သင့်ရဲ့ အရေးကြီး Folder ကို Software မလိုဘဲ Lock ချကြရအောင် ...

သင့်ရဲ့ အရေးကြီး Folder ကို Software မလိုဘဲ Lock ချကြရအောင် ... 
သူငယ်ချင်းတို့ရဲ့ အရေးကြီးတဲ့ Data တွေနဲ့ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေကို အခြားသူတွေကို မမြင်တွေ့စေချင်ဘဲ ၀ှက်ထားချင်ပေမယ့် Software မရှိလို့ အခက်တွေ့နေပါသလား .. ???

ဘာ Software မှ မလိုဘဲ သင့်ရဲ့ Personal Data Files တွေကို Lock ချလို့ရပါပြီ .. ။


အဆင့် - ၁ Desktop ပေါ်တွင် သင်နှစ်သက်ရာ အမည်ဖြင့် Folder အသစ်တစ်ခုဆောက်လိုက်ပါ .. ။

အဆင့် - ၂ ဆောက်ထားတဲ့ Folder ကို ဖွင့်ပါ .. ။ ပြီးရင် အဲဒီ Folder အထဲမှာ Notepad (တစ်နည်းအားဖြင့်) Text Document တစ်ခု အသစ်ဆောက်ပါ .. ။ အဲဒီ Notepad ထဲကို အောက်မှာပေးထားတဲ့ Code တွေကို ကူးထည့်လိုက်ပါ .. ။


Lock ချခြင်းအပိုင်း 

@ECHO OFF
title Folder Private
if EXIST "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" goto UNLOCK
if NOT EXIST Private goto MDLOCKER
:CONFIRM
echo Are you sure you want to lock the folder(Y/N)
set/p "cho=>"
if %cho%==Y goto LOCK
if %cho%==y goto LOCK
if %cho%==n goto END
if %cho%==N goto END
echo Invalid choice.
goto CONFIRM
:LOCK
ren Private "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
attrib +h +s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
echo Folder locked
goto End
:UNLOCK
echo Enter password to unlock folder
set/p "pass=>"
if NOT %pass%== your password
attrib -h -s "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}"
ren "Control Panel.{21EC2020-3AEA-1069-A2DD-08002B30309D}" Private
echo Folder Unlocked successfully
goto End
:FAIL
echo Invalid password
goto end
:MDLOCKER
md Private
echo Private created successfully
goto End
:End


အဆင့် - ၃ ကူးထည့်ထားတဲ့ Code တွေရဲ့ 23 ကြောင်းမှာ အနီရောင်နဲ့ ပြထားတဲ့ Your Password ဆိုတဲ့ နေရာမှာ ပေးချင်တဲ့ Password ကို အစားထိုးလိုက်ပါ .. ။

အဆင့် - ၄ ပြီးရင် mystore.bat ဆိုပြီး Save ပါ .. ။
(mystore ဆိုတဲ့နေရာမှာ ပေးချင်တဲ့ အမည်ပေးလို့ ရပါတယ် .. ။ နောက်က .bat ဖြစ်ဖို့သာ အရေးကြီးပါတယ် .. ။)

အဆင့် - ၅ သင့်ရဲ့ Folder ထဲမှာ mystore ဆိုတဲ့ File တစ်ခုကို တွေ့ရပါမယ် .. ။ 
အဲဒီ File ကို Double Click နှိပ်လိုက်ပါ .. ။

အဆင့် - ၆ သင့်ရဲ့ Folder ထဲမှာ Private ဆိုတဲ့ File နောက်တစ်ခု ပေါ်လာပါလိမ့်မယ် .. ။
Private ဆိုတဲ့ File ထဲကို သင်ဝှက်ထားချင်တဲ့ File ကို ထည့်လိုက်ပါ .. ။ ပြီးရင် အဲဒီ Private File ကို ပြန်ပိတ်လိုက်ပါ .. ။

အဆင့် - ၇ ပြီးရင် စောစောက mystore file ကို Double Click ပြန်နှိပ်လိုက်ပါ။ 

အဆင့် - ၈ cmd command box လေးနဲ့ Are you sure want to lock folder <Y/N> ဆိုပြီး ပေါ်လာပါလိမ့်မယ် .. ။ Lock ချမှာ သေချာတယ်ဆိုရင် Y ကို ရိုက်ပြီး enter ခေါက်လိုက်ပါ .. ။
မသေချာသေးဘူးဆိုရင် N ကို ရိုက်ပါ .. ။
အဲဒီအချိန်မှာ စောစောက Private ဆိုတဲ့ Folder ပြန်ပျောက်သွားပါမယ် .. ။

အဆင့် - ၉ သင့်ရဲ့ Folder ကို အောင်မြင်စွာ Lock ချပြီးပါပြီ .. ။


ပြန်ဖွင့်ခြင်း အပိုင်း

သိမ်းထားတဲ့ Folder ကို ဖွင့်ပြီး အထဲမှာ ရှိတဲ့ mystore ဆိုတဲ့ File ကို Double Click နှိပ်လိုက်ပါ .. ။
cmd command box လေးနဲ့ Enter password to unlock folder ဆိုပြီး တက်လာပါမယ် .. ။
သင်ပေးထားတဲ့ password ကို ရိုက်ထည့်ပြီး enter ခေါက်လိုက်ပါ .. ။ သင့်ရဲ့ Private ဆိုတဲ့ Folder ပြန်ပေါ်လာပါလိမ့်မယ် .. ။

ဒီနည်းက လုံခြုံမှု ရှိတယ်ဆိုပေမယ့် နည်းနည်းပဲရှိပါတယ် .. ။ သင့်အတွက် အရေးကြီးတဲ့ data တွေ သိမ်းမယ်ဆိုရင်တော့ ဒီထက်ပိုလုံခြုံတဲ့ software တွေ သုံးတာပိုကောင်းပါတယ် ..။ ဖြစ်နိုင်မယ်ဆိုရင် portable drive တွေကို security software ခံပြီး သိမ်းထားတာ အကောင်းဆုံးနည်းလမ်းပါပဲ .. ။ 

အားလုံးပဲ data ပျောက်ဆုံးခြင်းမှ ကင်းဝေးကြပါစေ .. ။

ခင်မင်စွာဖြင့်
ကျူရိုး
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS

Windows 7 မှာ HARD DISK ကို PARTITION ခွဲနည်း/ပြန်ပေါင်းနည်း ....

Windows 7 မှာ HARD DISK ကို 
PARTITION ခွဲနည်း/ပြန်ပေါင်းနည်း ...

 Windows 7 မှာ Partition ကို ဘယ်လို ခွဲရမလဲ .. ? ပြီးတော့ ဘယ်လို ပြန်ပေါင်းရမလဲ .. ?
ဘယ် Software မှ သုံးစရာမလိုပါဘူး .. Windows ပေါ်မှာပဲ ခွဲ/ပေါင်း လို့ ရပါတယ် .. ။


Partition ခွဲနည်း ...

Start => Computer ကို Right Click နဲ့ Manage ကို နှိပ်ပါ .. ။ (သို့) Run => diskmgmt.msc ကို ရေးထည့်ပြီး Enter ခေါက်လည်း ရပါတယ် .. ။



Drive (D:) ကနေ ဥပမာအဖြစ် ခွဲပြပါ့မယ် ... ပုံမှာ ပြထားတဲ့အတိုင်း (D:) ပေါ်ကို Right Click နှိပ်ပြီး Shrink Volume ကို ရွေးပါ .. ။ ခဏစောင့်ပေးပါ .. ။




ဒီနေရာမှာ မိမိ လိုချင်သလောက်ကို ခွဲပါမယ် .. ။ 1 GB => 1024 MB ရှိပါတယ် .. ။ (မိမိ လိုသလောက် တွက်ချက်ပြီး ရေးထည့်ပေးလိုက်ပါနော်) .. ။ 30 GB ခွဲမယ်ဆို 30720 လို့ ရေးထည့်ပေးလိုက်ပါ .. ။ ပြီးရင် Shrink ကို ဆက်နှိပ်လိုက်ပါ .. ။



ခုဆိုရင် နာမည်မပေးရသေးတဲ့ Partition လေးတစ်ခု ရောက်လာပါပြီ .. ။ မပြီးသေးပါဘူး .. ။
သူ့ကို နာမည်ပေး ကင်ပွန်းတပ်ပေးဖို့ ကျန်ပါသေးတယ် .. ။ နာမည်ပေးဖို့ Right Click ထောက်ပြီး New Simple Volume ကို ရွေးပေးပါ .. ။


Next အဆင့်ဆင့် နှိပ်ပေးပြီး .. 



 နာမည်တစ်ခု ရွေးပေးလိုက်ပါ .. G လို့ ထားပါတော့ .. ။



Next အဆင့်ဆင့် နှိပ်ပေးပြီး Finish ကို နှိပ်ပါ .. ။

My Computer ကို ဖွင့်ကြည့်လိုက်ပါ .. ။ G အဖြစ်နဲ့ Partition လေးတစ်ခု ရောက်လာပါပြီ .. ။ 
Partition ခွဲနည်းကတော့ အဲ့ဒါပါပဲ .. ။


Partition ပြန်ပေါင်းနည်း .. 

မလိုချင်တော့လို့ ပြန်ပေါင်းချင်ရင်တော့ .. G ကို အရင်ဆုံး သတ်ပစ်ရပါလိမ့်မယ် .. ။ 
Delete လုပ်ပေးရမယ်ပေါ့ .. ။

G ပေါ်ကို Right Click နဲ့ Delete Volume ကို ရွေးပါ .. ။



Yes ကို နှိပ်ပါ .. ။

ပြန်ပေါင်းဖို့အတွက် (D:) သို့မဟုတ် မိမိ ပြန်ပေါင်းစေလိုတဲ့ အပိုင်းပေါ်ကို Right Click နှိပ်လိုက်ပါ .. ။
Extend Volume ကို ရွေးပါ .. ။

Next အဆင့်ဆင့်နဲ့ OK လိုက်ပါ .. ။

ခုဆိုရင် G အပိုင်းလေး မရှိတော့ပဲ .. (D:) ထဲကို ပြန်ရောက်သွားပါပြီ .. ။

အဲ့ဒါကတော့ အားလုံးနားလည်လွယ်အောင်မို့ အချိန်ပေးပြီး ပုံလေးတွေနဲ့ တင်ပေးလိုက်ပါတယ်နော် .. ။

အလွယ်ကူဆုံး ခွဲထားတဲ့ Partition တွေကို ပြန်ပေါင်းချင်ရင်တော့ Run => diskmgmt.msc ကနေ တဆင့် ကိုယ်ခွဲထားတဲ့ (သို့မဟုတ်) ပြန်ပေါင်းစေချင်တဲ့ (G:) (H:) Partition ပေါ်ကို Right Click နဲ့ Delete Volume ကို ရွေးပြီး Next အဆင့်ဆင့်နဲ့ အရင်ဆုံး Delete လုပ်ပစ်လိုက်ပါ .. ။
ပြီးမှ ကိုယ်ပြန်ပေါင်းစေချင်တဲ့ (C:) (D:) (E:) တစ်ခုခု ပေါ်ကို Right Click နဲ့ Extend Volume ကို ရွေးပြီး Next အဆင့်ဆင့်နဲ့ OK ပေးလိုက်ပါ .. ။ 

ဒါဆိုရင် ခွဲထားတဲ့ Partition ပျောက်သွားပြီး မိမိ ပြန်ပေါင်းစေချင်တဲ့နေရာကို ပြန်ရောက်သွားပါပြီ .. ။

အားလုံး အဆင်ပြေကြပါစေရှင် .. ။
ကျူရိုး

ဝင်းကမ္ဘာကျော် (နည်းပညာမှတ်တမ်း) မှ ပြန်လည်မျှဝေပါသည် .. ။
ဆက်ဖတ်ရန်>>>

  • Digg
  • Del.icio.us
  • StumbleUpon
  • Reddit
  • RSS