ကဗျာ

ချစ်သူနဲ့ အတူ
ယှဉ်တွဲကာ သွားရရင်ဖြင့်
အတိုင်းမသိ ပျော်ရွှင်မိ
ဒီအပျော်တွေ ပျယ်လွှင့်မှာဖြင့်
ရင်ထိတ်ကာ စိုးရိမ်ပါ၏။

ချစ်သူနဲ့ အတူ
တူထိုင်ကာ စားရရင်ဖြင့်
အဆုံးမရှိ ၀မ်းသာမိ
ဒီဝမ်းသာမှု ပျောက်ပျက်မှာဖြင့်
သောကပွေ ရင်လေးပါ၏။

ချစ်သူအနား
အမြဲသာ နေရရင်းဖြင့်
ပီတိအစုံ ကန့်သတ်မရှိ
ယုယပိုက်ထွေး ချစ်နေပါ၏။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

လေးနက်မှု

တစိမ့်စိမ့်တွေးလို့
ချစ်စိတ်တွေပေါ်
ရင်ခုန်သံ စည်းချက်များ
ရင်ခွင်မှာ လှိုင်းခတ်လောက်အောင်
မြတ်နိုးတွယ်တာ ချစ်ရသူပါ။

ငါ့ဘ၀အတွက်
တစ်ခုထဲသော အရေးပါမှု
မင်းဖြစ်နေလို့
အရာအားလုံး
အရှုံးပေးပြီး ချစ်ရသူပါ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

ပျော်ပျော်ပါးပါး ကိန်းဂဏန်းလေးများ

၁၅ စက္ကန့်အတွင်း သင့်လက်ရှိအသက်ကို တွက်ချက်နိုင်တဲ့ သင်္ချာကစားနည်းလေးဖြစ်ပါတယ်။

(၁) ပထမဦးဆုံး (ဝ,၁,၂,၃,၄,၅,၆,၇,၈,၉) ထဲက ကြိုက်နှစ်သက်ရာ ဂဏန်းတစ်ခုကို ရွေးချယ်ပါ။
(၂) ရွေးထားတဲ့ ဂဏန်းကို ၂ နဲ့ မြှောက်ပါ။
(၃) ရတဲ့အဖြေကို ၅ ပေါင်းပါ။
(၄) ရတဲ့အဖြေကို ၅၀ နဲ့ထပ်မြှောက်ပါ။
(၅) ရတဲ့အဖြေကို ၁၇၆ဝ ထည့်ပေါင်းပါ။
(၆) နောက်ဆုံး ရလာတဲ့အဖြေကို ကိုယ့်မွေးနှစ်သက္ကရာဇ်ထဲက နုတ်ပါ။

နောက်ဆုံးသင်ရတဲ့ကိန်းက ရာဂဏန်းဖြစ်နေပါလိမ့်မယ်။ ရာဂဏန်းထဲက ပထမကိန်းဟာ စစချင်းသင်ရွေးခဲ့တဲ့ ကိန်းဖြစ်ပြီး ကျန်ကိန်းနှစ်လုံးက သင့်လက်ရှိအသက်ဖြစ်ပါတယ်။

မှန်ပါသလား? မှန်ရင် ကော်မန့်လေး ချခဲ့ပါ။ တိုးတိုးတိတ်တိတ် ခိုး ခိုး ထွက်မသွားပါနဲ့...း)

အင်တာနက်ပေါ် ဖတ်မိတာလေး မျှဝေပါတယ်။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

အားလုံးပြုံးရယ်ဖို့ အင်တာနက်ပေါ်ဖတ်မိတာလေးတွေ

"ဇီဇာကြောင်တဲ့သူဌေး နဲ့ ကပ်သီးကပ်သပ်ဝန်ထမ်း"


သူဌေး ..... "မင်းသုံးနေတဲ့ကွန်ပျူတာက ကုမ္ပဏီက ကွန်ပျူတာပါ။ ဒီကွန်ပျူတာမှာ မင်းရဲ့ကိုယ်ရေးကိုယ်တာတွေ မသိမ်းထားပါနဲ့။ မင်းမိန်းမဓာတ်ပုံ၊ မင်းကလေးဓာတ်ပုံတွေကိုလည်း မသိမ်းထားပါနဲ့။ ဒီဓာတ်ပုံတွေကြည့်ပြီး မင်းကောင်းကောင်း အလုပ်မလုပ်ဘူး" 


ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော့်အိမ်ကကွန်ပြူတာနဲ့ ခင်ဗျားအလုပ်တွေကို မလုပ်ခိုင်းနဲ့။ မီတာအတက်တော့ ကျွန်တော်မခံဘူး။ ရုံးချိန်မဟုတ်တဲ့အချိန်မှာ ကျွန်တော်လက်ထိပ်တွေ ပိုလို့တောင် အပွန်းမခံနိုင်ဘူး" 

သူဌေး........ "ရုံးချိန်အတွင်း မင်းရဲ့ကိုယ်ပိုင်အလုပ်တွေကို မလုပ်ပါနဲ့။ ဥပမာ- လက်သည်းညှပ်တာတို့၊ ဆံပင်ဖြီးတာတို့... " 

ဝန်ထမ်း ..... "ကျွန်တော်လည်း ခင်ဗျားကိုပြောချင်တယ်။ ရုံးချိန်အတွင်း ကျွန်တော်ဖြီးလိုက်တဲ့ဆံပင်၊ ညှပ်လိုက်တဲ့ လက်သည်းတွေဟာ ကျွန်တော်ရုံးတက်နေတုန်း ရှည်ထွက်လာတဲ့အရာတွေပါ" 

သူဌေး..... "ရုံးချိန်အတွင်း ရုံးဖုန်းကိုသုံးပြီး ကိုယ်ရေးကိုယ်တာ မပြောပါနဲ့" 

ဝန်ထမ်း..... "ဒီလိုဆိုရင် ကျွန်တော်အိမ်မှာ အနားယူနေတုန်း ခင်ဗျားဆက်လာတဲ့ဖုန်းကိုလည်း ကျွန်တော်မကိုင်ဘူး" 

သူဌေး.... "ကုမ္ပဏီက သုံးဖို့ပေးတဲ့ကားက ကုမ္ပဏီကိစ္စအတွက်သုံးဖို့ပဲ။ မင်းလျှောက်စီး၊ လျှောက်မောင်းဖို့မဟုတ်ဘူး" 

ဝန်ထမ်း.... "ဒီလိုဆိုရင် ကျွန်တော့်ကို ဖိနပ်အသစ်တရံပေးပါ။ ကုမ္ပဏီကားကို ဂီယာနင်းတဲ့အခါ ကျွန်တော့်ကိုယ်ပိုင်ဖိနပ်ပွန်းသွားမှာ စိုးလို့ပါ..." 


ဖတ်မိတာလေး ပြန်မျှဝေပါတယ်...
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS