Facebook မှာ Comment ကို အရောင်လေးနဲ့ ပေးမယ် ...

Facebook မှာ Comment ကို အရောင်လေးနဲ့ ပေးမယ် ...

Facebook မှာ comment ပေးရင် စာသားက အနက်ရောင်လေးဆိုတာ အားလုံးသိပြီးသားပါ .. ။ အခု ကျူရိုးတို့ comment ကို အရောင်လေးနဲ့ ပေးကြည့်ရအောင် .. ။ အထူးအဆန်းလေးပေါ .. ။
ပထမဆုံး မိမိ comment ပေးလိုသည့် နေရာတွင် အောက်က code ကို copy ကူးပြီး မိမိရေးလိုသည့် အကြောင်းအရာကို အနီရောင် စာသားနေရာတွင် ထည့်လိုက်ပါ .. ။

@[1: ]@@[1:[0:1: မိမိရေးလိုသည့်အကြောင်းအရာကို ဒီအနီရောင်စာသားနေရာတွင်ထည့်ပါ ]]

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အခွင့်အရေးဆိုတာ .. တစ်ခါပဲ ရမယ်နော်

အခွင့်အရေးဆိုတာ .. တစ်ခါပဲ ရမယ်နော်


* ကိုယ်တကယ်ချစ်တဲ့ လူနဲ့ ဆုံတဲ့အခါ သူနဲ့ တသက်တာ လက်တွဲနိုင်ဖို့ ကြိုးစားပါ .. ။ သူမရှိတော့ရင် အရာအားလုံးက နှောင်းသွားလိမ့်မယ် .. ။

* ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းနဲ့ ဆုံတဲ့အခါ သင့်မြတ်အောင် နေထိုင်နိုင်ဖို့ ကြိုးစားပါ .. ။ ဘဝတလျှောက် မှာ ကိုယ်နဲ့ သဘောထားချင်း တိုက်ဆိုင်တဲ့သူနဲ့ ဆုံဖို့ဆိုတာ မလွယ်လှဘူး .. ။

* ကိုယ့်ဘဝကို ကူညီတဲ့လူနဲ့ ဆုံတဲ့အခါ သူ့ကျေးဇူးကို မှတ်ထားပါ .. ။ သူဟာ ကိုယ့်ဘဝကို လှည့်ပြောင်းပေးခဲ့သူ ဖြစ်လို့ပါပဲ .. ။

* ကိုယ်ချစ်ခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး ကျေးဇူးတင်ကြောင်း ပြောပါ .. ။ သူ့ကြောင့် အချစ်ကို ပိုနားလည်စေခဲ့လို့ပါပဲ .. ။

* ကိုယ်မုန်းခဲ့ဖူးတဲ့လူနဲ့ ဆုံတဲ့အခါ ပြုံးပြပြီး နှုတ်ဆက်လိုက်ပါ .. ။ သူ့ကြောင့် ကိုယ် ပိုကြံ့ခိုင်ခဲ့လို့ပါ .. ။

* ကိုယ်နဲ့ အတူနေနေတဲ့၊ ကိုယ့်ကို အဖော်ပြုနေသူကို လုံးဝကျေးဇူးတင်ပါ .. ။ သူ့ကြောင့် ပျော်ရွှင်ကြည်နူး မှုနဲ့ ချစ်ခြင်းမေတ္တာတွေကို ကိုယ်ရနေလို့ပါပဲ .. ။

* ကိုယ့်ကို သစ္စာဖောက်သွားသူနဲ့ ဆုံတဲ့အခါ ခေါ်ပြော နှုတ်ဆက်ပါ .. ။ သူ့ကြောင့် လောကကြီးအကြောင်း ကို ကိုယ်နားလည်ခဲ့လို့ပါပဲ .. ။

* ကိုယ် တိတ်တခိုးချစ်ခဲ့ဖူးသူနဲ့ ဆုံတဲ့အခါ သူပျော်ရွှင်ဖို့ တောင်းဆုပြုပါ .. ။ သူ့ကို ကိုယ်ချစ်ခဲ့စဉ်က သူပျော်နေတာကိုပဲ ကိုယ်မြင်ချင်ခဲ့လို့ပါ .. ။

* ကိုယ့်ကို ထားခဲ့တဲ့လူနဲ့ ဆုံတဲ့အခါ ကျေးဇူးတင်ကြောင်းပြောပါ .. ။ ကိုယ့်ဘဝမှာ အမှတ်တရ အတိတ်ခြေရာလေးတွေ ထင်ကျန်အောင် သူ နင်းလျှောက်ခဲ့လို့ပါပဲ .. ။

* အလွန်ရုပ်ဆိုးသူနဲ့ တွေ့ရင်နှုတ်ဆက်လိုက်ပါ .. ။ ကိုယ့်ကြောင့် အားရှိလာပြီး သူပျော်ရွှင်လာရင် ကိုယ်ဟာ လူတွေအတွက် အသုံးဝင်နေလို့ပါ .. ။

** တစ်ခါပဲ ဖြစ်ခွင့်ရတဲ့ ဘဝမှာ လုပ်ခွင့်ရတဲ့ အခွင့်အရေးဟာလဲ တစ်ခါပဲ ရှိပါတယ် .. ။ **

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အချစ် ခံစားချက်

“အချစ် ခံစားချက်”

ရန်ဖြစ်ငြင်းခုံတဲ့အခါ အရင်ဆုံး “ဆောရီး” လို့ တောင်းပန်တဲ့လူဟာ သူ့အမှားကို ဝန်ခံတာမျိုး မဟုတ်သလို၊ အရှုံးပေး နှလုံးအေးတာလဲ မဟုတ်ပါဘူး .. ။
ဒီအချစ်ကို တဖက်လူထက် သူ ပိုတန်ဖိုးထား မြတ်နိုးလို့ ဖြစ်တယ် .. ။ ပိုတည်မြဲစေချင်လို့ ဖြစ်တယ် .. ။

အချစ်က အချစ်ပါပဲ .. ။ ဒါပေမယ့် ဘဝတစ်ခု ရှင်သန်ဖို့ အချစ်ဆိုတာလည်း လိုအပ်တယ် .. ။ အချစ်ကို ချစ်တတ်ဖို့ပဲ လိုပါတယ်။

ကျူရိုး (ကြိုက်လို့ နိုင်းနိုင်းစနေဆီမှ မျှဝေပါတယ် .. ။)
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Block Facebook friends and unblock them !!!

Block Facebook friends and unblock them !!!

အားလုံး လိုအပ်မယ်ထင်လို့ ပြန်လည်မျှဝေလိုက်ပါတယ် .. ။
ဒါကတော့ Facebook မှာရှိတဲ့ သူငယ်ချင်းတွေကို Block လုပ်လို့ရသလို၊ Unblock လဲ လုပ်လို့ရတဲ့ ဟာလေးပါ။

-*- ကိုယ့်ထဲမှာရှိတဲ့ သူငယ်ချင်းတစ်ယောက်ရဲ့ နာမည်ကို နှိပ်လိုက်ရင် သူ့ရဲ့Profile ကို ရောက်သွားပါမယ်။ ဒီမှာ သူ့ Profile အောက်မှာရှိတဲ့ Report/Block this person ကို နှိပ်ပါ။
ပြီးတော့ Confirm ပေါ့ .. ။



ဒီလို Block လိုက်ရင်တော့ search မှာရှာလဲ မတွေ့တော့ဘူး .. ။ ဘယ်လိုလုပ်လုပ် သူနဲ့ ပတ်သတ်တာ တွေကို တွေ့ရတော့မှာ မဟုတ်ပါဘူး .. ။ Block တစ်ခါလုပ်လိုက်ရင် search ကနေ ပြန်ရှာပြီး၊ unblock လုပ်လို့ မရပါဘူး .. ။ ဒါကြောင့် အောက်ပါနည်းအတိုင်း unblock လုပ်ရပါမယ်။





အပေါ်ကပုံမှာ ပြထားတဲ့အနီရောင်လေးနဲ့ ဝိုင်းထားတဲ့ Unblock ကို နှိပ်ပေးပါ။ ဒါဆိုရင် အရင်တိုင်း ပြန်ပြီး ဖြစ်ပြီးပေါ့ .. ။ ဒါပြီးရင် အောက်မှာရှိတဲ့ Block app, Block invitation တို့ကိုလဲ စမ်းလုပ်ကြည့်ပါ .. ။
တစ်ခု သတိထားရမှာက တစ်ယောက်ရဲ့ invitation ကို တစ်ခါ block လုပ်တာနဲ့ နောက်ရှေ့ဆက် သူရဲ့ Invitation တွေအားလုံးကို ပိတ်လိုက်သလိုဖြစ်ပြီး နောက်ကို ဘာမှ invitation ရတော့မှာ မဟုတ်ပါဘူး .. ။

ခင်မင်စွာဖြင့် ...
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈-ခု ...

စာအုပ်များ အခမဲ့ ဖတ်ရှုရန်အတွက် Website ၁၈-ခု ...



ဟိုမွှေဒီမွှေလုပ်ရင်းနဲ့ စာအုပ်တွေ ဖတ်ချင်သူများအတွက် အဆင်ပြေစေမယ့် Websites လေးတွေ တွေ့လို့ ပြန်ပြီးတော့ မျှဝေလိုက်ပါတယ် .. ။ မြန်မာဆိုဒ်တော့ မဟုတ်ပါဘူး .. ။ ဒါပေမယ့် တချို့ဆိုဒ်တွေထဲမှာ မြန်မာလိုစာအုပ်တွေ Upload တင်ထားတာတွေရှိတော့ မြန်မာစာအုပ်ပါ ရှာလို့ရမယ် ထင်ပါတယ် .. ။
     Free နော် Free .. ။ ကျူရိုးတို့တွေက Free ဆိုမှ စိတ်ဝင်စားကြလို့ ကြေငြာပေးတာပါ .. ။ ဟိ .. ။


၁ ။ http://www.freebookspot.in
အဲဒီဆိုဒ်မှာ ခေါင်းစဉ်ခွဲ ၉၆-ခု ရှိပြီးတော့ Free down လို့ရတဲ့ စာအုပ်ပေါင်း ၄-ထောင် ကျော် ရှိပါတယ် .. ။

  ၂ ။ http://www.free-ebooks.net
ဒီဆိုဒ်မှာတော့ Online Magazine တွေအပြင် ကိုယ်ကြိုက်တဲ့ စာရေးဆရာ၊ စာအုပ်အမည်တွေကိုပါ ရေးပြီးတော့ ရှာနိုင်ပါတယ် .. ။

၃ ။ http://manybooks.net
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၂၁၂၈၂ ကျော်ရှိပါတယ် .. ။ ကိုယ့်ရဲ့ PDA, IPod, Ebook Reader တွေနဲ့ပါ ဖတ်နိုင်ပါတယ် .. ။

၎ ။ http://www.getfreeebooks.com
ဒီဆိုဒ်မှာတော့ စာအုပ်အားလုံးနီးပါးကို Free Download ရနိုင်ပါတယ် .. ။

၅ ။ http://freecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ ပတ်သတ်တာကို လေ့လာချင်သူများအတွက် အထူးသင့်လျော်တဲ့ဆိုဒ် တစ်ခုပါ။ ခေါင်းစဉ်ခွဲပေါင်း ၁၅ဝ ရှိပါတယ်။ ကိုယ်လိုချင်တဲ့ ကွန်ပျူတာ စာအုပ်တော်တော်များများကိုလည်း ရှာဖွေ တွေ့ရှိနိုင်ပါတယ် .. ။

၆ ။ http://www.freetechbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာနဲ့ ပတ်သတ်တာတွေ၊ အင်ဂျင်နီယာပိုင်းတွေ၊ ပရိုဂရမ်ပိုင်းတွေကို လေ့လာချင်သူ များအတွက် အထူး သင့်လျော်တဲ့ ဆိုဒ်တစ်ခုပါ .. ။

၇ ။ http://www.scribd.com
ဒီဆိုဒ်လေးကိုတော့ တော်တော်များများ ရင်းနှီးမှာပါ .. ။ 
မြန်မာလို စာအုပ်တွေကိုလည်း ရှာဖွေတွေ့ရှိနိုင်ပါတယ်။ ဒါ့အပြင် အဲဒီဆိုဒ်မှာ ကိုယ်ဖော်ပြချင်တဲ့ စာအုပ်ကို Upload တင်ပြီးရင် ကိုယ့်ရဲ့ Blog ပေါ်မှာ I-paper နဲ့ ဖော်ပြနိုင်အောင် ခွင့်ပြုထားပါတယ် .. ။

၈ ။ http://knowfree.net
ဒီဆိုဒ်မှာတော့ Ebook တွေအပြင် Video Training တွေကိုပါ ရယူနိုင်ပါတယ် .. ။

၉ ။ http://www.onlinefreeebooks.net
ဒီဆိုဒ်မှာတော့ ကဏ္ဍပေါင်းစုံက စာအုပ်တွေကို ရယူနိုင်ပါတယ်။ တော်တော်များ ပါတယ်။ 
ဆေးဘက်ဆိုင်ရာတွေ၊ စီးပွားရေးဆိုင်ရာ စာအုပ်တွေ တခြားဘက်တွေက စာအုပ်တွေကိုရော 
ရနိုင်ပါတယ် .. ။

၁၀ ။ http://www.memoware.com
ဒီဆိုဒ်ကလည်း အပေါ်က ဆိုဒ်လိုပါပဲ။ ကဏ္ဍပေါင်းစုံက စာအုပ်တွေကို ရယူနိုင်ပါတယ် .. ။

၁၁ ။ http://www.zillr.orgဒီဆိုဒ်မှာတေ့ နည်းပညာပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိနိုင်ပါတယ် .. ။

၁၂ ။ http://www.onlinecomputerbooks.com
ဒီဆိုဒ်မှာတော့ ကွန်ပျူတာပိုင်းဆိုင်ရာ စာအုပ်တွေကို ရရှိနိုင်ပါတယ် .. ။

၁၃ ။ http://www.snipfiles.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေအပြင် Software တွေကိုပါ ရရှိနိုင်ပါတယ် .. ။ 
Software တွေကိုတော့ Free မရနိုင်ဘူး ထင်ပါတယ် .. ။

၁၄ ။ http://www.bookyards.com
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၈ သိန်းကျော်ရှိပါတယ် .. ။ Video တွေကိုလည်း ကြည့်ရှုနိုင်ပါတယ် .. ။

၁၅ ။ http://digital.library.upenn.edu/books
ဒီဆိုဒ်မှာတော့ စာအုပ်ပေါင်း ၃ သိန်းကျော် ရှိပါတယ် .. ။ စာရေးဆရာနာမည် စီးရီးနဲ့တောင် ရှာနိုင်ပါတယ် .. ။

၁၆ ။ http://www.asksam.com/ebooks
ဒီဆိုဒ်မှာတော့ ကိုယ်ကြိုက်တဲ့ စာရေးဆရာနာမည် ဘာကြိုက်လဲ ရှိတ်စပီးယား ကြိုက်တာလား .. ရပါတယ် .. ။ ရှာဖွေတွေ့ရှိနိုင်ပါတယ် .. ။

  ၁၇ ။ http://www.baen.com/library
ဒီဆိုဒ်မှာတော့ စာကြည့်တိုက်တစ်ခုပါ .. ။ Science နဲ့ စာအုပ်တွေကိုပါ ဒေါင်းနိုင်ပါတယ် .. ။

၁၈ ။ http://www.ebooklobby.com
ဒီဆိုဒ်မှာတော့ စာအုပ်တွေကို သူ့ကဏ္ဍလေးတွေနဲ့ သူ ခွဲပြီးတော့ ရှာဖွေနိုင်ပါတယ် .. ။
ကျူရိုးအနေနဲ့လည်း အဲဒီဆိုဒ်ကလေးကနေ တွေ့လို့၊ သဘောကျလို့ ပြန်လည်မျှဝေခြင်းသာ ဖြစ်ပါတယ် .. ။
အဆင်ပြေပါစေလို့ ဆုတောင်းလျက် .. ။ .. ။

ကျူရိုး 
REF : http://www.hongkiat.com
http://www.mmcfamily.org မြန်မာချစ်သူဆိုဒ်မှ..
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"အသိ"

“ အသိ ”



ရှင်သန်နေထိုင်ကြီးပြင်းလာရတဲ့
ဘဝတလျှောက်မှာ

ချစ်ခင်သူတွေဆီက
သိမ်မွေ့နူးညံ့ဖို့ အသိတွေရတယ် .. ။

မချစ် မနှစ်သက်သူ မုန်းသူတွေဆီက
သတိထားနေဖို့ အသိတွေရတယ် .. ။

ပစ်ပယ် စွန့်ခွာသွားသူတွေဆီက
ကိုယ့်ကိုကိုယ် ပိုယုံကြည်ပြီး
ကိုယ့်အားကိုယ်ကိုးဖို့ အသိတွေရတယ် .. ။

အဲဒီ အသိတွေ ရင်ထဲ သံမှိုစွဲသလို အမြဲရှိနေစေဖို့အတွက် အတွေ့အကြုံတွေ ပေးခဲ့၊ ပေးနေဆဲ သူတွေ အားလုံးကို ကျေးဇူးတင်မိတယ် .. ။

ကျူရိုး (Facebook သူငယ်ချင်းမှ တဆင့်)

ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အကြိုက်ဆုံး YouTube သီချင်းလေးပါ ...

ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

"ခေါင်းငုံ့တတ်ပါစေ"

ခေါင်းငုံ့တတ်ပါစေ ...

ဘဝမှာ ခေါင်းငုံ့လိုက်ရတာမျိုးတွေကို ကြုံတွေ့ဖူးပါတယ်။

လုပ်ငန်းခွင်ထဲမှာလဲ ရံဖန်ရံခါ အကြောင်းတရား တိုက်ဆိုင်လာတဲ့ အခါမှာ ခေါင်းငုံ့လိုက်ရတာမျိုးတွေ ရှိခဲ့ဘူးတယ်။

အခက်အခဲတွေကြားက ရုန်းထွက်လာချိန်မှာ စိတ်ပါလက်ပါ ခေါင်းတစ်ကြိမ်ငုံ့တတ်ဖို့ဟာ ဘယ်လောက်ခက်ခဲကြောင်း အရေးပါကြောင်း တဖြည်းဖြည်းနဲ့ သိလာတယ်။

ငယ်ငယ်ကတော့ အဲလို ခေါင်းငုံ့လိုက်ရရင် အရှုံးပေးလိုက်ရတယ် ထင်မိလို့ မခံချိ မခံသာ ဖြစ်ဘူး၊ ခံစားခဲ့ဘူးတယ်။ အသက်ရွယ်ရလာတဲ့အခါ အတွေ့အကြုံတွေအရ အဲလို အတွေးအမြင်လေး ပြောင်းလာတယ်။

ကိုယ့်ကိုကိုယ် အထင်ကြီးလွန်းသူတွေဟာ တစ်ပါးသူရဲ့ကောင်းကွက်ကို မမြင်တတ်ကြဘူး၊ မာန်မာနတွေတက်၊ ဒေါသကြီးသူတွေဟာ လောကရဲ့ အလှအပကို မမြင်တတ် မခံစားတတ်ကြဘူး။

ခေါင်းငုံ့ပြီး မမောက်မာ၊ မဝံ့ကြွားတတ်သူတွေကမှ သွန်သင်ဆုံးမတာတွေကို ခံယူတတ်မယ်၊ သူတပါးရဲ့အောင်မြင်မှုတွေကို မုဒိတာပွားတတ်မယ်၊ ဝမ်းသာပီတိ ဖြစ်မယ်။ သူတပါးကို ကိုယ်ချင်းစာ နားလည်တတ်ပြီး အခက်အခဲ၊ ပြဿနာတွေကို ခေါင်းအေးအေးနဲ့ ရင်ဆိုင်တတ်မှာ ဖြစ်ပါတယ်။

ခေါင်းငုံ့တာဟာလည်း အရည်အချင်းတစ်ခု ဖြစ်တယ်၊ အင်အားတစ်ခု ဖြစ်တယ်လို့ မြင်ပါတယ်။

ခေါင်းငုံ့တယ်ဆိုတာ သိမ်ငယ်တာ မဟုတ်ဘူး။ သတ္တိနည်းတာ မဟုတ်ဘူး၊ အရှုံးပေးလိုက်တာ မဟုတ်ဘူး။

ဒါဟာ ကြည်လင်တဲ့ စိတ်ထားရဲ့ ဖြေရှင်းနည်း တစ်မျိုး ဖြစ်တယ်။ ခေါင်းငုံ့လိုက်ခြင်းဟာ ဖြစ်ပေါ်လာတဲ့ အခြေအနေပေါ် မူတည်ပြီး မိမိအောင်မြင်မှု့အတွက် ရှေ့တလှမ်းတိုးရာက နောက်နှစ်လှမ်းဆုတ်တဲ့ နည်းဗျူဟာတခုလို့ မြင်တယ်။

ဘဝရဲ့ ဘယ်နေရာကိုရောက်ရောက် ကိုယ့်ကိုကိုယ် နိမ့်ချဆက်စံတတ်ရမယ်ဆိုတဲ့စိတ် ကြိုးစားမွေးမြူပါတယ်။ တခါတလေလဲ ပုထုဇဉ် လူသားပီပီ လွတ်သွားတာတွေ ရှိပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် အခြေအနေအရ၊ အကြောင်းတရားအရ ခေါင်းငုံ့လိုက်ရတာမျိုးဟာ ဘဝမှာ ကျဆုံးမသွား ရှုံးနိမ့်မသွားသလို ဘဝ ခရီးလမ်းအတွက် ပိုအရောင်စုံလာ ကောင်းလာမယ်လို့ တွေးထင်မိပါတယ်။


မေတ္တာဖြင့်
ခေါင်းငုံ့တတ်သူ
ကျူရိုး (ပြန်လည် မျှဝေပါတယ် .. ။)
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငရဲကြီးတယ်ဆိုတာ ...

ငရဲကြီးတယ် ဆိုတာ ...

     ယနေ့ခေတ်ဟာ အိုင်တီခေတ်၊ နည်းပညာခေတ်ဟု ပြောနေကြသည့်အတိုင်း သိပ္ပံပညာ၊ စက်မှုလက်မှု နည်းပညာ ထွန်းကားတိုးတက်မှုမှာ အံ့မခန်းပင် ဖြစ်ပါတယ်။ ထိုတိုးတက်နေသော၊ အသစ်အသစ်သော နည်းပညာများ နောက်သို့ အမီလိုက်နိုင်ကြသူ အများစုမှာ လူငယ်များ ဖြစ်သည့်အလျောက် ယနေ့ခေတ် လူငယ်များသည် လူကြီးများထက် ကွန်ပျူတာနည်းပညာ ပိုမိုတတ်မြောက်ကြတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ တက်စရာသင်တန်းတွေ၊ ဆည်းပူးစရာ ပညာရပ်တွေကလည်း မကုန်နိုင်၊ မခမ်းနိုင်ပေပဲမို့ လူငယ်တွေကို ကြည့်လိုက်ရင် အမြဲအလုပ်ရှုပ်၊ အနားမနေကြရပါဘူး။ အထက်တန်းအောင်ပြီဆိုတာနဲ့ အင်္ဂလိပ်စာသင်တန်း တွေ တက်၊ ကွန်ပျူတာ၊ စာရင်းကိုင်သင်တန်းတွေတက်နဲ့ ဘဝတိုးတက်မှုကို ရှာဖွေနေကြပါတယ်။ သင်တန်း ဆင်း လက်မှတ်ရပြီး အလုပ်ရှာ၊ တက္ကသိုလ် မတက်ခင်ကတည်းကကိုပဲ အလုပ်အကိုင်နဲ့ ဖြစ်နေကြပါပြီ .. ။
     အသက်ငယ်ငယ်လေးတွေနဲပ ကိုယ့်ဝင်ငွေလစာလေးတွေနဲ့ ဖြစ်နေကြတာ ချီးကျူးစရာပါပဲ။ မိသားစုတာဝန်ကို ဝင်ထမ်းကြတာ၊ သိတတ်ကြတာ အင်မတန်ကို ကောင်းပါတယ်။ မိဘများအနေနဲ့ကလည်း ကိုယ့်သားသမီးအတွက် အင်မတန် ဂုဏ်ယူကြတာလေ။ ကျွန်မသားကတော့ဖြင့် ဘယ်ကုမ္ပဏီကြီးမှာပေါ့။ ကျွန်မသားက ကွန်ပျူတာပရိုဂရမ်မာလေ။ သမီးက ဘယ်ရုံးမှာ စာရင်းကိုင်လေနဲ့ ပြောရတာ အင်မတန်ကို ဂုဏ်ရှိပါပေတယ်။ အလုပ်က အိုဗာတိုင်ဆိုလည်း အိမ်ပြန်နောက်ကျတဲ့ သမီးကို လမ်းထိပ်ထွက်မျှော် စောင့်တဲ့မိဘ၊ သမီးထမင်းချိုင့်အတွက် နံနက်အစောကြီး ထ ချက်ပြုတ်တဲ့ အမေကို မောသလားလို့ မေးရင် မမောဘူးပဲ ဖြေကြမှာပါ။ သား ပညာတတ်ကြီး၊ သမီး ပညာတတ်ကြီးတွေအတွက် ဂုဏ်ယူနေကြတဲ့ မိဘတွေ ပီတိတွေနဲ့ပေါ့။
     လူငယ်တွေဘက်ကကျတော့လည်း အသက်ငယ်ငယ်လေးနဲ့ လုပ်ငန်းတာဝန်တွေ ထမ်းဆောင်၊ ပညာ အကြီးကြီးတွေ တတ်နေလေတော့ မာန်လေးနည်းနည်းရှိလာပြီလေ။ လူငယ်မာနနဲ့ ငါဆိုတာလေးတွေ ဖြစ်လာကြပြီ။ မိဘက ငယ်စဉ်ကတည်းက ကျွေးမွေး ပြုစု ပညာသင်ပေးလို့ ဒီနေ့ ဒီအချိန်မှာ ဒီလို ဖြစ်နေတာကို မေ့တေ့တေ့ ဖြစ်နေကြပြီ။ ငါ တော်လို့၊ ငါတတ်လို့ ဆိုပြီး လက်မလေးတွေ ထောင်ချင်နေကြပြီ လေ။ အလုပ်က ပင်ပန်း၊ စိတ်ကရှုပ်နဲ့ အိမ်မှာဆို မိဘကို စကားကောင်းကောင်းမပြောချင်တော့ဘူး။ အမေ၊ အဖေက မေးတာကိုပဲ စိတ်တိုနေပြီ။ မိဘဆိုတော့လည်း ကိုယ့်သားသမီး ဘယ်သွားမယ်၊ ဘယ်လာမယ် သိချင်၊ စိတ်ပူတာပေါ့။ ရုံးပိတ်ရက်လေးမှာ အပြင်ထွက်ဖို့ ပြင်ဆင်နေတဲ့ သမီး၊ သားကို ဘယ်သွားမလို့လဲ မေးမိရင် ကလေးတွေက မကြိုက်ချင်တော့ဘူး။ များသောအားဖြင့် အသက် ၂၀ ကျော် လူငယ်လေးတွေဟာ အဖေနဲ့ အဆင်မပြေ ဖြစ်ကြတာများတယ်။ ဖခင် ဆိုတာ အိမ်ထောင်ဦးစီးမို့ အားလုံးကရိုသေပြီး နေကြတာမှာ အဖေက ပင်စင်စားဖြစ်တဲ့အချိန်၊ သားသမီးက အလုပ်အကိုင်ရှိတဲ့အချိန်မှာ ဖခင်နဲ့ သားသမီး သဘောကွဲမှုလေးတွေ ဖြစ်လာတယ်။ ဖခင်ဘက်ကလည်း သူရှာဖွေကျွေးမွေးပြုစုလာတဲ့ သားသမီးက ခုလို သူ ငွေမရှာနိုင်တဲ့ အချိန်မှာ မလေးစားတော့တာလို့ အမြင်ဖြစ်ပြီး၊ သားသမီးဘက်ကကျတော့လည်း အဖေက နေရာတကာ ဝင်ပါနေတယ်လို့ ထင်ကြပြန်ရော။ အလုပ်ထဲမှာလည်း အနည်းနဲ့ အများ ဆိုသလို စိတ်တင်းကြပ်မှုလေးတွေ၊ စိတ်ဖိစီးမှုလေးတွေ ရှိနေလေတော့ အိမ်ပြန်ရောက်ရင် မိဘနဲ့ စကားပြောရာမှာ ဘောက်ဆတ်ဆတ် ဖြစ်ကုန်ကြပြီ။ အလုပ်မှာက ကြောက်ရမယ့်သူတွေ၊ အထက်လူကြီးတွေ၊ စီနီယာတွေနဲ့ မို့ ဒေါသကို ထိန်းချုပ်ထားရတာတွေ အိမ်ပြန်ရောက်ရင် ပေါက်ကွဲပြီလေ။ အဲသည်တော့ မိဘနဲ့ သားသမီး ကြား နားလည်မှုလေးတွေက လွဲပြီပေါ့။ လူငယ်တွေကလည်း မိဘတွေက သူတို့ကို နားလည်မပေးဘူးလို့ မြင်ကြပြီး၊ မိဘတွေဘက်က ကျတော့လည်း ကလေးတွေက ရှာနိုင်ဖွေနိုင်တဲ့အခါမို့ မောက်မာနေကြပြီလို့ ထင်ကြတယ်။ နောက်တစ်ခုက လုပ်တိုင်းမဖြစ်တဲ့ အနေအထားတွေ အလုပ်ထဲမှာ ရှိတယ်လေ။ လူငယ်တွေက တိုးတက်ချင်တယ်။ ကြိုးစားတယ်။ ဒါပေမယ့် ကြိုးစားသလောက် အရာမရောက်ဘူး။ အချိန် မတိုင်သေးလို့ မဖြစ်သေးတာလည်း ဖြစ်မှာပဲ။ လူငယ်ဆိုတာက အမြဲ ဘဝတိုးတက်ရေးလမ်း ရှာဖွေနေတဲ့ သူတွေ။ ရည်မှန်းချက်ကြီး၊ မျှော်လင့်ချက်ကြီးကြီးနဲ့ ကြိုးစားပေမယ့် ထင်သလောက် ဖြစ်မလာတဲ့အခါ စိတ်ဓါတ်ကျ သွားတာလည်း ရှိတယ်။ အဲသည်လို အချိန်တွေမှာ အိမ်မှာ မိဘနဲ့ ပိုလို့ အဆင်မပြေတော့ဘူး။ ဘယ်သူက ဘာပဲ ပြောလိုက်ပြောလိုက် အကောင်းကို မမြင်တော့ဘူးလေ။ အလိုလို စိတ်တိုနေတတ်ရော။ တကယ်တန်းကျတော့ အဲသည်လို လုပ်တိုင်းမဖြစ်၊ မှန်းထားတိုင်း မဖြစ်တာတွေဟာ ငရဲကြီးတာပါ .. ။
     လူတွေထင်ကြတာက ငရဲကြီးတယ်ဆိုတာ ခုဘဝက သေလွန်တဲ့အခါမှာ အဝီစိငရဲကို ကျပြီး ငရဲသားတွေ ဆီပူအိုးကြီးထဲမှာ ထည့်ကြော်တာကို ခံရတာလို့။ ပြန်စဉ်းစားကြည့်ရင် မိဘကို မချေမငံ ပြန်ပြောမိတာလေးတွေ၊ အမေကလည်းဗျာ ရှုပ်လိုက်တာ။ အဖေကလည်း ဒါလေးတောင် မသိဘူးလားလို့ မောက်မောက်မာမာ ပြောမိတာလေးတွေက ကံကြီးထိုက်ပြီး၊ ကိုယ်ဖြစ်လိုရာ ဆန္ဒတွေက မပြည့်တော့တာလေ။ မိဘ စိတ်ဆင်းရဲသွားတာမျိုး၊ စိတ်ခုသွားတာမျိုး ဖြစ်စေတဲ့ သားသမီးဟာ ဘဝမှာ ဘာတွေပဲ လုပ်လုပ်၊ ကိုယ်မှန်းသလောက် အဆင်မပြေပါဘူး။ မယုံဘူးဆိုရင် အောင်မြင်နေတဲ့ လူငယ်လေး တွေကို လှမ်းကြည့်လိုက်ပါ။ မိဘနဲ့ ပြောဆိုဆက်ဆံရာမှာ သိမ်မွေ့ပြီး မိဘစကားနားထောင်တဲ့ လူငယ်လေး တွေသာပဲ အောင်မြင်မှုကို ကြာရှည်ထိန်းထားနိုင်ပြီး၊ ဘယ်တော့မှ အမှားမတွေ့၊ အခက်အခဲ ကြုံလာရင်လည်း ကူညီမယ့်သူ အဆင်သင့် ဖြစ်ပါတယ်။ အသေးအဖွဲလေးတွေက အစ မိဘနဲ့ ပြောဆိုဆက်ဆံရာမှာ သတိပြုရပါမယ်။ ကျွန်မကိုယ်တိုင်လည်း မသိတတ်တဲ့ အရွယ်တုန်းက မိဘကို မောက်မာခဲ့မိတာ။ နောက်ဘာမှ အဆင်မပြေဖြစ်တော့မှ ဆရာတော်ဘုရားတွေရဲ့ ဆုံးမစကားတွေ၊ တရားတွေ နားထောင်ပြီး၊ မိဘကို ပြန်လည်တောင်းပန်ရှိခိုးပြီး ခွင့်လွှတ်ပါတယ်ဆိုတဲ့ အမေ့ရဲ့စကားကြားရ အပြီးမှာမှ ဘဝမှာ ပြန်လည် အဆင်ပြေလာတဲ့သူလေ .. ။ အဲသည်နောက် ဘဝ တလျှောက်လုံး ဘယ်တော့မှ မိဘကို မလွန်ဆန်တော့ဘူးလေ။
     ကောင်းကောင်းကြီးကို နောင်တရပြီး မိဘကျေးဇူး၊ မိဘတန်ဖိုးကို သိမြင်လာပြီလေ .. ။ ကိုယ်က ပညာတတ်နေတာက မိဘက ငယ်စဉ်က ကျောင်းထားပေးခဲ့လို့ပေါ့။ မိဘကသာ ကျောင်းမထားပေးခဲ့ရင် ဘယ်လို မူလတန်း၊ အလယ်တန်း၊ အထက်တန်း အောင်ပြီး ဘွဲ့ရ ပညာတတ် ဖြစ်နိုင်မှာလဲ။ ပညာရေးအတွက် အသုံးစရိတ်ကရော မိဘ ပိုက်ဆံပဲ မဟုတ်လား။ ခုမှ အလုပ်အကိုင်လေးရှိမှ မိဘ ကျေးဇူးကြောင့် ပညာတတ်ဖြစ်လာတာကို မေ့ပြီး၊ ငါတော်လို့၊ ငါတတ်လို့ သည်လို ရုံးကြီးမှာ သည်လို ရာထူး၊ အလုပ်မျိုး ရတာ ဆိုပြီး လက်မထောင်ချင်တဲ့ လူငယ်လေးတွေ စဉ်းစားစေချင်ပါတယ်။ မိဘကို စိတ်ချမ်းသာစေတဲ့ သားသမီးမျိုးဟာ ဘယ်တော့မှ မဆင်းရဲဘူး ဆိုတဲ့စကားဟာ အင်မတန်ကို မှန်ကန်လို့ ပြောနေတဲ့စကားပါ။ မဆင်းရဲဘူး ဆိုတဲ့နေရာမှာ ကိုယ်ရော၊ စိတ်ရောပါ။ မယုံဘူးဆိုရင် လက်တွေ့လည်း လုပ်ကြည့်လိုက်ပါ။ အရင်က အဆင်မပြေဖြစ်နေတာလေးတွေ ပြန်လည် အဆင်ပြေ တိုးတက်လာပါလိမ့်မယ်။ လူငယ်တွေ အသက်ရှင်လျက် ငရဲကျ မခံချင်ကြပါနဲ့လို့ .. ။

ကျူရိုး (ဖတ်မိတာလေး ပြန်လည် မျှဝေပါတယ် .. ။)
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ယောကျာင်္းဘ၀မှ မိန်းမဘဝ ပြောင်းယူသူ (ခွဲစိပ်ပုံအဆင့်ဆင့်များ)

ယောကျာင်္းဘ၀မှ မိန်းမဘဝ ပြောင်းယူသူ (ခွဲစိပ်ပုံအဆင့်ဆင့်များ) ...

ထိုင်းနိုင်ငံမှာ ယောကျာ်းဘဝကနေ မိန်းမဘဝ ပြောင်းလိုသူများအတွက် ခွဲစိပ်ပေးနေပုံပဲ ဖြစ်ပါတယ် .. ။

(၁) ပထမဆင့် အမျိုးသားအင်္ဂါအား ဖြတ်ထုတ်လိုက်ပုံ ဖြစ်ပါတယ် .. ။





(၂) ဒုတိယအဆင့် ဆီးသွားလမ်းကြောင်း ပြုလုပ်နေပုံပါ .. ။





(၃) တတိယအဆင့် ပုံစံအနေအထား စမ်းသပ် စစ်ဆေးနေပုံပါ .. ။





(၄) စတုတ္ထအဆင့် ဖြတ်ဖောက်ချုပ် လုပ်ပြီးသွားပုံ ဖြစ်ပါတယ် .. ။





ပုံတွေ တွေ့လို့ ဗဟုသုတအနေနဲ့ တင်ပေးလိုက်ပါတယ် .. ။ ဖတ်မိတာလေး ပြန်လည် မျှဝေပါသည် .. ။ 
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငါ ကယ်ခဲ့လို့ ...

ငါ ကယ်ခဲ့လို့ ...

ရေကြီးသဖြင့် လူအများ ကုန်းနေရာသို့ ရွှေ့ကြသည်။ ကိုလူလှတစ်ဦးတည်းသာ ပက်လက်ကုလားထိုင်တွင် အေးအေးဆေးဆေး ထိုင်၍နေသည်။ ကယ်ဆယ်ရေးအဖွဲ့ဝင်များက ၄င်းကို လှမ်းအော်သည်။
   “ဟေ့ လူ၊ ကျွန်တော်တို့ကားပေါ် မြန်မြန်တက်၊ ဒါနောက်ဆုံးကားပဲ”
   “ကျေးဇူးပါပဲဗျာ၊ သွားကြပါ၊ သွားကြပါ၊ ငါ့အတွက်တော့ မပူကြနဲ့၊ ငါ့ကို ငါ့ရှေ့နေ လာကယ်လိမ့်မယ်”
ကားထွက်သွားသည်။ ရေမှတ်သည် တဖြည်းဖြည်း မြင့်တက်၍ လာသည်။ ကိုလူလှ၏ အိမ်ထဲသို့ ရေဝင်စ ပြုလာသည်။ အိမ်အနားသို့ လှေတစ်စင်း ထိုးရပ်လာသည်။ လှေပေါ်က ကယ်ဆယ်ရေးသမားက အော်ပြောသည်။
   “ကိုလူလှ လှေထဲ မြန်မြန်ဆင်းခဲ့၊ နေရာလွတ် တစ်နေရာ ရှိသေးတယ်”
   “သွားကြ၊ သွားကြ၊ ငါ့ကို ငါ့ရှေ့နေ လာကယ်လိမ့်မယ်”
လှေထွက်သွားသည်။ အိမ်ထဲတွင် နေမရတော့သဖြင့် ကိုလူလှ အိမ်ခေါင်မိုးပေါ်သို့ တက်သည်။ အိမ်ခေါင်မိုးမှာ မကြာမီ ရေမြှုပ်စ ပြုလာသည်။ ထိုစဉ် ရဟတ်ယာဉ်တစ်စင်း ရောက်လာပြီး အိမ်ခေါင်မိုးပေါ် သို့ ကြိုးလှေကားချပေးသည်။ အပေါ်မှ ကယ်ဆယ်ရေးသမားက အော်ပြောသည်။
   “ကိုလူလှ၊ ကြိုးလှေကားကို မြဲမြဲကိုင်ပြီး တက်လာခဲ့ပါ၊ ဒါနောက်ဆုံး အခွင့်အရေးပဲ”
   “သွားကြပါ၊ သွားကြပါ၊ ငါ့ကို ငါ့ရှေ့နေက အချိန်မီ လာကယ်မှာပါ”
ထိုအချိန်တွင် ရေလုံးကြီးက ကိုလူလှကို တိုက်ချလိုက်သည်။ ကိုလူလှ ရေအောက်သို့ ရောက်သွားသည်။
ဘဝတစ်ခုသို့ ကူးပြောင်း၍ ရောက်ရှိသွားသည်။ ထိုဘဝတွင် ကိုလူလှသည် ၄င်း၏ ရှေ့နေကို မမျှော်လင့်ပဲ ပြန်တွေ့ရသည်။
   “ဘယ်လိုလုပ်လိုက်တာလဲ ရှေ့နေမင်းရယ်၊ ခင်ဗျားလာကယ်မယ်ဆိုလို့ ကျွန်တော်ဖြင့် စောင့်ရင်း စောင့်ရင်း ရေအောက်ကို ရောက်သွားခဲ့ရတယ်၊ ခင်ဗျားကို လုံးလုံး မကျေနပ်နိုင်ဘူး”
   “ဘာပြောတယ်၊ အသုံးမကျတဲ့ကောင်၊ မင်း ဒီဘက် ဘဝကို ရောက်အောင် ဘယ်သူက ကယ်တင်ခဲ့ရတယ် ထင်သလဲ”

ဦးကျော်ဇေယျ
တရားခွင် ဟာသများမှ ပြန်လည် မျှဝေသည် .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ငှက်ပျောသီးကို နေ့စဉ် စားသင့်သော အကြောင်းရင်း (၁၂) ချက် ...

ငှက်ပျောသီးကို နေ့စဉ် စားသင့်သော အကြောင်းရင်း (၁၂) ချက်


 (၁) ငှက်ပျောသီးကို သင် နေ့စဉ် ပုံမှန်စားတဲ့ အကျင့် ပြုလုပ်ထားရင်  လေဖြတ်ရောဂါကြောင့် သေဆုံးနိုင်ခြေ ၄၀ ရာခိုင်နှုန်းထိ လျှော့ချနိုင်တယ်လို့ New England ဆေးပညာ ဂျာနယ်မှ လေ့လာမှု အရ သိရပါတယ်။


(၂) ငှက်ပျောသီးမှာ အဓိကအားဖြင့် သကြား (ဂလူးကို့စ်၊ ဖရပ်တို့စ်နဲ့ ဆူးကရို့စ်) ပါဝင်တာကြောင့် စွမ်းအင်ကို ချက်ချင်း ပေးနိုင်သလို စွမ်းအင် တာရှည်စွာ ရရှိစေနိုင်ပါတယ်။

(၃) ငှက်ပျောသီးမှာ ပါဝင်တဲ့ Tryptophan ခေါ်တဲ့ Aminoacid ဟာ Serotonin အဖြစ် ပြောင်းလဲနိုင်တာကြောင့် စိတ်ခံစားမှု ကောင်းစေပြီး စိတ်ဓာတ် ကျဆင်းမှု လျော့နည်းစေပါတယ်။

(၄) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက ဝမ်းနုတ်ဆေး အပျော့စားလို ပြုလုပ်နိုင်တာကြောင့် ဝမ်းချုပ်သူတွေ အတွက် အသုံးဝင်ပါတယ်။

(၅) သူ့မှာ ပါဝင်တဲ့ များစွာသော အမျှင်ဓာတ်တွေက အူမကြီး လုပ်ငန်း ပုံမှန် ဖြစ်အောင် ကူညီပေးသလို Pectin ခေါ်တဲ့ ရေမှာ ပျော်ဝင်တဲ့ အမျှင်ဓာတ်တွေဟာလည်း အစာလမ်းကြောင်း တစ်လျှောက် ပုံမှန် ရွေ့လျားမှု ရရှိအောင် ပြုလုပ်ပေးပါတယ်။

(၆) ငှက်ပျောသီးမှာ ပါဝင်တဲ့ သံဓာတ်တွေဟာ ခန္ဓာကိုယ်တွင်း ဟေမိုဂလိုဘင် ကြီးထွားဖို့ လှုံ့ဆော်နိုင်တာကြောင့် သွေးအားနည်း ရောဂါအတွက် သင့်တော်ပါတယ်။

(၇) နေ့စဉ် ငှက်ပျောသီး သုံးလုံး ပုံမှန်စားတဲ့ အသက်ကြီးသူတွေဟာ အသက်ကြီးလာရင် အမြင်အာရုံ ဆုံးရှုံးမှု ဖြစ်ရတဲ့ အကြောင်းရင်း ဖြစ်တဲ့ မက်ကူလာ ပျက်စီး ယိုယွင်းမှု (Age related macular degeneration) ဖြစ်နိုင်ခြေကို ၃၆ ရာခိုင်နှုန်းအထိ လျှော့ချနိုင်ပါတယ်။

(၈) ငှက်ပျောသီးမှာ ပါဝင်တဲ့ များစွာသော ပိုတက်စီယမ်နဲ့ အလွန် နည်းလှတဲ့ ဆိုဒီယမ်ကြောင့် သွေးတိုးရောဂါ မဖြစ်အောင် ကာကွယ်နိုင်ပါတယ်။

(၉) ငှက်ပျောသီးမှာ ခန္ဓာကိုယ်တွင်း ကောင်းတဲ့ ဘက်တီးရီးယားတွေကို အာဟာရဖြစ်စေတဲ့ Fructooligosaccharide ပါဝင်ပါတယ်။

(၁၀) ရင်ပူဝေဒနာ ရှိသူတွေ ငှက်ပျောသီး စားရင် သက်သာတာဟာ ငှက်ပျောသီးမှာ ပါဝင်တဲ့ Antacid ဂုဏ်သတ္တိကြောင့်ပါ။

(၁၁) ငှက်ပျောသီးကို ပုံမှန် စားပေးရင် ကျောက်ကပ် ကျန်းမာရေးကို ကူညီနိုင်ပါတယ်။ ငှက်ပျောသီးမှာ ပါဝင်တဲ့ ဓာတ်တိုး ဆန့်ကျင်ပစ္စည်း ဒြပ်ပေါင်း Phenolic ကြောင့် ကျောက်ကပ်ကင်ဆာ ဖြစ်နိုင်ခြေကို လျှော့ချနိုင်ပါတယ်။

(၁၂) ငှက်ပျောသီးမှာ ပါဝင်တဲ့ ဗီတာမင် B6,B12, ပိုတက်စီယမ်နဲ့ မဂ္ဂနီဆီယမ်ကြောင့် ဆေးလိပ်ဖြတ်သူတွေမှာ နီကိုတင်း ဖြတ်တာကြောင့် ဖြစ်လာတဲ့ အကျိုးဆက်တွေကို မြန်မြန် ကောင်းအောင် ကူညီနိုင်ပါတယ်။             

ဒေါက်တာခင်မိုးမိုး
By Good Health
Shared from http://news.yatanarpon.com.mm/news/article-22535

ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဗိုက်ချပ်စေမည့် ၁၀ မိနစ်စာ လေ့ကျင့်ခန်း ...

ဗိုက်ချပ်စေမည့် ၁၀ မိနစ်စာ လေ့ကျင့်ခန်း ...

အားကစားအတွက် အချိန်မပေးနိုင်တဲ့ပျိုမေများ အတွက် တစ်နေ့ဆယ်မိနစ်စာ အချိန်ပေးရုံနဲ့ ဗိုက်သား သိသိသာသာ ကျစ်လစ်လှပစေမှာပါ။ ဒီလေ့ကျင့်ခန်းလေးကို Good Housekeeping (Digital Edition) မှ ထုတ်နှုတ်ဖော်ပြထားတာဖြစ်ပါတယ်။

ဒီလေ့ကျင့်ခန်းရဲ့ အနှစ်သာရကတော့ ဗိုက်မှာရှိတဲ့ DeepTransverse Abdominalis ကြွက်သားကို ကျစ်လစ်စေတာဖြစ်ပါတယ်။ ခေါင်းအုံးတစ်လုံးကို ခေါင်းအောက်မှာထား၊ စာအုပ်တစ်အုပ်ကို ဗိုက်ပေါ်တင်၊ ဗိုက်ကိုကျောနဲ့ကပ်တဲ့အထိ လေကိုတဝကြီးရှူထုတ်လိုက်တဲ့အခါမှာ စာအုပ် နစ်ဝင်သွားတဲ့နေရာဟာ DeepTransverse muscle ရှိတဲ့နေရာ ဖြစ်ပါတယ်။ ကစားနည်း အသေးစိတ်ကို ကြည့်ကြရအောင်နော်။

လေ့ကျင့်ခန်း (၁)

ကြမ်းပြင်ဆီသို့ မျက်နှာမူ၍ ကိုယ်ကို ဆန့်တန်း ထားပါ။ ကိုယ်ရဲ့ အလေးချိန်သည် တံတောင်နှင့် ခြေဖျားပေါ်တွင်ရှိပါစေ။ ထိုအနေအထားကို စက္ကန့် ၁၀ မှ ၂၀ အထိ ထိန်းထားပေး ရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၂)

 
(A) လူကို ဘေးဆောင်းအနေအထားနှင့် ဆန့်ထားပြီး ဘယ်ခြေကျင်းကို ညာခြေကျင်းပေါ်သို့ ချိတ်ပါ။ ကိုယ်ကို ညာလက်ဖြင့် ထောက် ထားပြီး ဘယ်ဘက် လက်ကို ဦးခေါင်းအနောက်တွင်ထားပါ။
(B) ဝမ်းဗိုက်ကြွက်သားကို သုံး၍ ဘယ်တံတောင်ကို ကြမ်းပြင်နှင့် မျင်းပြိုင်အနေအထားသို့ ရောက်အောင် ဆွဲယူပါ။
တစ်ဘက်ကို ၆ ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

လေ့ကျင့်ခန်း (၃)


(A) ပထမဆုံး ကြမ်းပြင်ပေါ်သို့ ခြေဖဝါးချ၍ထိုင်ပါ။ ထို့နောက် ဗိုက်ကြွက်သားကို သုံး၍ ခြေကိုကြမ်းပြင်နဲ့ လွတ်တဲ့ အနေအထားသို့ မတင်လိုက်ပါ။ ခါးဆန့်နေပါစေ။
(B) ကိုယ်အပေါ်ပိုင်းကို တစ်ဖက်သို့လှည့်ယူပြီး လက်နှစ်ဘက်ကို ကြမ်းပြင်နှင့်ထိပါ။
ဘက်မပြောင်းခင် ၈ ကြိမ်မှ၁၀ ကြိမ်ပြုလုပ်ပေးရပါမယ်။

လေ့ကျင့်ခန်း (၄)

(A) ကိုယ်ကို ကြမ်းပြင်ပေါ်သို့လှဲလျက်၊ ဒူးကို ရင်ဘတ်နှင့်ထိအောင် ကွေးပြီး ခြေထောက်မပြေ စေရန် လက်ဖြင့်ထိန်းထားပါ။
(B) အသက်ရှူ၊ ဗိုက်ကိုရှပ်၍ ထိုင်ရက်အနေအထားသို့ ရောက်အောင် ဆွဲထူပါ။ ကိုယ်အလေးချိန်ဟာ၊ မြီးညောင်ရိုးနေရာမှာရှိပါစေ။
ဒီအတိုင်း ၅ ကြိမ်မှ ၁၀ ကြိမ်ပြုလုပ်ပေးပါ ။

လေ့ကျင့်ခန်း (၅)

(A) ပက်လက်အနေအထားနှင့် ဒူးကိုကွေးပြီး လက်နှစ်ဘက်ကို ခေါင်း အောက်တွင်ထားပါ။
(B) ညာခြေကို ဆန့်ရင်း ကိုယ်အပေါ်ပိုင်းကို ဘယ်ဘက် ဒူးဆီသို့လှည့်ပါ။ ဘက့်ပြောင်း၍ ဘယ်ခြေကိုဆန့် ညာဒူးဆီသို့လှည့်ပါ။
တစ်ဖက် ကို ၁၀ကြိမ်စီ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

** အထက်မှာဖော်ပြထားတဲ့ လေ့ကျင့်ခန်း (၁) မှ (၆) ကို ဆယ်မိနစ်အတွင်း (၂) ခေါက်ပြည့်အောင် ဆက်တိုက်ပြုလုပ်ပေးရမှာပါ။ တစ်ပတ်ကို ၃ကြိမ်ပဲပြုလုပ်ပေးရမှာမို့၊ နေ့တိုင်းလုပ်ဖို့ အဆင်မပြေတဲ့ ပျိုမေတွေအတွက်လည်း အသုံးဝင်လိမ့်မယ် ထင်ပါတယ်။

ပျိုမေတွေ ကျန်းကျန်းမာမာနှင့် သာယာပျော်ရွှင်တဲ့နေ့ရက်တွေ ကို ပိုင်ဆိုင်နိုင်ကြပါစေ ရှင်။

မြတ်ကြည် (သနပ်ခါးမေ)
@ Shwebeauty
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အံ့ဖွယ် အစွမ်းထက်တဲ့ ရှားစောင်းလက်ပတ် ...



ဒီနေ့မြန်မာ့အသံမှာလာတဲ့ယဉ်တကိုယ်မယ် လေးပြောသွားသလိုပဲ ရှားစောင်းလက်ပတ်လေးအကြောင်းကို သူပြောတာထက် အသုံးဝင်ကြောင်းလေးကိုသူငယ်ချင်းတို့ကိုပြောပြပေးချင်ပါတယ်။

လူတိုင်းအလှအပကိုမြတ်နိုးကြမယ်လို့ထင်ပါတယ်။ ရှားစောင်းလက်ပတ် ရဲ့ ဂျယ်လီလိုဖြစ်နေတဲ့
အသားတုန်တုန်ကလေးတွေကို မျက်နှာမှာအသာလိမ်းပေးမယ်ဆိုရင်မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အမဲကွက်တွေ နေလောင်တာတွေကို ကာကွယ်ပေးပါတယ်။

အသားအရေ ခြောက်တာလည်းမဖြစ်တော့ဘူးပေါ့။

မိန်းကလေးတွေအများစုဟာမိတ်ကပ်ကိုလိမ်းတတ်ကြပါတယ် မနက်ပိုင်းလိမ်းပြီးလို့ မိတ်ကပ်ကြောင့်အသားအရေးမပျက်စီးရအောင် ညနေအိမ်ပြန်ရောက်တဲ့အခါ (သို့) ညအိပ်ယာဝင်ခါနီး မျက်နှာသစ်ပြီးတဲ့အခါ ရှားစောင်းလက်ပတ်ဂျယ်လီလေးကို မျက်နှာအနှံ့လိမ်းပေးပြီး မိနစ်(၂၀)လောက်မှာ ရေအေးနဲ့ မျက်နှာပြန်သစ်ပေးမယ် ဆိုရင် မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ ၀က်ခြံဖုပေါက်တာ၊ နေကြောင့်အသားအရေလောင်တာ ခြောက်တာတို့ကိုမဖြစ်အောင်ကာကွယ်ပေးပါတယ်။
နောက်ပြီး ရေနွေးပူလောင်တာ၊ မီးပူလောင်တာတို့ဖြစ်တဲ့အခါမှာလည်း  ဖြစ်ဖြစ်ချင်းရှားစောင်းလက်ပတ် ကိုရေနဲ့သန့်သန့်ဆေး၊ နှစ်ခြမ်းခွဲပြီးအပူလောင်တဲ့ဒါဏ်ရာပေါ်ကိုကပ်ပေးပြီး မကြာခဏ ရှားစောင်းလက်ပတ် လဲလှယ်ပေးမယ်ဆိုရင်  ဒါဏ်ရာဟာအပူဖူ (အရည်ကြည်ဖု) ဖြစ်မလာတော့ပဲ ခဏအတွင်း   သက်သာမှာဖြစ်သလို နဂိုအသားအရေအတိုင်း  ပြန်ရမှာဖြစ်ပါတယ်။

 ရှားစောင်းလက်ပတ် ယိုလို့ပြောရမလား ချက်ဆေးလို့ပြောရမလား လုပ်ပြီး စားလို့လည်းရပါသေးတယ်။ အဲဒါကတော့ ရှားစောင်းလက်ပတ်ရယ်၊ ထန်းလျက်အမဲရယ်၊ မန်ကျည်းသီးမှည့်ရယ်ရောကြိုရတာပါ။

တချို့ကတော့ စမုံမျိုး(၅)ပါးထည့်ကြပါတယ်။ကျွန်မကတော့ အလွယ်ပဲ ကြိုစားဖြစ်တာပါ စမုံမျိုး(၅)ပါး မထည့်ဖြစ်ပါဘူး။ ရှားစောင်းလက်ပတ်ကတစ်ဆ၊မန်ကျည်းသီးတစ်ဆကိုထန်းလျက်က နှစ်ဆထည့်ရမှာပါ။

အရင်ဆုံးအပင်ကခူးလာတဲ့ ရှားစောင်း လက်ပတ်ကို ရေအေးနဲ့သန့်နေအောင်ဆေးရပါမယ် ပြီးတော့ ကျိတ်စက်ကလေးနဲ့တစ်ချောင်းချင်းကျိတ်ပေးရပါတယ်။

ဒါမှမဟုတ်ရင်လည်းဓါးနဲ့ပါးပါးလေးလှီးပေးရင်လည်းရပါတယ် ကျိတ်စက် ဆိုတော့မြန်တာပေါ့နော။ ထန်းလျက်ကိုလည်းရေနည်းနည်းနဲ့ကြိုထားရပါမယ်။

 မန်ကျည်းသီးကိုတော့ ရေအေးနည်းနည်းနဲ့ စိမ်ပြီးပွနေအောင်ထားရပါမယ်။ ပြီးမှ မျည်ကျည်းသီးကို အနှစ်တွေပဲရအောင် ဇကာကလေးနဲ့တိုက်ချပေးရပါတယ်။ပွနေတဲ့မန်ကျည်းသီးကို ဒီအတိုင်းထည့်လည်းရပါတယ်။

ကျွန်မကတော့ အနှစ်ကလေးတွေပဲရအောင်ဇကာလေးနဲ့ တိုက်ချတာပါ။ ကြိုထားတဲ့ ထန်းလျက်ကို အအေးခံပြီး ရေစစ်နဲ့စစ်ပေးရပါမယ်ဘာကြောင့်လဲဆိုတော့ ထန်းလျက်မှာအမှိုက်ကလေးတွေ သဲလေးတွေပါနေတတ်တာကြောင့်ပါ။

ပြီးရင်အဲဒီ(၃)မျိုးကို ဒန်အိုးသန့်သန့်ထဲပေါင်းထည့်ပြီး ကြိုလို့ရပါပြီ။ ကြိုနေရင်းနည်းနည်းပြစ်လာပြီဆိုရင်တော့ ဆက်တိုက်မွှေပေးရပါမယ်။ ထန်းလျက်ပါတာကြောင့် မီးတူးတတ်တယ်လေ။ ရေတွေခန်းသွားခါနီးမှာ တော့ ဆားသင့်တော်ယုံ လောက်ထည့်ပြီးမွှေပေးရပါတယ်။

 ရေလည်းမကျန်၊တအားစေးကပ်သွားတာလဲမဟုတ်ပဲ သင့်တော်တဲ့အနေအထားထိထားပြီး အအေးခံထားလိုက်ပါ။

 ပြီးရင် ပုလင်း(သို့)ဗူးထဲထည့်ပြီး ညနေစာနဲ့ ဝေးတဲ့ ညအိပ်ခါနီးအချိန်မှာ အဲဒီရှားစောင်းလက်ပတ်ယိုကို စားပေးမယ်ဆိုရင် ဆီး၊၀မ်း၊လေ မှန်ပြီး အသားအရေစိုပြေမှာဖြစ်ပါတယ်။

 နောက်ပြီး ဆံပင်ကျွတ်ခြင်း ၊ဗေါက်ထခြင်းကိုတော့ မိမိခေါင်းလျော်တဲ့အခါမှာ မိမိအသုံးပြုတဲ့ရှန်ပူ နဲ့အတူရောလျော်ရင် ဗေါက်ထတာဆံပင်ကျွတ်တာကနေကင်းဝေးပြီး ပျော့ပျောင်းလှပတဲ့ဆံပင်ကလေးကို
ရရှိမှာဖြစ်ပါတယ်။

 အဲဒါကတော့ မိမိခေါင်းလျော်ရည်ထည့်မည့် ဖလားဒါမှမဟုတ် ဇလုံကလေးပေါ့ အဲဒီအထဲကို ရှားစောင်းလက်ပတ်ရဲ့ဂျယ်လီကလေးတွေပဲရအောင်အပေါ်ယံကအစိမ်းဖတ်ကလေးကို ဓါးနဲ့ အသာခွာယူပြီး ဂျယ်လီလိုအသားကလေးတွေကို မိမိအသုံးပြုတဲ့ ဘီးကလေးနဲ့ သာသာကလေး ခြစ်ယူပါ။

 ပြီးရင်မိမိအသုံးပြုမယ့် ခေါင်းလျော်ရည်ထည့်ထားပြီးမိနစ်၃၀ခန့်ထားပေးပါ။ ခေါင်းလျော်တဲ့အခါ ရောမွှေလိုက်ပါ
လျော်တဲ့အခါမှာ ဦးရေကိုလက်နဲ့ဖွဖွသာကုတ်ပါ။ ခဏပေါင်းထား သလိုဖြစ်အောင် ဖွဖွကုတ်ပေးပါ။ ၅မိနစ် ၁၀ မိနစ်လောက် ထားပြီး ရေနဲ့လျော်ပေးမယ်ဆိုရင် သင့်ဆံပင်ဟာ နူးညံ့ပြီး ဗေါက်ကင်းတဲ့သူဖြစ်မှာပါ။

ဆံပင်သားဟာလည်း နှစ်ခွမဖြစ်တော့ပါဘူး။ နောက်ထပ်အသုံးဝင်တာရှိပါသေးတယ် ။အဲဒါကတော့ ရှားစောင်းလက်ပတ်သတ္တုရည်ကိုသောက်သုံး ခြင်းပါပဲ အဲဒါကတော့ ကိုယ်အတွင်းကကလီစာတွေအတွက် သိပ်ကောင်းတဲ့ဆေးရည်ပါတဲ့။

အဲဒါကိုဂျပန်နိုင်ငံကထုတ်လုပ်နေပြီလို့သိရပေမယ့် ဆေးရည်ကြိုနည်းကိုအတိအကျမသိသေးတဲ့အတွက်
 နောက်မှဆက်လက်ဖော်ပြပေးပါ့မယ်လို့ ..........နော်။

အထက်ကဖော်ပြပေးခဲ့တာတွေကတော့ ကျွန်မလက်တွေ့ မို့ပါ။ ကျွန်မ သင်တန်းတခုတက်ရတုန်းက ကျွန်မဆံပင်က တင်ပါးဖုံးခါနီးအထိရှည်ပါတယ်။ သင်တန်းမှာက ဆံထုံး မထုံးမနေရဆိုတော့ ဆံပင်ကို ခေါက်ရပါတယ်။

သူများလို တစ်ပတ်လျှိုလည်းမထုံးတတ်ပါဘူး။ အဲဒါကြောင့် ပိုက်အုတ်နဲ့ပဲ မရမက ခေါက်ထုံးရတာဆိုတော့ ခေါက်ထားတဲ့အရာကနေဆံပင်တွေကျိုးကုန်ပါတယ် တော်တော်လည်းပျက်စီးကုန်ပါတယ်။
 ရေမကောင်းတာလဲပါတာပေါ့နော်။ အဲဒါကြောင့်ဆံပင်ကိုကျော်လည်အထညှပ်လိုက်ရပါတယ် ။ အဲဒီနောက်မှာမှ ရှားစောင်းလက်ပတ်နဲ့လျော်ရတယ်ဆိုတာကိုသိပြီးလျော်ဖြစ်တာပါ။

ရှားစောင်းလက်ပပ်သတ္တုရည်ပြုလုပ်နည်းနှင့်အခြားနည်းများ

ရှားစောင်းလက်ပပ်အရွက်ကို အရင်းကနေ ဓါးထက်ထက်နဲ့ဖြတ်ပါ။ တစ်ယောက်စာအတွက်ပဲဆိုရင်တော့ လေးရွက်၊ငါးရွက်လောက်အနည်းဆုံး ဖြတ်ယူပါ။ အရွက်ငယ်လေးတွေကိုမဖြတ်ပဲအပင်မှာပဲချန်ထားခဲ့ပါ။ ရေစင်စင်ဆေးပြီးဆူးတွေနဲ့ထိပ်ဖျားကို ဖြတ်ပစ်လိုက်ပါ။

၁။ ဓါးနဲ့ပါးပါးလှီးပြီး သစ်သီးဖျော်ရည်စက်နဲ့မွှေပါ။
၂။ ပိတ်စပါးသန့်သန့်နဲ့ အရည်ညှစ်ပါ။ ရှားစောင်းလက်ပပ်ရည်ကို အိုးသန့်သန့်တစ်လုံးနဲ့ ခံယူပါ။
၃။ ရှားစောင်းလက်ပပ်ရည်ကို မီးဖိုပေါ်တင်ပြီး မိနစ်၃၀ ခန့်ကြာအောင်ကျိုပါ။
ဆူလာတဲ့အခါမှာ အမြှုပ်တွေတက်လာပါလိမ့်မယ်။ တက်လာတဲ့ အမြှုပ်တွေကို
ခပ်ထုတ်ပစ်ပါ။ အမြှုပ်တွေဟာ ဖန်တဲ့အရည်တွေပဲဖြစ်ပါတယ်။ အဲဒါကြောင့်
အမြှုပ်တွေကိုကုန်အောင်ခပ်ထုတ်ရတာပါ။
၎။ ပျားရည်(သို့မဟုတ်) သကြားသန့်သန့်သင့်ရုံလောက်ကို ကြိုက်နှစ်သက်တဲ့အရသာဖြစ်အောင်ထည့်ပြီး သမအောင်မွှေပေးပါ။ အအေးခံထားပြီး ရေခဲသေတ္တာထဲထည့်သိမ်းထားနိုင်လျှင် ပိုကောင်း ပါတယ်။

 သွေးချို၊ဆီးချို ရှိသူများ အတွက်ကတော့ အချိုမထည့်သင့်ပါဘူး။ သဘာဝအတိုင်းသောက်တာပိုကောင်းပါတယ်။
 ရှားစောင်လက်ပပ်သတ္တုရည်ကို နေ့စဉ် ကြွေဇွန်းကြီး ၁ဇွန်းနှုန်းဖြင့် သုံးကြိမ်သောက်သင့်ပါတယ်။
ရှားစောင်းလက်ပပ်ရည်ကို ဒီအတိုင်းပဲထားမယ်ဆိုရင် သူ့ထဲမှာပါဝင်တဲ့ အောက်ဇားလစ်အက်ဆစ် Oxalic Acid တွေက ဓါတ်ပြောင်းသွားတတ်ပါတယ်။

ဒါကြောင့်ရေခဲသေတ္တာမရှိသူများ နှစ်ရက်စာလောက်သာကျိုချက်သောက်လျှင်ကောင်းပါတယ်။

 နှစ်ရက်ထက်ပိုမထားသင့်ပါဘူး။

ရှားစောင်းလက်ပပ်အမှုန့်ပြုလုပ်နည်း

ရှားစောင်းလက်ပပ်အရွက်ကို သန့်စင်အောင်ဆေးပြီး ဆူးတွေနဲ့ထိပ်ချွန်တွေကို
ဖယ်ပြီး ပါးနိုင်သလောက်ပါးအောင်လှီးပါ။ ပါးလေကောင်းလေဖြစ်ပါတယ်။
လှီးထားတဲ့ရှားစောင်းလက်ပပ်အဖတ်လေးတွေကိုဝါးနဲ့လုပ်ထားတဲ့ဆန်ကောထဲမှာဖြန့်လှန်းပါ။
တစ်ရက်နဲ့မခြောက်ရင် နှစ်ရက်၊ သုံးရက်စသည်ဖြင့်လုံးဝ ခြောက်သွားအောင်လှန်းပါ။

နှစ်ရက်၊သုံးရက်ကြာတဲ့အခါရှားစောင်းလက်ပပ်တွေလုံးဝ ခြောက်သွားပြီဆိုရင်
ဆုံထဲမှာထည့်ပြီး ထောင်းပါ။ မှုန့်မှုန့်ညက်ညက် လိုချင်တယ်ဆိုရင်တော့ဆန်ကာချပေးရုံပါပဲ။

ရှားစောင်းလက်ပတ်အခြောက်မှုန့် သောက်နည်းကတော့ လက်ဖက်ရည်ဇွန်းတစ်ဇွန်းကို
ရေနွေးတစ်ခန်ခွက်နဲ့ရောပြီး တစ်နေ့နှစ်ကြိမ်၊သုံးကြိမ်သောက်ပါ။

ရှားစောင်းလက်ပပ်အမှုန့်ပြုလုပ်ဖို့အချိန်မရသူတွေအတွက် ရှားစောင်းလက်ပပ်
အခြောက်ဖတ် အတိုင်း ရေနွေးဆူဆူထဲခတ်ပြီးရေနွေးကြမ်းသောက်သလိုသောက်သုံးနိုင်ပါတယ်။
 သောက်ရတာခက်တယ်ထင်ရင်တော့ပျားရည် လေးနည်းနည်း ထည့်သောက်ပါ။ သွေးချို၊ဆီးချိုရှိ သူများအတွက်ကတော့ပျားရည်မထည့်သင့်ပါဘူး။ပျောက်ကင်းကာကွယ်နိုင်တဲ့ရောဂါများကတော့
အစာအိမ်ပြည်တည်နာနဲ့ အစာအိမ်နဲ့ပတ်သက်တဲ့ရောဂါ၊ ဆီးချို၊သွေးချို၊
အသည်း၊သွေးတိုးရောဂါ အစရှိသည်တို့ကိုကာကွယ်ပျောက်ကင်းနိုင်ပါတယ်။

မှတ်ချက် ၊ ဆရာမောင်မောင်လှိုင်ဘာသာပြန်ဆိုရေးသားတဲ့ အံ့ဖွယ် အစွမ်းထက်တဲ့
ရှားစောင်းလက်ပပ်သတ္တုရည်စာအုပ်မှ စုစည်းတင်ပြခြင်းဖြစ်ပါတယ်။

သူငယ်ချင်းတွေကိုလည်း သိစေချင်တဲ့အတွက် ရေးတတ်သလိုရေးထားတာကြောင့် စာလုံးအမှားပါရင်ခွင့်လွှတ်ပါနော်။

( ခေါင်းလျော်ရည်နဲ့ ရှားစောင်းလက်ပတ်ရောသုံးနည်းကိုပြောပြပေးခဲ့တဲ့တောင်ကြီးက ညီမငယ် နီလာကိုလည်းအထူးကျေးဇူးတင်ပါတယ်။ အခုလက်တွေ့လည်း လျော်ပြီး ဆံပင်တွေပြန်ရှည်နေပါပြီလို့ .........)
ကမ္ဘာသစ်မှကူးယူတင်ပြသည်။

Shared from http://www.mm-flashsongs.com/profiles/blogs/5202681:BlogPost:1075509#axzz1qOm0bA9A
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဓမ္မတာရာသီစက်ဝန်း အလိုက် အလှအပ ထိန်းသိမ်းနည်းများ ...

ဓမ္မတာရာသီစက်ဝန်း အလိုက် အလှအပ ထိန်းသိမ်းနည်းများ ...

တချို့ရက်တွေမှာ ကိုယ့်ကိုယ်ကိုယ် ကြည့်မကောင်းဘူး ထင်ပြီး၊ တချို့ရက်တွေမှာတော့
ဆွဲဆောင်မှုရှိတယ်လို့ ထင်နေမိပါသလား။ ဒါဟာ ဟော်မုန်းတွေကြောင့်ပါပဲ။ သင်ရဲ့ ဟော်မုန်း
အတက်အကျဟာ သင်ရဲ့ ဆံပင်၊ အရေပြား၊ ခန္ဓာကိုယ်နဲ့ အနံ့အသက်တွေပေါ် များစွာ
အကျိုးသက်ရောက်မှု ရှိပါတယ်။ သင်ရဲ့ ဟော်မုန်းတွေဟာ ဓမ္မတာရာသီလာတဲ့ ရက်အလိုက်
အတက်အကျ ရှိနေတတ်ပါတယ်။
(ဒါပေမဲ့  သင်က ပဋိသန္ဓေတားဆေးကို လစဉ် သုံးစွဲနေသူဆိုရင်တော့ ဟော်မုန်း အတက်အကျ
မရှိတာကြောင့် ဒီအကျိုးသက်ရောက်မှုတွေကို မခံစားနိုင်ပါဘူး။)
ဒီတော့ ဟော်မုန်းတွေ ဘယ်လောက်ပဲ အတက်အကျ ရှိနေပါစေ နေ့စဉ်နေ့တိုင်း လှပနေစေဖို့ အတွက်
အပတ်စဉ်အလိုက် ဂရုစိုက်ရမယ့် နည်းလမ်းတွေကို ဖော်ပြလိုက်ပါတယ်။

ဓမ္မတာအကြိုတစ်ပတ်

ဓမ္မတာရာသီမလာမီ တစ်ပတ်အတွင်းမှာ ဓမ္မတာ အကြိုလက္ခဏာတွေ ဖြစ်ပေါ်တတ်ပါတယ်။
ခါးနာတာ၊ ဗိုက်အောင့်တာအပြင် အဝစာတွေ ဖြစ်တဲ့ အာလူးကြော်၊ ချောကလက်၊ ချိစ်တို့ကို စားလိုစိတ်တွေလည်း ဖြစ်တတ်ပါတယ်။ စိတ်ထိခိုက် ဝမ်းနည်းလွယ်တာ၊ ဒေါသထွက်လွယ်တာလည်း ဖြစ်တတ်ပါတယ်။
အလှအပအနေနဲ့ ပြောရမယ်ဆိုရင် မျက်နှာမှာ ဝက်ခြံတွေ ပေါက်တတ်ပြီး ဆံပင်ကလည်း အဆီများကာ စေးကပ် နေတတ်ပါတယ်။ ဒါဟာ ရာသီမလာခင် ခြောက်ရက်လောက် အလိုမှာ ပရိုဂျက်စတီရုန်း ဟော်မုန်းထွက်နှုန်း ထိပ်ဆုံးထိ ရောက်နေကာ မျက်နှာနဲ့ ဦးရေပြားတို့ကနေ အဆီတွေ ပိုထွက်ရှိလာစေတာကြောင့်ပဲ ဖြစ်ပါတယ်။

ဒီကာလအတွင်း အလှအပ ထိန်းသိမ်းနည်း


အဆီတွေ ကင်းရှင်းစေဖို့

ဒီကာလမှာ ဝက်ခြံမထွက်အောင် ဒီကာလ မတိုင်ခင်ကတည်းက ကြိုတင်ကာကွယ်ရမှာ ဖြစ်ပါတယ်။
(ကာကွယ်နည်းကိုလည်း သားဥတွေကြွေပြီး တစ်ပတ်တာကာလတွင်း အကြံပေးချက်မှာ ဖော်ပြထားပါတယ်။) 
ဘယ်လိုပဲဖြစ်ဖြစ် ဒီကာလမှာ ဝက်ခြံ ထွက်ပေါ်လာပါက ပျောက်အောင် ကုသရမှာ ဖြစ်ပါတယ်။
ဘက်တီးရီးယားပိုးတွေ တိုက်ဖျက်ဖို့နဲ့ အဆီတွေ ပျော်ဝင်စေဖို့အတွက် ဆာလဖာပါရှိတဲ့ ဝက်ခြံပျောက်ဆေးနဲ့  Benzoyl Peroxide အခြေခံ ဝက်ခြံပျောက်ဆေးကို အတူရောကာ လိမ်းပေးနိုင်ပါတယ်။
ဆံပင်အတွက်ကတော့ အဆီထွက်တဲ့ ဆံပင်သား (Oily Hair) တွေ အတွက် သီးသန့်ထုတ်ထားတဲ့ ခေါင်းလျှော်ရည် သုံးပေးပါ။
အဓိက သတိထားရမှာကတော့ မျက်နှာက ဝက်ခြံတွေကို လက်နဲ့ မဆွမိဖို့ပါပဲ။

မျက်နှာချောမွေ့အောင် 

မျက်နှာမှာ အဖုအပိမ့်တွေ များနေပါက မိတ်ကပ်ပါးပါးကို အလွှာများများနဲ့  သေသပ်စွာ လိမ်းပေးရပါမယ်။
အရင်ဆုံး  Skin Care တွေ လိမ်းပြီးနောက် မျက်နှာကို ချောမွေ့စေပြီး မိတ်ကပ်သား ညက်စေနိုင်တဲ့
မိတ်ကပ်အောက်ခံ (Make-up Base)  ကို လိမ်းပေးပါ။
(မရှိရင် ဒီအဆင့် ကျော်နိုင်ပါတယ်။) ပြီးတဲ့အခါ ကိုယ့်အသားအရောင်နဲ့လိုက်တဲ့ အစက်အပြောက်ဖုံး
မိတ်ကပ်  (Concealer) အသာအယာ လိမ်းလိုက်ပါ။ နောက်ဆုံး မျက်နှာတစ်ပြင်လုံးကို ဘရပ်ရှ်နဲ့ ပေါင်ဒါ
ပုတ်လိမ်းလိုက်ပါက ချောမွေ့လှပတဲ့ မျက်နှာပိုင်ရှင်လေး ဖြစ်သွားပါလိမ့်မယ်။

အစိုဓာတ်ထိန်းဖို့ မမေ့ပါနဲ့

ဝက်ခြံတွေက မိန်းကလေးတွေကို စိတ်ဖိစီးမှု ဖြစ်ပေါ်စေပြီး စိတ်ဖိစီးတာကလည်း ဂလင်းတချို့ကို
သွားလှုံ့ဆော်တာကြောင့် အဆီပိုထွက်ပြီး အရေပြားကနေ အစိုဓာတ် ထိန်းသိမ်းနိုင်စွမ်း လျော့နည်းသွားတတ်ပါတယ်။
ဒါကြောင့်လည်း အဆီတွေပြန်ပေမယ့် အရေပြားမစိုဘဲ ခြောက်သွေ့နေတတ်တာပဲ ဖြစ်ပါတယ်။
နောက်ပြီးတော့ မျက်နှာအဆီပြန်တယ် ဆိုပြီး အစိုဓာတ်ထိန်းသိမ်း ခရင်မ်  (Moisturiser) ကို
မလိမ်းဘဲ ဝက်ခြံပျောက်ဆေးတွေကိုသာ လိမ်းနေရင်လည်း အရေပြားကို ခြောက်သွေ့စေကာ ခန္ဓာကိုယ်ကနေ အဆီတွေပိုပြီး ထွက်ရှိလာမှာ ဖြစ်ပါတယ်။ ဒါကြောင့် အဆီမပါတဲ့  Moisturiser  ကို လိမ်းပေးသင့်ပါတယ်။

ဓမ္မတာလာစဉ် တစ်ပတ်

ဓမ္မတာမလာခင်က ထွက်ရှိခဲ့တဲ့ ဝက်ခြံတွေကြောင့် ဓမ္မတာလာစဉ်ကာလ အတွင်းမှာ ဝက်ခြံရာတွေ ကျန်နေခဲ့နိုင်ပါတယ်။
ဒါ့အပြင် ဓမ္မတာ သွေးဆင်းခြင်းကြောင့်လည်း သွေးအားနည်းခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်မှု လျော့နည်းခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒီကာလအတွင်း အလှအပထိန်းသိမ်းနည်း

ဝက်ခြံအမာရွတ် ကင်းစေဖို့


ဓမ္မတာမလာခင် ကာလအတွင်းမှာ ထွက်ရှိတဲ့ ဝက်ခြံတွေက ပျောက်သွားပြီးတာတောင် အရာက ကျန်ရစ်ခဲ့တတ်ပါတယ်။
ဒီအရာတွေ ပျောက်စေဖို့ ပျက်စီးနေတဲ့ ဆဲလ်ဟောင်းတွေ ခွာစေနိုင်တဲ့ မျက်နှာကြေးချွတ်ခြင်း
(Facial Scrub) ကို ပြုလုပ်ပေးနိုင်ပါတယ်။ ဒါ့အပြင် ဝက်ခြံရာတွေကို မိတ်ကပ်နဲ့လည်း ဖုံးဖိနိုင်ပါတယ်။

သွေးအားကောင်းအောင် လုပ်ပါ

ဓမ္မတာသွေးဆင်းခြင်းကြောင့် သွေးအားနည်းပြီး အသားအရေ ဖြူဖပ်ဖြူရော်ဖြစ်ကာ လူလည်း မလန်းဆန်းပါဘူး။ ဒါကြောင့် ဓမ္မတာလာတဲ့ အမျိုးသမီးတိုင်း သံဓာတ်အားဖြည့်ဆေး သွေးအားကောင်းဆေးကို နေ့စဉ် သောက်သုံးသင့်ပါတယ်။

အနံ့အသက်ကောင်းစေဖို့

ဓမ္မတာရာသီလာစဉ် ကာလအတွင်းမှာ သွေးညှီနံ့ကြောင့် စိတ်ညစ်ရတဲ့ကြားထဲ ထိုကာလမှာ ချိုင်းနံ့ကလည်း
မသင်း ဖြစ်နေတတ်ပါတယ်။ ဒီလိုကာလအတွင်းမှာ အနံ့အသက် ကောင်းစေဖို့ ချိုမြိန်တဲ့ ပန်းရနံ့ပါတဲ့ ရေမွှေး
ခပ်သင်းသင်းလေးကို ဆွတ်ပေးသင့်ပါတယ်။

သားဥကြွေစဉ် တစ်ပတ်

ဒီကာလကတော့ ကိုယ်ဝန်အရနိုင်ဆုံး ကာလပါ။ ဒီလမှာ မဟော်မုန်း အီစထရိုဂျင်ဟော်မုန်းက
အမြင့်ဆုံး ဖြစ်နေတာကြောင့် ဆွဲဆောင်မှုအရှိဆုံး ကာလလည်း ဖြစ်နေပါတယ်။ ဆံပင်သားလေးတွေ
ပြောင်လက်ကာ အသားအရေ ဝင်းလက် စိုပြည်နေတာကြောင့်လည်း လှပပြီး ဆွဲဆောင်မှု ရှိနေတာပါ။

ဒီကာလအတွင်း အလှအပထိန်းသိမ်းနည်း


မလိုတာတွေ မသုံးပါနဲ့ 
ဒီကာလမှာ အမျိုးသမီးတွေ ခန္ဓာကိုယ်က ထွက်ရှိတဲ့  သဘာဝကိုယ်သင်းနံ့ကို အမျိုးသားတွေ နှစ်သက်
သဘောကျ ကြတာကြောင့် ရေမွှေးတောင် ဆွတ်စရာ မလိုတော့ပါဘူး။
နောက်ပြီး ပိုးသားလို ပြောင်လက်နူးညံတဲ့ ဆံသား၊ စိုပြည် ဝင်းပတဲ့ အသားအရေကြောင့် ဒီကာလအတွင်းမှာ
အမျိုးသားတွေကို ပိုဆွဲဆောင်နိုင်စေပါတယ်။  ကိုယ့်ကိုယ်ကိုယ် မြတ်နိုး တန်ဖိုးထားမှုတွေကလည်း
သားဥကြွေစဉ်ကာလ အနီးတစ်ဝိုက်မှာ များနေတာကြောင့် ကိုယ့်ကို ပိုပြီး လှစေ၊ မိုက်စေနိုင်တဲ့ အဝတ်အစား၊ အလှပြင်ပစ္စည်းတွေအပေါ် ပိုက်ဆံ သုံးစွဲမှုနှုန်း မြင့်နေတတ်ပါတယ်။
ဒါကြောင့် ကိုယ့်ကိုယ်ကိုယ် အလိုလိုက်ချင်စိတ် ပေါ်ပြီး မလိုအပ်တာတွေ ဝယ်မိတော့မယ် ဆိုရင်
ကိုယ့်စိတ်ကိုယ် ပြန်ထိန်းနိုင်အောင် ကြိုးစားပါ။

ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်ဖို့ 

ဒီလိုကာလမျိုးမှာ အမျိုးသမီးတွေက ခန္ဓာကိုယ်အချိုးအစား ပေါ်လွင်စေတဲ့ အဝတ်အစား ခပ်ကျပ်ကျပ်လေးတွေ၊ အတိုအပြတ်လေးတွေကို ဝတ်လိုစိတ် များတတ်ပါတယ်။
အတို၊ အပြတ်ဝတ်ရာမှာ အသားအရေ လှပစိုပြည်နေစေဖို့ Body Lotion လိမ်းပေးဖို့ မမေ့ပါနဲ့။

သားဥကြွေပြီးတစ်ပတ်
သားဥကြွေပြီးတာနဲ့ ခန္ဓာကိုယ်ကနေ ဟော်မုန်းနှစ်မျိုး ထွက်ရှိလာပါတယ်။
ဒါပေမဲ့ မကောင်းတာက ဒီဟော်မုန်းတွေဟာ အလှအပအတွက် အကျိုးမပေးတာကြောင့်ပါ။
ဒီအပတ်ထဲမှာ ထွက်ရှိတဲ့ တက်စတိုစတီရုန်းနဲ့ ပရိုဂျက်စတီရုန်း ဟော်မုန်း နှစ်မျိုးစလုံးဟာ အဆီတွေ
ထွက်ရှိစေနိုင်သလို ရေဓာတ်ကိုလည်း ခန်းခြောက်စေနိုင်ပါတယ်။ ဒီဟော်မုန်းတွေရဲ့ ပမာဏက
သိသာ ထင်ရှားတဲ့ အပျက်အစီး၊ ဆိုးကျိုးတွေ ဖြစ်နိုင်လောက်တဲ့အထိ မများပေမယ့် မကြာခင်မှာ ဖြစ်ပေါ်မယ့် ဆိုးကျိုးတွေကို သွားဆွပေးသလို ဖြစ်တတ်ပါတယ်။ ဒါကြောင့် ဓမ္မတာအကြိုလက္ခဏာ ဆိုးကျိုးတွေ မဖြစ်ပေါ်မီ ကြိုတင် ကာကွယ်ထားဖို့ အရေးကြီးပါတယ်။

ဒီကာလတွင်း အလှအပထိန်သိမ်းနည်း


မဝအောင် သတိထားပါ

သိပ်မကြာခင် ဓမ္မတာအကြိုကာလမှာ ခန္ဓာကိုယ် အနည်းငယ် ဖောရောင်တာကြောင့် ဝတ်နေကျ အဝတ်အစားတွေ ကျပ်နေနိုင်ပါတယ်။ ဒါကြောင့် အခုကာလတည်းက အစားအသောက်ကို ဆင်ခြင်သင့်နေပါပြီ။ ပဲငံပြာရည်၊ အာလူးကြော်တို့လို ဆားငန်တဲ့ အစားအစာတွေ၊ ဖရဲသီးနဲ့ သခွားသီးလို ဖောစေတဲ့ အစာတွေကို လျှော့စားပါ။

ကြိုတင်ကာကွယ်ပါ

ဒီကာလမှာ ကြိုတင် ကာကွယ်ထားမှ ဓမ္မတာအကြို ဝက်ခြံထွက်ရှိမှုတွေကို ကာကွယ်နိုင်မှာပါ။
နောက်တစ်ပတ်မှာ ထွက်ပေါ်လာမယ့် ဝက်ခြံတွေကို ခုချိန်မှာ ကာကွယ်ထားတာ အကောင်းဆုံးပါ။
အဆီနဲ့ ဘက်တီးရီးယားပိုး ပမာဏ မျှတစေဖို့ Benzoyl  Peroxide (သို့) Salicylic Acid လို
ဝက်ခြံပျောက်ကင်းစေနိုင်တဲ့ အရာတွေနဲ့ ကြိုပြီး မျက်နှာကို ပေါင်းတင် ထားသင့်ပါတယ်။
နေ့စဉ်နေ့တိုင်း လှပချောမောကာ ဆွဲဆောင်မှု ရှိနိုင်ကြပါစေ။

ဒေါက်တာနုမြတ်

 By Good Health
Shared from http://news.yatanarpon.com.mm/news/article-54508
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ဒီဇိုင်နာနဲ့ ဒ-ဒွေး ပြဿာနာ ...

ဒီဇိုင်နာနဲ့ ဒ-ဒွေး ပြဿာနာ ...

ဒီဇိုင်းရေးဆွဲတဲ့ Software တွေမှာ စာရိုက်တဲ့အခါဆိုရင် ဒ-ဒွေး ပြဿာနာ အမြဲတမ်းကြုံရတတ်ပါတယ်။
များသောအားဖြင့် Photoshop သုံးတဲ့သူတွေ အမြဲလိုလိုကြုံရတတ်ပါတယ်။
စာတန်းရဲ့ရှေ့ဆုံးက ဒ-ဒွေးကို ရိုက်လိုက်ရင် အဆင်ပြေပေမယ့် နောက်က ဒ-ဒွေးကို
ရိုက်တဲ့အခါ ဒ-ဒွေးမပေါ်လာပဲ -- စာလုံးပဲ ပေါ်လာပါတယ်။
ဒါဟာ သိတဲ့သူအတွက် ဘာမှမဟုတ်တဲ့ ပြဿာနာလေးဖြစ်ပေမယ့် အချို့ဒီဇိုင်နာများအဖို့
တော်တော်ဒုက္ခရောက်ကြရပါတယ်။ ဟိုဖွင့်၊ ဒီဖွင့်၊ ဟိုရွှေ့၊ ဒီရွှေ့နဲပ အင်မတန်ကို အချိန်ကုန်စေပါတယ်။
ရှေ့က ဒ-ဒွေးကို copy ကူးပြီး paste လုပ်လည်း အဲဒီ -လ ပဲ ဖြစ်သွားပြန်ရော။ ဒါနဲ့ ဒ-ဒွေးရိုက်မရတဲ့
အဆုံး Layer ခွဲ၊ Copy ကူး၊ အပေါ်ကထပ်၊ ဖြတ်ညှပ်ကပ်နဲ့လည်း ကြံဖန်ကြရတတ်ပါတယ်။
မလိုအပ်ပဲ အချိန်တွေ ပိုကုန်တာပေါ့။



အမှန်ကတော့ အပေါ်မှာပြောခဲ့သလိုပဲ ဘာမှမဟုတ်တဲ့ ပြဿာနာသေးသေးလေးပါ။
Type Options ထဲမှာ ၀င်ပြင်လိုက်ရင် နောက်ဒီလိုထပ်မဖြစ်တော့ပါဘူး။
Type Options ထဲက Use Smart Quotes ကို Selection ဖြုတ်ပေးလိုက်ရုံပါပဲ။
Edit ထဲက Preferences အဲဒီထဲကမှ Type ကို ရွေးလိုက်ပါ။ အောက်ပါ Box တစ်ခု ကျလာပါမယ်။
ဒါဆို Type Options အောက်က အမှန်ခြစ်လေးတွေ ခြစ်ထားတဲ့ command တွေ တွေ့ရပါလိမ့်မယ်။
အဲဒီက Use Smart Quotes ဆိုတာကို ပြင်ပေးလိုက်ရုံပါပဲ။


အပေါ်မှာ ၀ိုင်းပြထားတဲ့ Use Smart Quotes ကို အမှန်ခြစ် ဖြုတ်လိုက်ပါ။
Show Font Names In English နှင့် Font Preview Size နှစ်ခုပဲ အမှန်ခြစ်ထားရင်
လုံလောက်ပါပြီ။ ပြီး OK ကို Click လိုက်ရင် သူငယ်ချင်းတို့ကို ဒုက္ခတွေပေးနေတဲ့
ဒ-ဒွေးကြီး ပြူးပြူးကြီး ပေါ်လာပါလိမ့်မယ်။



ဒ-ဒွေး ဒုက္ခ ကင်းဝေးတဲ့ ဒီဇိုင်းများ ဖြစ်ကြပါစေ .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Firefox မှာ YouTube Videos တွေကို အလွယ်တကူ Download လုပ်ချင်ရင် ...

Firefox မှာ YouTube Videos တွေကို အလွယ်တကူ Download လုပ်ချင်ရင် ...


YouTube Videos တွေကို Download လုပ်နိုင်တဲ့ နည်းတွေ အများကြီး ရှိပါတယ် .. ။
အခုပြောမှာကလည်း နည်းထဲက တစ်နည်းပါပဲ။

ပထမဦးဆုံး Download လုပ်တော့မယ်ဆိုရင် ကိုယ် Download လုပ်မဲ့ YouTube Videos ကို ဖွင့်ထားပါ။
ပြီးရင် Menu Bar က Bookmarks ကို နှိပ် ..
Bookmarks This Page (or) Bookmarks Toolbar ကို Right Click နှိပ်ပြီး New Bookmark တစ်ခု တည်ဆောက်လိုက်ပါ .. ။

New Bookmarks ပေါ်လာရင် Name မှာ ကိုယ် Videos ရဲ့ နာမည် (သို့) နာမည်တစ်ခုခုပေးပြီး
Location မှာ ဒီ Code နှစ်ခုထဲက ကြိုက်တဲ့ Code တစ်ခုကို ထည့်လိုက်ပါ .. ။
ပြီးရင် Add ကို နှိပ်လိုက်ပါ။

Code (1)

javascript:window.location.href = 'http://youtube.com/get_video?video_id=' + swfArgs['video_id'] + "&l=" + swfArgs['l'] + "&sk=" + swfArgs['sk'] + '&fmt_map' + swfArgs['fmt_map'] + '&t=' + swfArgs['t'];


Code (2)

javascript:window.location.href = 'http://youtube.com/get_video?video_id=' + swfArgs['video_id'] + "&l=" + swfArgs['l'] + "&sk=" + swfArgs['sk'] + '&t=' + swfArgs['t'];



နောက် ခုန Bookmarks ကို ပြန်ဖွင့်လိုက်ရင် ဒီလိုလာပါလိမ့်မယ်။


အဲဒီမှာ Open With ပဲဖြစ်ဖြစ် Save as ပဲ ဖြစ်ဖြစ် ရွေးပြီး OK ကို နှိပ်လိုက်ရင် ရပါပြီ .. ။
ဒါပေမယ့် Windows Media Player နဲ့ ဖွင့်လို့တော့ မရပါဘူး။
flv ဖိုင်ဖြစ်နေလို့ .. Windows Media Player နဲ့ ဖွင့်ချင်တယ်ဆိုရင်
ဒီ K-Lite Codec Pack Full 4.3.8 Beta ကို Download လုပ်လိုက်ပါ.. ။
K-Lite Codec Pack Full 4.3.8 Beta ကို Download လုပ်လိုက်ရင် flv ဖိုင်တွေကို
Windows Media Player, Windows Media Center, WinAmp, VLC, Media Player Classic နဲ့ အခြား video player တွေနဲ့ ဖွင့်လို့ရပါပြီ .. ။

ပျော်ရွှင်ပါစေ .. ။ .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လှပသော အနာဂတ်လမ်း ...

လှပသော အနာဂတ်လမ်း ...




အခက်အခဲတွေလည်း
ဖြတ်သင့်သလောက်
တော်တော်များများ အတူဖြတ်ကျော်ခဲ့ပြီးပြီ .. ။

ပြင်းထန်သော စိတ်ခံစားမှုတွေလည်း
အတ္တတွေကြိုးစားမြှုပ်နှံလို့
အေးချမ်းမြတ်နိုး ချစ်ခင်ခြင်းတွေအဖြစ်
ကြိုးစားပြောင်းလဲခဲ့ပြီးပြီ .. ။

လိုချင်တာနဲ့ ပေးနိုင်တာကြား
လိုချင်မှုတွေ ထိန်းသိမ်းလို့
ပေးနိုင်တာတွေ အားလုံးပဲ
အကောင်းဆုံး ကြိုးစားနေခဲ့ကြပြီ .. ။

ကံတရားရေ ..
ချိုမြိန်လှပသော အနာဂတ်လေးအတွက်
သင်းပျံ့လှပသော ပန်းပွင့်လေးများ သီကုံးလို့
အေးချမ်းရင်ခုန် ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့
ကံကောင်းခြင်း လက်ဆောင်တွေကိုပဲ
အမြတ်တနိုး သယ်ဆောင်လာပေးလှည့်ပါတော့ကွယ် .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Shift + Delete မသုံးပဲ ဖိုင်တွေဖျက်မယ် ...

Shift + Delete မသုံးပဲ ဖိုင်တွေဖျက်မယ် ...

ဖိုင်တွေဖျက်တဲ့အခါ Recycle bin ထဲ မ၀င်ဖို့အတွက်ဆို Shift + Delete သုံးရတာ အလုပ်ရှုပ်တယ်ထင်ရင် ... ဒီလို လုပ်လို့ရပါတယ်။
Delete သုံးလိုက်တိုင်း Recycle bin ထဲ မ၀င်ပဲ Shift + Delete သုံးသလို ပျက်သွားမှာပါ။
P.S .. တစ်ခုတော့ ရှိပါတယ်။ မှားဖျက်မိတာ .. လက်ချော်သွားတာတွေ အတွက်တော့ အာမခံ မရှိဘူးနော် ... စမ်းကြည့်ချင်တယ် ဆိုရင် ...
- Recycle bin ကို Right Click နဲ့ Properties ထဲသို့ ၀င်လိုက်ပါ။
- နောက် "Don't move files to the Recycle Bin. Remove files immediately when deleted" ကို ရွေးပေးပြီး OK လိုက်ပါ။
ဒါဆို ဖျက်လိုက်သမျှ Recycle bin ထဲ မ၀င်ပဲ စိတ်ချလက်ချ သုံးလို့ ရပါပြီ။
Windows 7 မှာဆို ကိုယ်ဖျက်လိုက်တဲ့ ဘယ် Partition က ဖိုင်တွေကိုပဲ Recycle bin ထဲ မရောက်အောင် လုပ်မလဲဆိုတာ ရွေးလို့ရပါတယ်။
Partition အားလုံး effect ဖြစ်ချင်တယ်ဆိုရင် တစ်ခုချင်းစီရွေးပြီး လုပ်ပေါ့။
Window's XP မှာဆိုရင်တော့ Partition အားလုံး effect  ဖြစ်ချင်တယ်ဆိုရင် Global tab ကနေ သုံးလို့ရပါတယ်။

ပျော်ရွှင်ပါစေ ... ။ ... ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS