုံးတွေနဲ့အမျိုးသမီးကိုမေးလိုက်တာက
"သူကလိမ္မာရဲ့သားနဲ့အန်တီကဘာလို့သူ့ကိုစားပြစ်လိုက်ရတာလဲ"

တော်လိုက်တဲ့ငါ့သား
ကောင်လေးတယောက်ကဈေးကနေပြီးတော့ကြက်တွေထည့်ထားတဲ့ခြင်းတောင်းကိုဆွဲပြီးပြန်လာပါတယ် သူ့အဖေကဈေးသိမ်းနောက်ကျမှာမို့သူ့ကိုကြက်တွေအရင်ယူသွားခိုင်းတာပါ။ကောင်လေးလဲအဖေ့ရဲ့ယုံယုံကြည်ကြည်နဲ့ခိုင်းတာခံရလို့ပျော်ရွှင်စွာနဲ့ပြန်လာတယ်ဒါပေပမယ့်ကံဆိုးစွာပဲရပ်ကွက်ထဲဝင်တဲ့လမ်းကျမှခြင်းတောင်းလွတ်ကျပြီးကြက်တွေထွက်ပြေးကုန်ပါရော။
ကောင်လေးလဲစိတ်ပျက်နေမဲ့အစားကြက်တွေကိုရပ်ကွက်တခွင်ပြဲပြဲစင်အောင်လိုက်ဖမ်းရင်းမိုးစုပ်စုပ်ချုပ်မှအိမ်ပြန်ရောက်သွားတယ်၊ဒါနဲ့ကြက်ခြင်းကိုအဖေ့ကိုပေးပြီးလမ်းမှာကြက်တွေလွတ်ကုန်လို့လိုက်ဖမ်းတာနဲ့နောက်ကျသွားတယ်အဖေ ဒါပေမဲ့မပူပါနဲ့ ကျွန်တော်ကြက်၁၂ကောင်လုံးမိအောင်ပြန်ဖမ်းလာခဲ့ပါတယ်ဆိုတော့ စောစောကအိမ်ပြန်နောက်ကျလို့ဒေါသဖြစ်နေတဲ့အဖေက ပြုံးလာပြီးသူ့သားကိုပြောလိုက်တာက
တော်လိုက်တဲ့ငါ့သားအဖေပေးလိုက်တဲ့ကြက်၇ကောင်ကိုနေ့ခြင်းပွါးအောင်လုပ်ပြစ်လိုက်နိုင်တာပဲတဲ့

ကလေးအတွေး
၆နှစ်အရွယ်ကလေးတယောက်ကသူ့ဖေကိုမေးသတဲ့ ' ဖေဖေကလေးလေးတွေဘယ်လိုဖြစ်လာတာလဲဟင်'
အဖေလုပ်သူကလဲ'မင်းမေမေကိုမေးကြည့်သားရယ်'တဲ့
ကလေးကလဲသူ့အမေကို'မေမေကလေးလေးတွေဘယ်လိုဖြစ်လာတာလဲဟင်'ဆိုတော့
သူအမေက'မင်းဖေဖေကိုမေးကြည့်သားရယ်လို့ပဲပြောလိုက်တယ်
အဲဒီစကားကိုလဲကြားရော ကလေးကခဏစဉ်းစားပြီး ဝမ်းပမ်းတနဲနဲ့
"သားကအမေတို့အဖေတို့သားမဟုတ်တာသေချာပါပြီ သားဘယ်လိုဖြစ်လာသလဲဆိုတာအမေရောအဖေရောဘယ်သူမှမသိကြဘူး"

မရီရရင်တောင်အကြောလျှော့တဲ့အနေနဲ့ပြုံးလိုက်ပါ။ စာဖတ်သူသင့်ရဲ့စိတ်ထဲနဲနဲတော့ပေါ့သွားပါလိမ့်မယ်။

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဟာသ အတိုအထွာ ...

 “ပျင်းတာနဲ့ ဟာသအတိုလေးတွေ စုထားတဲ့ စာအုပ်တစ်အုပ်ဖတ်မိတာ ရယ်ရလို့ တချို့ကို ကူးပြီး ပြန်လည်မျှဝေ လိုက်တာပါ .. ။ အပျင်းတော့ ပြေမယ် ထင်ပါတယ်နော် .. ”


"ရှိပြီးသား"

လောင်းကစားဝိုင်းများရှိသော လာဗေဂါသို့ လုပ်ငန်းရှင်တစ်ဦး ရောက်လာလေရာ အဝတ်အစား ညစ်နွမ်းနွမ်းနှင့် လူတစ်ယောက်က သူ့အနားလာပြီး ပြောလေသည်။
“ကျွန်တော့ကို ပိုက်ဆံ ၂၅ ဒေါ်လာလောက် ချေးပါဗျာ၊ ကျွန်တော် ထမင်းမစားရတာ နှစ်ရက်လောက် ရှိနေလို့ပါ”
“မင်း အဲဒီငွေကို လောင်းကစားပစ်ရင် ငါ ဘယ်လိုလုပ် သိမလဲကွ”
“ဟာ ဒါတော့ စိတ်ချ၊ လောင်းကစားဖို့ ပိုက်ဆံက ကျွန်တော့မှာ ရှိပြီးသားပါ”


"ပြချင်လို့"

သူတောင်းစားတစ်ယောက်သည် လူတစ်ယောက်ထံမှ ထမင်းဖိုး ပိုက်ဆံတောင်းလေသည်၊ ထိုအခါ ထိုလူက
“မင်းတစ်ခုခု သောက်မလား ငါ တိုက်မယ်”
“မသောက်တတ်ပါဘူး ခင်ဗျာ”
“ဒါဆိုရင် ဆေးပြင်းလိပ်ကောင်းကောင်း ငါ ဝယ်ပေးမယ် မင်း သောက်မလား”
“ဆေးလိပ်လဲ မသောက်တတ်ပါဘူး၊ ကျွန်တော် တစ်ခုခုပဲ စားချင်ပါတယ် ခင်ဗျာ”
“ငါ မြင်းပွဲ သွားမလို့၊ မြင်းတစ်ကောင်းကောင်းလဲ ရထားတယ်၊ မင်းကို ငါ ပိုက်ဆံပေးမယ်၊ ငါနဲ့ လိုက်ပြီး မြင်းလောင်းပါလား”
“လောင်းကစားလဲ မလုပ်တတ်ဘူး ခင်ဗျ”
“ကဲကွာ ဒါဆိုရင် မင်း ငါနဲ့ညစာ အတူတူ စားဖို့ ငါ့အိမ်ကို လိုက်ခဲ့စမ်းပါ၊ ငါ့မိန်းမကို လူတစ်ယောက်ဟာ အရက်မသောက် ဆေးလိပ်မသောက် လောင်းကစားလဲ ဝါသနာမပါဘူး ဆိုရင် ဘယ်လိုဖြစ်တတ်တယ် ဆိုတာ ပြချင်လို့ပါ”


"ဖြည်းဖြည်း"

အိမ်ခြေယာမဲ့ နှစ်ယောက်သည် ဘေးတွဲပါသော ဆိုင်ကယ်တစ်စီးကို တွေ့သဖြင့် တစ်ယောက်က ဆိုင်ကယ်ပေါ် တက်လိုက်ပြီး ကျန်တစ်ယောက်က ဘေးတွဲထဲ ဝင်ထိုင်လေသည်၊ ထို့နောက် ဆိုင်ကယ်ကို စက်နှိုး၍ မိုင်ကုန် မောင်းလေသည်၊ ဤသို့နှင့် ၁၅မိနစ်ခန့် မောင်းလာပြီးသောအခါ ဘေးတွဲနှင့်လိုက်လာသူမှာ လျှာထွက်မတတ် မောပန်းနေသည်ကို ဆိုင်ကယ်မောင်းသူက မြင်လိုက်သဖြင့် ဆိုင်ကယ်ကို ရပ်လိုက်ပြီး
“သူငယ်ချင်း ဘာဖြစ်လို့လဲကွ”
“ဖြည်းဖြည်း မောင်းပါကွာ၊ ဒီဆိုင်ကယ် ဘေးတွဲက ဟောင်းလောင်းပေါက်ကြီး ထိုင်ခုံမပါဘူးကွ တစ်လမ်းလုံး ပြေးလိုက်ခဲ့ရတာ သေတော့မယ်”


"ဓါးခုတ်ပြိုင်ပွဲ"

ကမ္ဘာ့အကောင်းဆုံး ဓါးခုတ်ပြိုင်ပွဲဝင်များ၏ အစွမ်းပြပွဲကို ပြုလုပ်လျက်ရှိရာ ပထမဆုံး တတိယဆုရ ဓါးသမား
ထွက်လာ၏၊ ထိုအခါ ယင်ကောင်တစ်ကောင်ကို လွှတ်လိုက်သည်၊ ထိုဓါးသမားက ဓါးကို ဆွဲထုတ်လိုက်ပြီး
တစ်ချက် ဝှေ့ယမ်းလိုက်ရာ ယင်ကောင်မှာ နှစ်ပိုင်းပြတ်သွားလေသည်။ ဒုတိယဆုရ ဓါးသမားအလှည့်တွင်
ယင်ကောင်မှာ လေးပိုင်း ပြတ်သွားလေသည်။ ဤသို့ဖြင့် အကောင်းဆုံး ဓါးသမားအလှည့် ရောက်လာ၏။
သူ့ဓါးချက် ဝှေ့ယမ်းလိုက်ရာ ယင်ကောင်မှာ ဆက်လက်ပျံသန်းသွားလေသည်၊ ပရိသတ်ကြီးမှာ တအံ့တဩ ဖြစ်သွားကြလေသည်။ ကမ္ဘာ့အကောင်းဆုံး ဓါးသမား ဓါးချက်လွဲသွားပြီဟု အားလုံးက ထင်လိုက်လေသည်။ သို့သော် ထိုဓါးသမား၏ မျက်နှာပေါ်တွင် ကျေနပ်သော အပြုံးကို တွေ့နေရ၏၊ ထိုအခါ ပရိသတ်ထဲမှ တစ်ယောက်က လှမ်းမေးလိုက်သည်။
“ခင်ဗျားရဲ့ ဓါးချက် လွဲသွားတာတောင် ဘာဖြစ်လို့ ခင်ဗျားက ပြုံးနေရတာလဲ”
“ဒီလိုဗျ၊ ခင်ဗျားတို့က သေသေချာချာမှ ကြည့်မနေဘဲ၊ အဲသည်ယင်ကောင် သေတော့မသေဘူးပေါ့၊ ဒါပေမဲ့ အဲဒီကောင်ဟာ ဘယ်တော့မှ အဖေ တစ်ယောက် မဖြစ်နိုင်တော့ဘူးလေ”

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အာခံတွင်းနံ့ ရှင်းသန့်စေရာ ...

 အာခံတွင်းနံ့ ရှင်းသန့်စေရာ ... 

အနံ့အသက် စွဲစေသော အစားအစာများ( ဥပမာ- တညင်းသီး၊ ဆူးပုပ်ကြီးရွက်)
စားသောက်ပြီးနောက်အာခံတွင်း (ပါးစပ်)တွင်၎င်းတို့၏ အနံ့အသက်များစွာကျန်
နေတက်သည်။၎င်းအနံ့အသက်များပျောက်စေလိုသော်.............................
သကြားလက်ဖက်စားဇွန်း(၁)ဇွန်းခန့်ဝါးစားပေးပါ။မကြာမီ အနံ့အသက်များကင်းစင်
သွားမည် ဖြစ်ပါကြောင်း သတင်းကောင်းပါးလိုက်ပါ သည်။


သွားခြေယိုင် ပြီးသွားရင်းကပြည်ယိုသော်.........................................
မာလကာသီးအစေ့ကို အခြောက်ခံ ၊ အမှုန့်ထောင်းပြီးထည့်ပေး
မကြာခင်ပျောက်ပါလိမ့်မယ်။

သွားနာ ၊ သွားကိုက် ၊ သွားဖုံးပြည်ယိုရောဂါများအတွက်
မာလကာခေါက်ပြုတ်ရည် ကို ငုံပေးရင် သက်သာပျောက်ကင်းစေနိုင်ပါတယ်။

(.. ကျူရိုးက အမြဲတမ်း သွားရောဂါ ဖြစ်နေကျ .. တစ်ခုမဟုတ်တစ်ခု ဆေးခန်းသွားပြနေရလို့ သူငယ်ချင်းများကို ပြန်လည် မျှဝေပါတယ်နော် ..)
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

သင့်ဘဝအတွက် သိမှတ်ဖွယ် ...

သင့်ဘဝအတွက် သိမှတ်ဖွယ် ...


အတွေးအခေါ်ပညာရှိတဲ့ ပုဂ္ဂိုလ်ဟာ သူများမှားတာကို သင်ခန်းစာယူတတ်၏။
အတွေးအခေါ်ပညာနည်းတဲ့ ပုဂ္ဂိုလ်ကကျတော့ ကိုယ်တိုင်မှားမှ သင်ခန်းစာယူတတ်၏။
အတွေးအခေါ်ပညာမရှိတဲ့ ပုဂ္ဂိုလ်ကတော့ ကိုယ်ကိုယ်တိုင်မှားတာတောင် သင်ခန်းစာမယူတတ်ပေ။
ပညာရှိထံ နည်းခံသင်မှ ပညာရ၏။
ထကြွလုံ့လ ရှိမှ ဥစ္စာရ၏။
သစ္စာတည်မှ ကျော်စော ရ၏။
ပေးကမ်းတတ်မှ ကုသိုလ်ရ၏။
မိဘနှစ်ဖြာ ရှိနေပါလည်း၊ ကျေးဇူးမသိ မဆပ်ဘိက၊ တစ်သက်လုံးလုံး လူဖြစ်ရှုံး၏။
.ပါရမီဆိုတာ မြင့်မြတ် သူတွေရဲ့ အလုပ်လို့ အဓိပ္ပာယ်ရ၏။ တနည်းအားဖြင့် ပါရမီ ဆိုတာ “မြင့်မြတ်သူ ဖြစ်ကြောင်း အလုပ်” လို့ အဓိပ္ပာယ်ရ၏။ လူတစ်ယောက်ကို မြင့်မြတ်သူ ဖြစ်စေနိုင်တဲ့ အလုပ်၊ မြင့်မြတ်သူ အဖြစ် ပို့ဆောင် ဖန်တီးပေးနိုင်တဲ့ အလုပ်ဟာ ပါရမီရဲ့ အဓိပ္ပာယ်ပါပဲ။
မိုက်သူသည် မိမိလုပ်ငန်း မအောင်မြင်လျှင် တစ်ခြားသူများအပေါ် အဖြစ်ဖို့၏။
ထို့ထက် လိမ္မာသူသည် မိမိကိုယ်မိမိ အပြစ်ဖို့၏။
အလိမ္မာဆုံးပုဂ္ဂိုလ်ကတော့ ဘယ်သူ့ကိုမှ အပြစ်မဖို့။
မိုက်တယ်ဆိုတာ ကိုယ်ပဲခံရတာ။
ကောင်းတယ်ဆိုတာလည်း ကိုယ်ပဲခံရတာ။
စိတ်လေးနေခဲ့သော်…. သင့်စိတ်၏အကြံ မီးဒဏ်သင့် ခံနေရရှာပြီ။
စိတ်ပြေးနေခဲ့သော်…… သင့်စိတ်ထဲ မီးစွဲနေချေပြီ။
စိတ်ဆွေးနေခဲ့သော်… သင့်စိတ်တစ်စဉ်လုံး မီးဟုန်းဟုန်း တောက်ထချေနေခြေပြီ။
အလုပ်ရှုပ်ရင် အလုပ်ပြောင်း ကံ ကောင်းအောင်။
အာရုံ ရှုပ်ရင် အာရုံပြောင်း ဈာန်ကောင်းအောင်။
စိတ် ရှုပ်ရင် စိတ်ပြောင်း ဥာဏ်ကောင်းအောင်။
သေးသိမ်ညံ့ဖျင်းတဲ့ အမှုကို နည်းနည်းလေးမှ မလုပ်လေနှင့်။
သင်၏ ကောင်းမှန်သော ကြံစည်မှု၊ ပြောဆိုမှု မှန်စေခြင်း ဖြင့်သာ အတူနေများ ဂုဏ်မြင့်ဖွား၍ အင်အား တတ်စေရာ၏။
အကုသိုလ်တရားမှ အကျိုး ပေးသောအခါ ဒေါသ မဖြစ်လိုက် ပါနှင့်၊ ၀မ်းသာ လိုက်ပါ။ “အကုသိုလ် အကြွေး ကျေပြီ” ဟူ၍ နှလုံးသွင်းလိုက်ပါ။
စိတ်သည် ဆုံးမရန် အလွန်ခက်၏၊ အလွန်လျှင်မြန်၏၊ ရောက်ချင်ရာသို့ ရောက်တတ်၏။
ထိုစိတ်ကို ယဉ်ကျေးအောင် ဆုံးမနိုင်လျှင် ကောင်း၏။
ယဉ်ကျေးသော စိတ်သည် ချမ်းသာကိုဆောင်နိုင်၏။
သတိ ဆိုတာ စိတ်ရဲ့နေအိမ်ပါပဲ။ သတိ မရှိတဲ့ စိတ်ဟာ စိတ်မရှိတဲ့ လူလိုပဲ ကြုံရာ၊ ခြေဦးတည့်ရာ လျှောက် သွားနေတတ်တယ်။ တည်ငြိမ်အေးချမ်းမှု၊ လုံခြုံမှု မရှိဘူး။ ဂုဏ်သိက္ခာ မရှိဘူး။
“ဥစ္စာ” ထဲမှာ အနှစ်ရှာ တွေ့တာ “ဒါန”ပဲ။
“ခန္ဒာ” ထဲမှာ အနှစ်ရှာ တွေ့တာ “သီလ” ပဲ။
“၀ိဥာဉ်” ထဲမှာ အနှစ်ရှာ တွေ့တာ “ဘာဝနာ”ပဲ။
အကြင် စကားဖြင့် မိမိကိုယ်ကို မပူပန်စေရာ၊ သူတစ်ပါး တို့ကိုလည်း မပူပန်စေရာ။ စင်စစ် ထိုစကားကို ဆိုရာ၏။ ထိုစကား သည်သာ ကောင်းစွာဆိုအပ်သော စကားမည်၏။
မြတ်သော အကျင့်သီလမရှိဘဲ အနှစ်တစ်ရာ အသက်ရှင်နေရ တာထက် မြတ်သော အကျင့်သီလရှိပြီး တစ်ရက်မျှ အသက်ရှင်နေရတာက သာ၍မြတ်၏။
ရန်ကိုရန်ခြင်း မတုန့်ညှင်းရာ။ မေတ္တာဖြင့်သာ အောင်မြင်ရာ၏။
သည်းခံခြင်းထက် လွန်သောတရားမရှိ၊ သည်းခံခြင်းသည် မြတ်သောအကျင့်တရားဖြစ်၏။
လောကဓံအား သည်းခံနိုင်ခြင်း (ခန္တီတရား) သည် အမိနှင့် တူ၏။ လောကဓံအား လစ်လျှူရှုနိုင်ခြင်း (ဥပက္ခာတရား) သည် အဖ နှင့် တူ၏။
အချိန်ကို အကျိုးရှိအောင် အသုံးချရန် နည်းလမ်းလေးသွယ်….
(က) အခါအားလျော်စွာ တရားနာခြင်း၊
(ခ) အခါအားလျော်စွာ တရားဆွေးနွေးခြင်း၊
(ဂ) အခါအားလျော်စွာ မိမိ သိရှိထားပြီးသော တရား သဘောတွေကို ကောင်းစွာ သုံးသပ်ခြင်း၊ ပြန်လည် ဆင်ခြင် စဉ်းစားခြင်း။
(ဃ) အခါအားလျော်စွာ ရှေ့နောက် ဆက်စပ် သတိကပ်၍ ခန္ခာ၏ “အဖြစ်-အပျက်” ကို ရှုမှတ်ပွားများခြင်း။
အရင်ကောင်းလို့ အခုကောင်းသည်။ အခုကောင်း…. နောင်ကောင်းပါလိမ့်မည်။
လူမိုက်တစ်သောင်း ချီးမွမ်းရှောင်းလည်း၊ လူကောင်းတစ်ယောက် ပြစ်တင်ကြောက်လော့။
အိပ်ယာမှ ခဏခဏနိုးနေသူတို့အတွက် “ည” သည် ရှည်လျားလှစွာ၏။
ခရီးပန်းလာသော သူတို့အတွက် “ခရီး” သည် ရှည်လျားလှစွာ၏။
သူတော်ကောင်းတရားကို မသိကြသော သူတို့အတွက် “သံသရာခရီး” သည်ရှည်လျားလှစွာ၏။
ကောင်းကင်မြေလျှိုး ရေ၀ယ်တိုး၍၊ ပုန်းလျှိုးနေခို မသေလိုလည်း၊ ဤကိုယ်မုချ မနေရဘူး။
သေခြင်းတရားဟာ မှည့်နေတဲ့ အသီးလိုဘဲ အချိန်မရွေး ကြွေကျနိုင်တယ်။
အားကိုးရာအစစ်ကား ဗုဒ္ဓ၊ ဒမ္မ၊ သံဃ။
မိတ်ဆွေအစစ်ကား ကံ၊ ဥာဏ်၊ ၀ီရိယ။
ရန်သူအစစ်ကား လောဘ၊ ဒေါသ၊ မောဟ။
နေ့စဉ်အလုပ်ကား ဒါန၊ သီလ၊ ဘာဝနာ။
အမြဲနှလုံးသွင်းရန်ကား အနိစ္စ၊ ဒုက္ခ၊ အနတ္တ။
အမြဲလက်ကိုင်ထားရန်ကား ခန္တီ၊ မေတ္တာ၊ သစ္စာ။
တကယ့်သူတောင်ကောင်းဆိုတာ ရယူခြင်းထက် ပေးဆပ်ရတာကို နှစ်သက်တယ်။
တရားအားထုတ် ကုသိုလ်လုပ် အဟုတ်မပျင်းနှင့်။
ငါတို့ဖြစ်ရ ဤ လောက၀ယ်၊ ဘ၀သမိုင်း မရိုင်းစေရန်၊ စိတ်မာန်မချ မာနမပါ၊ တို့ စွမ်းရာဖြင့် တို့သာသနာ၊ တို့ ပြည်ရွာကို သာယာစေမှု လုံ့လပြုအံ့။

ကျူရိုး (ပြန်လည်မျှဝေပါတယ် .. ။ )
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ရှာဖွေရေး Search Engine များ ...

ရှာဖွေရေး Search Engine များ ...

သင့်အနေနဲ့ Internet သုံးတဲ့ သူ တစ်ယောက်ဆိုရင်တော့ Google ကိုတော့ ကောင်းကောင်းသိမှာပါ .. ။
Google လို Search Engine တွေ အများကြီး ရှိနေပါသေးတယ် .. ။

Search Engine ဆိုတာ ဘာလဲဆိုတော့ ..
ဟဲ .. ဟဲ .. ဆရာမကြီး လုပ်လိုက်ဦးမယ် ... နောက်တာပါ .. ကျူရိုးတို့ သိချင်တဲ့ Information တစ်ခုခုကို ရှာဖွေနိုင်ဖို့ သက်ဆိုင်ရာ Database တွေကို ထိန်းသိမ်းထားတဲ့အရာလို့လည်း ခေါ်ဆိုနိုင်ပါတယ် .. ။

ဆိုလိုတာက ကျူရိုးတို့ သိချင်တဲ့ Information တွေကို WWW လို့ ခေါ်တဲ့ World Wide Web ပေါ်ရှိ Link များစွာကနေ တဆင့် ရှာဖွေပေးတာပါ .. ။


1. Google  ( www.google.com )
2. Yahoo! ( www.yahoo.com )
3. Bing  ( www.bing.com )
4. Ask ( www.ask.com )
5. Aol ( www.aol.com )
6. MSN ( www.msn.com )
7. Go (www.go.com )
8. Dmoz ( www.dmoz.org )
9. Alexa ( www.alexa.com )
10. Teoma ( www.teoma.com )
11. Excite ( www.excite.com )
12. Bingle ( www.bingle.nu )
13. Alta Vista ( www.altavista.com )
14. All The Web ( www.alltheweb.com )
15. Lycos ( www.lycos.com )
16.Hot Bot ( www.hotbot.com )
17.Dogpile ( www.dogpile.com )
18.Web Crawler (  www.webcrawler.com )
19. Duck Duck Go ( www.duckduckgo.com )
20. Yebol ( www.yebol.com )

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Connection မကောင်းချိန် Mail စစ်လိုသူများအတွက် ...


Connection မကောင်းချိန် Mail စစ်လိုသူများအတွက် ...

Connection မကောင်းချိန်မှာ Mail တွေကို စစ်ချင်တယ်ဆိုရင်တော့ ဒီလင့် အတိုင်းသွားပြီး ဖွင့်ရင်တော့ မြန်မြန်ဆန်ဆန်ပဲ Mail ကို စစ်နိုင်ပါလိမ့်မယ် .. ။ စမ်းကြည့်တာတော့ တကယ်မြန်တာကို တွေ့ရ ပါလိမ့်မယ် .. ။ စမ်းကြည့်ကြပါ .. ။ ပျော်ရွှင်နိုင်ပါစေ .. ။

ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

“ငါ သိပ်ချစ်ပါတယ် .. ”

“ငါ သိပ်ချစ်ပါတယ် .. ”


ငါ သိပ်ချစ်ပါတယ် .. ။
ချစ်နေဆဲဖြစ်တဲ့ နင့်နှလုံးသားရယ်
ချိုသာနေဆဲဖြစ်တဲ့ နင့်စကားသံတွေရယ်
နွေးထွေးနေဆဲဖြစ်တဲ့ နင့်အကြင်နာတွေရယ် .. ။

ငါ သိပ်ချစ်ပါတယ် .. ။
ရှည်ကြာနေဆဲဖြစ်တဲ့ နင့်သံယောဇဉ်တွေရယ်
ခိုင်မာနေဆဲဖြစ်တဲ့ နင့်အလေးထားခြင်းတွေရယ် .. ။

ငါ သိပ်ချစ်ပါတယ် .. ။
တည်ငြိမ်နေဆဲဖြစ်တဲ့ နင့်ကတိတွေရယ်
အသက်ဝင်နေဆဲဖြစ်တဲ့ ဂရုစိုက်မှုတွေရယ်
ငါစွဲလန်းနေတတ်တဲ့ နင့်အပြုံးတွေရယ် .. ။

ငါ သိပ်ချစ်ပါတယ် .. ။
ရှင်သန်နေဆဲဖြစ်တဲ့ မျှော်လင့်ခြင်းတွေရယ်
တည်ဆောက်နေဆဲဖြစ်တဲ့ အိပ်မက်တွေရယ်
နောက်ထပ် အလိုမရှိတော့လောက်အောင်
ပြည့်စုံစေတတ်တဲ့ ချစ်ခြင်းတွေရယ် .. ။

ငါ သိပ်ချစ်ပါတယ် .. ။
နင်ဖန်တီးပေးခဲ့သော အမှတ်တရတွေရယ်
နင့်ကို သတ်မှတ်ရည်ရွယ်ထားသော ငါ့စိတ်ကူးတွေရယ် .. ။

အရာရာတိုင်းကို ... ငါ သိပ်ချစ်ပါတယ် .. ။
မင်းမျှော်လင့်ထားခဲ့တာထက် ငါပိုချစ်ခဲ့ရတာပါ .. ။

ကျူရိုး 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ချစ်ခြင်းမေတ္တာနှင့် ကျန်းမာရေး ...

ချစ်ခြင်းမေတ္တာနှင့် ကျန်းမာရေး ...


လောကကြီး သာယာလှပဖို့အတွက် ချစ်ခြင်းမေတ္တာဟာ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ပါဝင်နေပါတယ် .. ။ လူတိုင်း အချစ်နဲ့မကင်းနိုင်ကြပါဘူး .. ။ တစ်ချိန် မဟုတ် တစ်ချိန်မှာတော့ အချစ်နဲ့ ကြုံတွေ့ကြမှာပါ ..။
အချစ်ဆိုတာကို လူအမျိုးမျိုးက အဓိပ္ပါယ်အမျိုးမျိုး ဖွင့်ဆိုကြပေမယ့် တကယ်တမ်းမှာတော့ ဘယ်သူမှ ဘယ်လိုမှ ရှင်းပြလို မရနိုင်လောက်အောင် နက်နဲတဲ့ ခံစားမှုမျိုးပါ ..။

ချစ်ခြင်းမေတ္တာဟာ အန်မတန်ကိုမှ ဆန်းကြယ်လွန်းလှပါတယ် .. ။ ဆေးပညာရှုဒေါင့်ကကြည့်မယ် ဆိုရင်တော့ တစ်စုံတစ်ယောက်အပေါ်မှာ ချစ်မေတ္တာယိုစိမ့်တဲ့အခါ ချစ်တဲ့သူမှာရော အချစ်ခံရသူမှာပါ စိတ်ပျော်ရွှင်ကြည်နူးကြရုံမျှမက ကိုယ်ကျန်းမာရေးရော၊ စိတ်ကျန်းမာရေးအတွက်ပါ အန်မတန် အကျိုးပြုတာကို တွေ့ရပါတယ် ..။

ချစ်ခြင်းမေတ္တာနဲ့ ကျန်းမာရေးက အံ့အားသင့်ဖွယ် နည်းလမ်းတွေနဲ့ ဆက်စပ်မှုရှိနေတာ တွေ့ရပါတယ်။ ချစ်ခြင်းမေတ္တာဟာ လူသားတွေကို ပျော်ရွှင်စေရုံမျှမက ကိုယ်ခံအားကောင်းစေကာ ရောဂါတွေ တိုက်ဖျက် ပေးပါတယ်။ ဒါအပြင် တခြားကျန်းမာရေးအတွက် ကောင်းကျိုးမျာစွာလည်း ရှိပါတယ်။ ချစ်နေတဲ့သူနဲ့ အချစ်ခံရသူမှာ ချစ်နေတဲ့သူက ကျန်းမာရေးအတွက် ကောင်းကျိုးကို ပိုခံစားရနိုင်ပါတယ်။ ဒါပေမယ့် ချစ်တတ်ဖို့လည်း လိုတာပေါ့နော် .. ။

ပိုင်ဆိုင်လိုစိတ်နဲ့ ချစ်ပါက သဝန်တိုမှု၊ မနာလိုမှုနဲ့ တခြားသော သောကအပူမီးတွေ ပါလာနိုင်ပါတယ် ..။ ချစ်နေရရင်ပြီးရောဆိုကာ မေတ္တာစစ်၊ မေတ္တာမှန်နဲ့ ချစ်တတ်ပါမှ ကျန်းမာရေးအတွက်လည်း ကောင်းမွန်ပါတယ် .. ။

အချစ်က ကျန်းမာရေးကို ဘယ်လိုအကျိုးပြုသလဲဆိုရင် ..
- အချစ်က နုပျိုစေနိုင်တယ် .. ။
- အချစ်က အသက်ရှည်စေနိုင်တယ် .. ။
- အချစ်က ကိုယ်ခံအားကောင်းစေနိုင်တယ် .. ။
- အချစ်က သွေးတိုးကာကွယ်ပေးတယ် .. ။
- အချစ်က နှလုံးအတွက် ကောင်းစေတယ် .. ။
- အချစ်က ကိုလက်စထရောပမာဏ လျော့ချပေးတယ် .. ။
- အချစ်က နာကျင်မှုကို သက်သာစေနိုင်တယ် .. ။
- အချစ်က ဥာဏ်ကောင်းစေတယ် .. ။
- အချစ်က စိတ်ဖိစီးမှု လျော့နည်းစေတယ် .. ။
- အချစ်က ကျန်းမာရေးအလေ့အကျင့်ကောင်းတွေကို ရစေနိုင်တယ်တဲ့ .. ။

အဓိကကတော့ ဘာကာလာမှ မရော အချစ်သန့်သန့်လေးနဲ့ ချစ်တတ်ဖို့ပါပဲ .. ။
ပိုင်ဆိုင်လိုစိတ်တွေက အပူမီးတောက်လောင်စေကာ အချစ်ကို အရောင်ဆိုးလိုက်သလို၊ ကိုယ်ချစ်နေတဲ့သူ စိတ်ချမ်းသာ ပျော်ရွှင်နေတာကို မြင်ရုံနဲ့ ကျေနပ်ပီတိစိတ်မွေးပါ .. ။ မေတ္တာစစ် မေတ္တာမှန်နဲ့ ချစ်တတ်ပါက စိတ်ချမ်းသာ ကိုယ်ကျန်းမာပြီး လောကကြီးက နေပျော်လာပါလိမ့်မယ် .. ။

အားလုံးကို ခင်မင်လျှက်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ကြက်ဥဖြင့် မျက်နှာပေါင်းတင်နည်း ...

ကြက်ဥဖြင့် မျက်နှာပေါင်းတင်နည်း ...

နှစ်ပေါင်းများစွာကတည်းက ကြက်ဥဟာ မိန်းကလေးတွေရဲ့ အလှအပထိန်းသိမ်းရာ ပစ္စည်းတစ်ခုဖြစ်ခဲ့ပါတယ်။
ဒါပေမယ့် ကြက်ဥအနှစ်ကိုတော့ သုံးလေ့မရှိဘဲ ကြက်ဥအကာကိုသာ သုံးလေ့ရှိပါတယ်။ ကြက်ဥအကာဟာ အဆီပြန်တဲ့ အသားအရေတွေကို အဆီစုတ်ပေးရုံသာမက မျက်နှာပေါ်မှာ လိမ်းပြီး ခြောက်သွေ့အောင် ထားထားရင် ချွေးပေါက်တွေကိုပါ ကျဉ်းသွားစေပါတယ်။ အသားအရေ သုံးမျိုးအတွက် ကြက်ဥနဲ့ မျက်နှာပေါင်းတင်နည်း သုံးနည်းရှိပါတယ်။
မမ များတင် မဟုတ်ပါဘူး .. ။ ကိုကိုများလည်း ပေါင်းတင်နိုင်ပါတယ်။ ကဲဒီလိုလေး လုပ်ကြည့်ပါလား ..။

အဆီပြန်ပြီး ဝက်ခြံပေါက်တဲ့ အသားအရေအတွက် ...
သန့်စင်တဲ့ ခွက်တစ်ခုထဲမှာ ကြက်ဥအကာ ရွေးထည့်ပြီး အမြုပ်ထအောင် မွှေပေးပါ။ ဂျုံမှုန့်သန့်သန့်ကို အမြုပ်ထနေတဲ့ ကြက်ဥထဲ ထည့်ပြီး ပျစ်နေအောင် ဆက်မွှေပါ။ ပြီးရင် မျက်နှာပေါ်မှာ ထူထူလေး လိမ်းပေးပါ။
ခြောက်အောင်ထားပါ။ ခြောက်သွေ့ပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေနွေးနဲ့ အရင်ဆေးပြီး၊ ရေအေးနဲ့ ထပ်ဆေးပေးပါ။

အဆီပြန်ပြီး ခြောက်သွေ့တဲ့ အသားအရေအတွက် ...
ကြက်ဥအကာကို အမြုပ်ထအောင် မွှေပြီးတာနဲ့ သခွားသီးကို ချေပြီးရောထည့်လိုက်ပါ။ ထပ်မွှေပြီး မျက်နှာအနှံ လိမ်းလိုက်ပါ။ လိမ်းပြီးရင် ခြောက်အောင်ထားပြီး မိနစ်အနည်းငယ်ကြာတဲ့အခါ ရေနွေးနဲ့
ဆေးပေးပါ။ ပြီးရင် ရေအေးနဲ့ ထပ်ဆေးပေးပါ။

အဆီလည်းပြန်၊ အမည်းစက်တွေလည်းရှိပြီး မလန်းဆန်းတဲ့ အသားအရေအတွက် ...
ကြက်ဥအကာကို အမြုပ်ထွက်အောင်မွှေပြီး သံပုရာရည် လက်ဖက်ရည်ဇွန်း တစ်ဇွန်း-နှစ်ဇွန်းလောက် ထည့်ပေးပါ။ မွှေပြီးရင် မျက်နှာအနှံလိမ်းပြီး ခြောက်သွေ့အောင် ထားပါ။ ပြီးရင် ရေနွေးနဲ့ အရင်ဆေးပြီး ရေအေးနဲ့ ထပ်ဆေးပါ။

ကြက်ဥဟာ အရမ်းစားလို့ကောင်းတဲ့ ဟင်းအမည်တစ်မျိုး ဖြစ်တဲ့အပြင် အဆီပြန်တဲ့ အသားအရေရှိသူတွေ အတွက်လည်း အကျိုးရှိပါကြောင်း တင်ပြလိုက်ရပါတယ် ..။

အားလုံးကို ခင်မင်လျှက်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS